၂၀၁၈ ခုနှစ်အတွက် Myanmore မဂ်ဂဇင်းရဲ့Chef of the Year အဖြစ် ရွေးချယ်ခံရတဲ့ စားဖိုမှူး Orng က စားသုံးသူတွေအတွက် သူ့အကြိုက်ဆုံး ဟင်းလျာနဲ့ သူ့အဖွဲ့ဝင်သစ် အကြောင်းကို အခုလို စာရေးပြီး ပြောပြပါတယ်။
ဂျွန်လဆန်းပိုင်းမှာ ကျွန်တော်တို့ စားဖိုဆောင်အဖွဲ့ဟာ မြန်မာနိုင်ငံ မျက်မမြင်များ အသင်းချုပ် ရဲ့ မိတ်ဆက်ပေးမှုကတစ်ဆင့် မျက်မမြင်လူငယ်တစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ ချက်ပုံချက်နည်းတွေကို စသင်ပေးခဲ့တာ အခုဆိုရင် တစ်ခြား အလုပ်သမားတွေကြားထဲမှာ သူကိုယ်တိုင် ပေါင်မုန့်တစ်လုံး ဖုတ်တတ် နိုင်လောက်တဲ့ အထိ အတော်လေး တိုးတက်လာတာတွေ့ရပါတယ်။
မြန်မာ့ ပညာရေးစနစ်ရဲ့ အားနည်းမှုကြောင့် မျက်မမြင်များစွာဟာ အခြေခံပညာရေးအဆင့်ကိုတောင် ပြီးဆုံးအောင် သင်ယူခွင့် မရကြပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ပညာအရည်အချင်း သတ်မှတ်ချက်တွေဟာ သိပ်အရေးကြီးလှတာတော့ မဟုတ်ပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးကိုယ်စီ ရသင့်ပါတယ်။ စိတ်ပညာရှုထောင့်ကပြောမယ်ဆိုရင် သူ့ကို မျက်မမြင်ကျောင်းသား ဒါမှမဟုတ် မျက်မမြင် စားဖိုမှူးတစ်ယောက်အဖြစ် သူ့ကိုယ်သူ မမြင်မိစေပဲ Orng ရဲ့ အချက်အပြုတ်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်အဖြစ် မြင်မိအောင် လုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော့်အဖွဲ့ထဲက လူတိုင်းဟာ သူတို့ ကဏ္ဍအလိုက် စားသုံးသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ကြားက အသစ်အသစ်သောအရာတွေကို သင်ယူနေကြတာပါ။
ကျွန်တော်တို့ဆိုင်က အထူးဟင်းလျာကတော့ ရိုးရာဆန်ချင်ဆန်နေပါလိမ့်မယ်။ အာလူးကို ဆိတ် အဆီနဲ့ ရောကြော်ထားတာပါ။ အမဲသား၊ ၀က်သား ဒါမှမဟုတ် ကြက်သားဟင်းလျာနဲ့ ကျန်တဲ့ ဟင်းလျာပေါင်းများစွာကိုလဲ မှာယူသုံးဆောင်နိုင်မှာပါ။ စားသုံးသူတွေရဲ့ တောင်းဆိုချက်အပေါ်မူတည်ပြီး တခြား အသားဟင်းတွေကိုလဲ မိတ်ဆက်ပေးသွားမှာပါ။ နောက်ထပ် ပုံမှန်သုံးဆောင်လို့ရမယ့် ဟင်းအမယ်ကတော့ ကျွန်တော့်စိတ်ကြိုက်ဟင်းလျာဖြစ်တဲ့ တနင်္ဂနွေနေ့မှာ သုံးဆောင်နိုင်မယ့် အထူးအကင် ဟင်းလျာဖြစ်ပါတယ်။ ကျွန်တော် စားဖိုမှူးအလုပ်ကို ပထမဆုံးလုပ်ခဲ့တာက စကော့တလန်နိုင်ငံရဲ့ မြို့တော် ဧဒင်ဘာ့ဂ်မြို့မှာရှိတဲ့ The Sun လို့ခေါ်တဲ့ ရမကာဆိုင်မှာပါ။ အဲဒီမှာ တနင်္ဂနွေနေ့ရောက်တိုင်း အထူးအကင်ဟင်းလျာ ပြုလုပ်လေ့ရှိပြီး စားသုံးသူတွေရဲ့ အားပေးမှု အတော်ရခဲ့ပါတယ်။ အဒါက UK မှာ နေစဉ်တုန်းက ကျွန်တော်ပထမဆုံး အကြိုက်တွေ့ခဲ့တဲ့ ဟင်းလျာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဆိုင်ဟာ ဥယာဉ်ငယ်လေးတစ်ခုအပါအ၀င် နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ဘဲကလေးတွေ ကူးယှက်နေပြီး ကလေးတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်မယ့် ရေကန်လေးလဲရှိပါတယ်။ ဆိုင်ဖွင့်ချိန်က မနက် ၁၁း၃၀ ကနေ နေ့လည် ၂း၃၀ ထိဖြစ်ပြီး ဂျူလိုင် ၂၈ ရက် စနေနေ့မှာ Rose Garden Hotel မှာကျင်းပမယ့် ဥရောပ အစားအသောက်ပွဲတော်မှာ လည်း လာရောက်သုံးဆောင်နိုင်ပါတယ်။ အဲဒီမှာ ကျွန်တော့ရဲ့ အကောင်းဆုံး ဟင်းလျာ သုံးမျိုးကို ခင်းကျင်းပြသသွားမှာပါ။ ကျွန်တော့်ရဲ့ပုံမှန်ဖောက်သည်တွေကတော့ အဲ့ဒီဟင်းအရသာတွေကို သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဒီစာမှာတော့ ကျွန်တော်ထည့်မရေးတော့ပါဘူး။ ကိုယ်တိုင်သာ လာရောက်သုံးဆောင်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။
Orng Kitchen လိပ်စာ
Green Acres အိမ်ယာ၊ ဦးစိန်မောင်လမ်းသွယ် (၁)၊ ကုန်းမြင့်ရိပ်သာလမ်း၊ ၇မိုင်၊ မရမ်းကုန်းမြို့နယ်
ဖုန်း-၀၉၇၇၁၁၉၅၀၂၀
ဆိုင်ဖွင့်ချိန်- နေ့လည် ၁၂ နာရီမှ ၃ နာရီ
– ညနေ ၆ နာရီ မှ ၁၀ နာရီ (တနင်္လာနေ့တိုင်း ဆိုင်ပိတ်သည်)