Advertisement
နေ့စဉ်သွားလာလှုပ်ရှားရန် လိုင်းကားကိုမှီခိုနေရသည့် ခရီးသည်များ အဆင်ပြေစေရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ တိုက်ရိုက်ပြေးဆွဲမှု ၀န်ဆောင်မှုအစီအဉ်သစ်ကို YBS မှ စတင်မိတ်ဆက်လိုက်ပါပြီ။ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ “shuttle service” စာတန်းပါ အနီရောင် နှင့် အဖြူရောင် ဘတ်စ်ကား များဖြင့် ခရီးသည်တစ်ဦးလျင် ၅၀၀ ကျပ်နှုန်းဖြင့် ၅ မိနစ်ခြားတစ်ကြိမ် လေဆိပ်-ရန်ကုန်ဘူတာကြီး ခရီးစဉ်ကို အောက်ဖော်ပြပါ မှတ်တိုင်များအတိုင်း ပြေးဆွဲမည်ဟု သိရသည်။
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
- ၈မိုင် Junction
- Hotel Yangon
- န၀ဒေးရုပ်ရှင်ရုံ
- ကမ္ဘာအေးဘုရား
- ဆီဒိုးနားဟိုတယ်
- မြန်မာပလာဇာ
- Melia Hotel Yangon
- Excel Hotel
- ရွှေဂုံတိုင်
- ရွှေတိကုန်ဘုရား
- တိရစ္ဆာန်ဥယျာဉ်
- Parkroyal Hotel Yangon
- သမ္မတရုပ်ရှင်ရုံ
- Sule Shangri-la Yangon
- Sule Square
- ဆူးလေဘုရား
- ရန်ကုန် ဘူတာကြီး
ထို့အပြင် လေဆိပ်မှ မိနစ် ၂၀ အတွင်းထွက်ခွာတော့မည့် ခရီးသည်များအတွက်လည်း Terminal ၁ မှ Terminal ၂ နှင့် ၃ သို့ သယ်ယူပို့ဆောင်ပေးမည့် ၀န်ဆောင်မှုအသစ်ကို လည်း နံနက် ၅း၃၀ မှ ည ၉ နာရီအထိ အောက်ဖော်ပြပါ မှတ်တိုင်များမှတစ်ဆင့် ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်း စတင်မိတ်ဆက်လိုက်သည်။
- Terminal ၁ ၀င်ပေါက် နံပါတ်၃
- Terminal ၂ ယာကွန်း ကဖေးရှေ့
- Terminal ၃ ထွက်ခွာဂိတ်နံပါတ် ၁
Advertisement