Advertisement

သင်ဟာ ဥရောပမြေကို ခရီးထွက်ဖြစ်ခဲ့မယ်ဆိုရင် ရာစုနှစ်နဲ့ချီတဲ့  သမိုင်းဝင် နေရာဒေသတွေ ရှေးခေတ် အဆောက်အဦးတွေ နဲ့ ကိုယ်စီလှပနေကြတဲ့ လန်ဒန်၊ ပဲရစ်၊ အမ်စတာဒမ်၊ ရောမ စတဲ့ ဥရောပတိုက်ရဲ့ ထိပ်တန်းမြို့ကြီးတွေကိုသာ သွားရောက်ဖြစ်ပါလိမ့်မယ်။ အဲဒီမြို့ကြီးတွေဟာ ယနေ့မျက်မှောက်ခေတ်ထိ တိုင်အောင် ကမ္ဘာ့နိုင်ငံရေးမှာပါ အဓိက အရေးပါတဲ့ မြို့တွေလည်းဖြစ်ပါတယ်။ ဥရောပတိုက်မှာ ရှိတဲ့ အပန်းဖြေ ကျွန်းတွေကိုမှ လည်ပတ်ချင်တယ်ဆိုရင်တော့ ဥရောပတိုက်ရဲ့ ထိပ်တန်းအလှဆုံး ကျွန်း ၅ ကျွန်းကို ဖော်ညွှန်းပါရစေ။

ခရစ်ကျွန်း (ဂရိ)

ဒီမိုကရေစီ စနစ် စတင်မွေးဖွားရာ ဂရိနိုင်ငံဟာ လှပတဲ့ကျွန်းစုတွေ အမြောက်အများရှိတဲ့နိုင်ငံပါ။ အဲဒီထဲတွေကမှ အလှဆုံးကိုပြပါဆိုရင်တော့ သဘာဝအတိုင်းမပျက်စီးပဲ အုန်းပင်တွေ ရှိနေတဲ့ ကမ်းခြေနဲ့ ကြည်လင်လွန်းလှတဲ့ ပင်လယ်ရေတွေရှိနေတဲ့ ခရစ်ကျွန်းကို ပြရမှာပါ။ Knossos နန်းတော်ပျက်ရဲ့အကျွင်းအကျန် တွေက သင့်အာရုံကို ဆွဲယူထားနိုင်မှာပါ။ ရှေးခေတ် Minoan လူမျိုးတွေအကြောင်း ပြသထားတဲ့ Keraklion ပြတိုက်ကိုလည်း လည်ပတ်နိုင်မှာပါ။

မိုင်ကင်းစ်ကျွန်း (ဖာရိုးကျွန်းစုများ)

အကယ်ရ်သင်ဟာ ငှက်ချစ်တတ်သူတစ်ယောက်ဆိုရင်တော့ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေရှိနေတဲ့  မိုင်ကင်းစ် ကျွန်းကို ညွှန်းပါရစေ။ ကမ္ဘာကျော်မီးပြတိုက်ကြီးက သင့်ကို ကြိုဆိုနေမှာပါ။ မိုင်ကင်းစ်ကျွန်းကို လည်ပတ်မယ်ဆိုရင်တော့ ငှက်တွေကြည့်မယ့်သင်ဟာ လိုလိုမယ်မယ် ကြိုတင်ပြင်ဆင်စရာတော့လိုပါလိမ့်မယ်။

လာမဒ္ဒလယ္နာ (အီတလီ)

ဥရောပတိုက်ရဲ့အခြားသော လည်ပတ်စရာနေရာတွေလို လူတွေနဲ့ကျိတ်ကျိတ်တိုးရမယ့်ကိန်းကို ရှောင်ချင်ရင်တော့ လူဦးရေ တစ်သောင်းသာသာပဲရှိပြီး ဖော်ရွေတဲ့ဒေသခံတွေကြားမှာ အေးအေးလူလူအနားယူချင်သူတွေအတွက်ကတော့ အီတလီရဲ့ လာမဒ်ဒလယ်နာကျွန်းလေးကို ညွှန်းပါရစေ။ စွန့်စွန့်စားစား ခရီးသွားလိုသူတွေထက် အေးအေးလူလူသဘာဝအလှတွေခံစားလိုသူတွေအတွက် အထူးပဲ သင့်တော်လှပါတယ်။

အစ်စ်ချီယာ (နေပယ်လ်)

တစ်နှစ်ကို ခရီးသွား ၆ သန်းလောက် လည်ပတ်တဲ့ အစ်စ်ချီယာကျွန်းဟာ လှပတဲ့သဘာဝ ကမ်းခြေနဲ့ မီးတောင်ကြောင့် လူသိများလှပါတယ်။ ဆောင်းတွင်းထက်စာရင် နွေရာသီမှာ အပန်းဖြေဖို့ ပိုသင့်တော်ပါတယ်။

ဆာအိုမီဂွယ်လ်ကျွန်း (ပေါ်တူဂီ)

နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ ပေါ်တူဂီရဲ့နာမည်ကျော် ဆာအိုမီဂွယ်လ်ကျွန်းကို ဖော်ပြပါရစေ။ စိမ်းလန်းတဲ့ တောတောင်တွေနဲ့ ညဘက် ရောင်စုံမီးတွေကြား စီးမျောနိုင်မှာပါ။ ဒေသအခေါ် ငရဲပါးစပ်လို့ခေါ်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ အမြင့်ကနေ ကျွန်းတစ်ခုလုံးရဲ့အလှကို အပေါ်စီးကနေ မိမိ ချစ်ခင်ရသူနဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း အပန်းဖြေနိုင်မှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here