ကန့်ကွက်မှုများစွာနှင့် ကြုံခဲ့ရသော ကမ်းနားလမ်းရှိ တရားလွှတ်တော် အဆောက်အဦးဟောင်းကို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ယခုနှစ်ဆောင်းအ၀င်တွင် ဖွင့်လှစ်နိုင်တော့မည်ဟု Rosewood Hotels & Resorts မှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားလိုက်ပါတယ်။
ရဲဋ္ဌာနချုပ်အဖြစ် ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကမ်းနားလမ်းရှိ အချက်အချာကျနေရာဖြစ်သော နန်းသီတာဆိပ်ကမ်းအနီးရှိ တရားလွှတ်တော် အဆောက်အဦးဟောင်းကို ကြယ်ငါးပွင့်အဆင့်ရှိ Rosewoodဟိုတယ်အဖြစ် ပြင်ဆင်မွမ်းမံချိန် ငါးနှစ်တာမျှကြာမြင့်ခဲ့သည်ဟု ယင်းဟိုတယ်ကို ပိုင်ဆိုင်သော ဆွစ်ဇာလန်အခြေစိုက် Kempinski Group ထံမှ သိရသည်။
လက်ရှိအဆောက်အဦးကို မူလ တရားလွှတ်တော် အဖြစ် ပြင်ဆင်မွမ်းမံရန် မြန်မာ ရှေ့နေများစွာ၏ ကန့်ကွက်ဆန္ဒပြမှုများစွာနှင့် ယင်းဟိုတယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် ဆွစ်ဇာလန်အခြေစိုက် Kempinski Group, Thai Firm တို့ ကြုံတွေ့ခဲ့ရသည်။
တိကျသေချာသော သတင်းမရှိသေးသော်လည်း ယခုလ အစောပိုင်းက ထိခိုက်ပျက်စီးမှုများဖြစ်စေခဲ့သော ဆောက်လုပ်ရေးပိုင်းတာဝန်ယူထားသည့် ထိုင်းအခြေစိုက် Kanok Furniture and Decoration နှင့် ပြည်တွင်းအခြေစိုက် ရတနာကံထူး Group of Companies တို့က Rosewood Hotels & Resorts ထံ ပိုင်ဆိုင်မှုများ လွှဲပြောင်းပေးအပ်တော့မည်ဟု ကြေငြာခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးသော Rosewood ဖိမ်ခံဟိုတယ်ကို ယခုနှစ်ဆောင်းအ၀င်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဟိုတယ်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အင်မတန် စိတ်လှုပ်ရှားမိသည်ဟု Kempinski Group မှာ ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုကြေငြာခဲ့သည်။ “လေးစားရပါသော အလုပ်သမားများက အလုပ်အကိုင် အခွင့်အလမ်းများစွာအဖြစ်အောင်အောင်မြင်မြင် လုပ်ဆောင်လိုက်ကြပါပြီ။ ဒီဆုံးဖြတ်ချက်ဟာ ကျွနိုပ်တို့ ကုပ္မဏီတန်ဖိုးကို များစွာမြှင့်တင်ပေးလိုက်တာပါ။ အနာဂတ်မှာ အောင်မြင်တဲ့ ဟိုတယ်ဖြစ်လာဖို့ ဆုတောင်းပါတယ်” ဟု ယင်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
သြစတေးလျ နိုင်ငံရှိ ထင်ရှားသော ဆစ်ဒနီဆိပ်ကမ်းတံတားကို တည်ဆောင်သူအင်ဂျင်နီယာများဖြစ်သည့် ဗြိတိန်အခြေစိုက် ဗိသုကာကုပ္မဏီဖြစ်သော Thomas Oliphant and Doorman Long UK မှ တည်ဆောက်ခဲ့သည့် မူလ တရားလွှတ်တော် အဆောက်အဦးဟောင်းကို ပြုပြင်မွမ်းမံသည့်လုပ်ငန်းစဉ်များမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ယင်းသမိုင်းဝင်အဆောက်အဦးမှာ ၂၀၁၂ ခုနှစ်တွင် မြန်မာ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးမှ စတင်တည်ထောင်ခဲ့သော ရန်ကုန်မြို့ပြအမွေအနှစ်အဖွဲ့ (Yangon Heritage Trust) မှ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဆောက်အဦးအဖြစ် ပထမဦးဆုံး ကပ်ဗည်းပြားတပ် သတ်မှတ်ခံရသော အဆောက်အဦးလည်းဖြစ်သည်။
Kempinski Group ၏ကြေငြာချက်အရ ယင်းဟိုတယ်တွင် အိပ်ခန်း ၂၀၉ ခန်း၊ အ၀တ်လဲခန်းများ၊ တစ်ယောက်အိပ်နှင့် နှစ်ယောက်အိပ် အခန်းများ ပါဝင်မည်ဖြစ်သလို စားသောက်ခန်း ငါး ခန်း၊ ဘား၊ အနှိပ်ခန်း၊ gym၊ ယောပ လေ့ကျင့်ရေးခန်း နှင့် ရေကူးကန် စသည်များ ပါဝင်မည်ဖြစ်သည်။
ယင်းဟိုတယ် တည်ဆောက်ရေးတာဝန်ခံဖြစ်သူ Supalak Foong က “ကျွန်တော်တို့ဟာ Rosewood Hotels & Resorts နဲ့ လက်တွဲပြီး ဒီလို ကမ္ဘာ့အဆင့်မှီ ဟိုတယ်ကြီးကို မြန်မာနိုင်ငံဆီ ခေါ်ဆောင်လာခွင့်ရတာ အင်မတန် ဂုဏ်ယူမိပါတယ်။ ကျွန်ုပ်တို့ ကုပ္မဏီ နှစ်ခုဟာ ရှေ့များမကြီမှီမှာ တွေ့မြင်ရတော့မယ့် ဒီဂုဏ်ယူစရာအကောင်းတကာ့ အကောင်းဆုံးအတွက် ထပ်တူညီမျှ ဂုဏ်ယူမိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။