ဒုတိယအကြိမ်မြောက် ဥရောပ အစားအသောက်ပွဲတော်ကို ၂၀၁၇ ခုနှစ်က Rose Garden Hotel တွင် ကျင်းပခဲ့စဉ်
Advertisement

ဘာစားမလဲ?

(အင်္ဂါနေ့)-CRAFT YOUR OWN BURGER at The Penthouse

အပတ်စဉ် အင်္ဂါနေ့တိုင်း ည ၇ နာရီကနေ ၁၀း၃၀ အထိ The Penthouse ဘာဂါဆိုင်မှာ ကိုယ့်စိတ်ကြိုက် ဘာဂါအ၀စားပြီး တစ်နာရီအတွင်း ဘီယာ စိတ်ကြိုက် အ၀သောက်ခွင့်ကို မြန်မာငွေ ၁၉၀၀၀ ကျပ်တည်းကုန်ကျမှာမို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

 

(ဗုဓ္ဒဟူးနေ့)-ပါရမီ ပီဇာရဲ့ ၄နှစ်ပြည့်မွေးနေ့ပါတီ

နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအတွင်း ကိုယ့်စိတ်ကြိုက် ပီဇာ ၀ယ်ယူပြီး ကျပ် ၄၀၀၀ နှင့်အထက် ၀ယ်ယူသူများအတွက် ထပ်ဆောင်း အပို ပီဇာရယူခွင့်ရမှာပါ။ ညနေ ၆ နာရီနဲ့ ၇ နာရီကြားသွားမယ်ဆိုရင်တော့ တိုက်ဂါးဘီယာ နဲ့ ကော့ခ်တေးလ် အခမဲ့ သောက်သုံးခွင့်ရမှာဖြစ်ပါတယ်။

 

ဘာကြည့်မလဲ?

(ကြာသပတေးနေ့)-ရုပ်ရှင်မှတ်တမ်းအထူးပြပွဲ-Citizen Jane: The Battle for the City : ည ၆း၃၀ နာရီမှ ၈ နာရီအထိ

We Make Yangon ရဲ့ တတိယမြောက် အထူးရုပ်ရှင်ပြပွဲအဖြစ် The Battle for the City (Matt Tyrnauer, 2016) ကို ပန်သုရိယမှာ ပြသသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ပြသလို့အပြီးမှာတော့ ဒီရုပ်ရှင်မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေ ဒီ့ထက်ပိုမိုတိုးတက်လာအောင် ကျွန်တော်တို့အနေနဲ့ ဘာတွေသင်ခန်းစာယူနိုင်မလဲဆိုတာကို ဆွေးနွေးသွားကြမှာပါ။

ယခုရုံတင်နေတဲ့ Ant-man & the Wasp, Skycraper နဲ့ Ghostland စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကိုလည်း စောင့်မျှော်ရှုစားနိုင်ပါတယ်။

 

ဘာလုပ်မလဲ?

(စနေနေ့) Rose Garden Hotel မှာ ကျင်းပမယ့် တတိယအကြိမ်မြောက် ဥရောပ အစားအသောက်ပွဲတော်ကြီး

ရန်ကုန်မြို့ရဲ့အကောင်းဆုံးသော အနောက်တိုင်းစားသောက်ဆိုင်များက ဥရောပတိုက်တစ်ဝှမ်းက သက်ဆိုင်ရာ နိုင်ငံပေါင်း ၂၈ နိုင်ငံကိုကိုယ်စားပြုပြီး နိုင်ငံတိုင်းရဲ့အကောင်းဆုံး အစားအစာတွေကို မြင်လိုက်တာနဲ့ သွားရေ တမြှားမြှားကျရလောက်အောင် အပြိုင်အဆိုင် ခင်းကျင်းပြသသွားကြမှာပါ။ လက်မှတ်တစ်စောင် ၅၀၀၀ ကျပ်ဖြစ်ပြီး ရရှိတဲ့ ငွေတွေအားလုံးကို ပြည်တွင်း ပရဟိတ အဖွဲ့ ၂ ဖွဲ့ကို လှူဒါန်းသွားမှာပါ။

 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here