*ဂျူလိုင် ၁၈.၂၀၁၈ ရက်နေ့ထုတ် DRIVE magazine မှ ထပ်ဆင့်ကူးယူဖော်ပြသည်။
Hyundai မှ 2019 Santa Fe အား ခရီးသည် ၈ ယောက်စီး၊ ခုံ(၃) တန်း SUV အနေဖြင့် အဆင့် မြှင့်ထားသည်။Hyundai သည် All New 2019 Santa Fe အား ဆန်းသစ်သည့် နည်းပညာများနှင့် လုံခြုံရေး ပါဝင်မှု များစွာဖြင့် ထုတ်လုပ်လိုက်ပြီး ယခုနှစ်အကုန်ခန့်တွင် ရောင်းချမည်ဖြစ်သည်။ Hyundai မှ 2019 Santa Fe အား ခုံတန်းပုံစံသစ်ဖြင့် စတင်ဖန်တီးမည်ဖြစ်ကာ ခရီးသည် (၈)ယောက်အထိ စီးနှင်းနိုင်သည့် SUV အနေဖြင့် Santa Fe XL ဟု အမည်သစ် သတ်မှတ်ထားပါသည်။
၎င်းတွင် ရှေ့ဘီးယက်စနစ်သုံး SE Model မှစ၍ AWD Ultimate 2 .0 T အထိ Grade များစုံလင်စွာပါရှိ မည် ဖြစ်သည်။ 2019 Santa Fe အနေဖြင့် လက်ရှိ Santa Fe Sport Model များတွင်ပါရှိသည့် Hyundai Smart Sense Safety နည်းပညာများဖြစ်ကြသည့် – Lane – keeping assist / Bland – spot collision assist / ကဲ့သို့ နည်းပညာများကို ထည့်သွင်းမည်ဖြစ်ပြီး ( Idle stop – start ) ( Apple Car Play / Android Auto ) ကဲ့သို့ Features များလည်းပါဝင်ပါမည်။ Hyundai သည် Santa Fe ၏ စတုတ္ထမျိုးဆက် ဖြစ်သည့် 2019 Santa Fe အား များစွာဝံ့ကြွားပြီး ရှင်းလင်းသည့် ဒီဇိုင်းဖြင့် ဖန်တီး ထားမည်ဖြစ်ကာ အတွင်းခန်းအနေအထားသည်လည်း အထူးကျယ်ဝန်းမှုရှိမည်ဖြစ်သည်။ အင်ဂျင်များ အနေဖြင့် – ( 2.4 L I 4 Engine ) Base Level မှ (2.0 L Turbocharged I4 Engine ) အထိရရှိ နိုင်မည်ဖြစ်ပြီး ( New 8 – Speed Auto Gearbox ) တို့ တွဲဖက်ထားပါမည်။ ( ရှေ့ဘီးယက်စနစ်) နှင့် ( 4 WD System ) ဟူ၍ ပုံစံ ( ၂ ) မျိုးရရှိပါမည်။ အလားတူ အောက်ပိုင်း ဆိုင်းထိန်းစနစ်များကိုလည်း အဆင့်မြှင့်တင်မှုများဖြင့် ဖန်တီးထားမည်ဖြစ်ပြီး လမ်းကြမ်းအသုံးပြုမှုအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ရှိမည့် မောင်းနှင်မှု ၊ ယာဉ်တည်ငြိမ်စေမှုတို့ဖြင့် 2019 Santa Fe အားထုတ်လုပ် ထားပါသည်။