Advertisement
ပြင်သစ်စားသောက်ဆိုင်နှင့် ချက်ပြုတ်ရေးသင်တန်းကျောင်း ရွှေစားပွဲ က သူတို့ရဲ့ ဆိုင်website စာမျက်နှာသစ် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။
ပြင်သစ် အစားအစာနဲ့ ပတ်သက်ရင် နာမည်တစ်လုံးရနေတဲ့ ယင်းဆိုင်ဟာ နိုင်ငံတစ်ဝှမ်းက လူငယ်အလုပ်သင် တွေအတွက်လည်း သင်တန်းဖွင့်ထားပါတယ်။ သင်တန်းကာလတစ်ခုမှာ ၁၁ လတာမျှ ကြာမြင့်မှာဖြစ်ပါတယ်။
ဆိုင်ထဲကို ၀င်ကြည့်လိုက်ရင် စားဖိုမှူးကြီး အယ့်ခေးလော တစ်ယောက် မုန့်တစ်လုံး ဖုတ်နေတာတွေ့ရမှာဖြစ်ပြီး လူ အယောက် ၆၀ လောက်က ဆိုင်က အစားအသောက်တွေကို မြိန်ရေယှက်ရေ သုံးဆောင်နေတာကိုလည်း တွေ့ရမှာပါ။
တန်းခွဲသစ်ဖွင့်လှစ်ဖို့အတွက် ဆိုင်ကို ဂျူလိုင် ၂၂ ရက် ကစပြီး တစ်လတိတိ ပိတ်ထားမှာဖြစ်ပါတယ်။
ရွှေစားပွဲရဲ့ website လိပ်စာသစ် ကတော့ www.shwesabwe.com ဖြစ်ပါတယ်။
Advertisement