မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ဇိမ်ခံဟိုတယ် အသစ် Yangon Excelsior ကို မြို့ရဲ့ အချက်အချာကျနေရာဖြစ်တဲ့ ဗိုလ်ဆွန်ပက်လမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ယခင် Steel Brothers Limited Company ရဲ့ ရုံးချုပ်ဟောင်းလည်း ဖြစ်တဲ့ ၁၉ရာစု လက်ရာအဆောက်အုံကို ပြန်လည်မွမ်းမံပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
Yangon Excelsior ဟိုတယ်မှာ အိပ်ခန်း ၇၄ ခန်း၊ ဧည့်ခန်း တစ်ခန်း၊ အစည်းအဝေးခန်းမ နှစ်ခန်း၊ ဘားတစ်ခုနဲ့ စားသောက်ဆိုင်တစ်ဆိုင် ပါဝင်မှာဖြစ်ပါတယ်။ ဟိုတယ် အတွင်းပိုင်းကို ရှေးဟောင်းနဲ့ ခေတ်သစ် အငွေ့အသက်နှစ်မျိုး ခံစားနိုင်အောင် ပေါင်းစပ် မွမ်းမံထားပါတယ်။
Yangon Excelsior ဟိုတယ်ဟာ မြန်မာနိုင်ငံမှာ Lotte, GCP Hospitality, Pan Pacific Hotels Group နဲ့ Accor Hotels Group စတဲ့ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ဟိုတယ်အသစ်များစွာထဲက တစ်ခုဖြစ်ပါတယ်။