Junction City ၅ လွှာမှာ ဆိုင်ခန်းပေါင်း ၁၈ ခန်းပေါင်းစပ်ဖွင့်လှစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ အစားအစာတွေကို ဈေးနှုန်း ၁၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အတွင်း မှာယူစားသောက်နိုင်မယ့် Food Streat နဲ့ မိတ်ဆက်ပေးပါရစေ။
မင်းလမ်း ပင်လယ်စာနှင့် ရခိုင်ရိုးရာ အစားအစာ

ခပ်စပ်စပ်အစားအစာတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် မင်းလမ်း ပင်လယ်စာနှင့် ရခိုင်ရိုးရာအစားစာဆိုင်မှာ ရခိုင်ရိုးရာဆန်ဆန် ပူစပ်စပ်ထမင်းကြော်၊ အသုပ် နဲ့ စွပ်ပြုတ်တွေကို မှာယူစားသောက်နိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ရခိုင်မုန့်တီဖြစ်ပြီး တကယ်လို့ စပ်လွန်းတယ်ဆိုရင်တော့ ဟင်းရွက်သုပ်တွေကို ၀ါးစားလိုက်ရုံပါပဲ။
Taiwan Snacks

ဆိုင်နာမည်ကြားလိုက်တာနဲ့တင် စာဖတ်သူအနေနဲ့ ဘယ်လိုအစားအသောက်မျိုးမှာယူလို့ရမလဲဆိုတာ ခန့်မှန်းမိပြီးသားဖြစ်မှာပါ။ ထိုင်ဝမ်စတိုင် အချိုများများထည့်ချက်ထားတဲ့ ၀က်သားဟင်းလျာတွေ ရရှိနိုင်မှာဖြစ်ပြီး စာရေးသူ ခံတွင်းအတွေ့ဆုံးကတော့ တစ်ပွဲကို ၄၅၀၀ ကျပ်ပဲကျတဲ့ ၀က်သားပေါင်းထမင်း ပဲဖြစ်ပါတယ်။
မြို့မေတ္တာ

ထမင်းသုပ်၊ လက်ဖက်နှပ်၊ ဆတ်သားခြောက် စတဲ့ မြန်မာဆန်ဆန်အစားအစာတွေရရှိနိုင်တဲ့ မြို့မေတ္တာ ဆိုင်လေးဟာ ဆိုရင်ဖြင့် အော်ဒါစောင့်ဖို့ အချိန်မပေးနိုင်သူတွေအတွက် အထူးပဲ သင့်တော်လှပါတယ်။
Juice Corner
မြန်မာ့ရိုးရာလက်ဖက်ရည်နဲ့ သစ်ခွအနံ့သင်းကြိုင်နေတဲ့ ရေခဲမုန့်ချိုချိုလေးတွေ သုံးဆောင်နိုင်မှာပါ။
Tint Tint
အချိုကြိုက်ပြီး အုန်းနို့ကျောက်ကျော၊ ကြက်ဥပူတင်းစတဲ့ မြန်မာ့ ဂန္ဒ၀င် အချိုတည်းစရာတွေကိုမှ ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Tint Tint ဆိုင်မှာ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။