Advertisement
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတာနဲ့အညီ လူမျိုးအလိုက် ထင်ရှားတဲ့ အစားအသောက်ကိုယ်စီ ရှိကြပါတယ်။ အဲဒီထဲကမှ ကရင်တိုင်းရင်းသားတို့ရဲ့ နာမည်ကျော် တာလပေါဟင်းချက်နည်းနဲ့ မိတ်ဆက်ပါရစေ။ (လူသုံးဦးစာအတွက်သာ)
ဘာတွေလိုလဲ?
- ငါးခေါင်း – ၈၀ ဂရမ်
- ကြက်သွန်နီ- ၁ လုံး
- ကြက်သွန်ဖြူ- ၂၀ ဂရမ်
- ဆန်မှုန့်- ထမင်းစား ဇွန်း ၂ ဇွန်း
- မျှစ် – ၅၀ ဂရမ်
- ပင်စိမ်းရွက်- ၁ စည်း
- မြိတ်ချဉ်- ထမင်းစားဇွန်း ၁ ဇွန်း
- သကြား- ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်- ထမင်းစားဇွန်း တစ်ဝက်
ဘယ်လိုချက်ရမလဲ?
- ဒယ်အိုးထဲမှာ ဆန်မှုန့်ကိုရေနဲ့ ရောချက်လိုက်ပါ။
- မျှစ်ကို ပါးပါးလှီးပြီး တခြားအိုးတစ်လုံးမှာ ရေနဲ့ ချက်လိုက်ပါ။
- ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး မျှစ်နဲ့အတူ မြိတ်ချဉ်၊သကြား၊ ငရုတ်ကောင်းတို့နဲ့အတူဆန်မှုန့်ချက်ထားတဲ့ အိုးထဲမှာ အကုန်ထည့်လိုက်ပါ။
- လတ်ဆတ်တဲ့ ပင်စိမ်းရွက်တွေကို စွတ်ပြုတ်ပေါ်ဖြူးလိုက်ပါ။ ခုဆိုရင်တော့ အရသာရှိလှတဲ့ တာလပေါစွပ်ပြုတ်ပူပူလေးဟာ စားသုံးဖို့အဆင်သင့်ဖြစ်နေပါပြီ။
Advertisement