ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ အပြင်ဘက်မှာတော့ လူတွေရဲ့စိတ်ကိုဆွဲဆောင်ထားတဲ့ စားပွဲနဲ့ထိုင်ခုံ သုံးစုံကိုတွေ့ရမှာပါ လဲကျနေတဲ့သစ်ပင်ရဲ့အမြစ်ကို ၁ပေလောက်စီကနေပြီး စားပွဲနဲ့ထိုင်ခုံတွေကို ထွင်းထုထားပါတယ် သေသေချာချာကြည့်ကြည့်မယ်ဆိုရင် အညိုဝါရောင်သစ်သားကနေ ထွက်လာတော့မယ်လို့တောင်ထင်ရတဲ့ သားရဲတိရစ္ဆာန် ပုံစံတွေ စကေးချပြီးသေချာထွင်းထားတဲ့ ငါးရုပ်တွေ အတောင်ပံတွေကအစ သေချာကိုဖန်တီးထားတဲ့ ငှက်ရုပ်တွေ နဲ့ ခြသေ့င်္အုပ်တွေကို အံ့သြတကြီးတွေ့ရမှာပါ။
ကွင်းထဲမှာ Tolkien ပုံစံနဲ့ တိုက်ခိုက်နေတဲ့ပုံစံကို အနုစိတ်ပြီး အံကိုက်ဖြစ်အောင် ထုလုပ်ပုံဖော်ထားပါတယ် သစ်တောပုံစံကိုတောင် အနုစိတ်ထွင်းထားပါတယ်။
ပန်းပုဆရာဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် creation မဟုတ်တဲ့ ပုံစံကိုတောင် ကိုယ်ပိုင်ဟန်လို့ ထင်ရလောက်အောင်ထိကို ထွင်းထုနိုင်ပါတယ် အခုဆိုရင် သူ့ရဲ့ ကျန်းမားရေးဟာ ပန်းပုထုရင်းနဲ့ ထွက်လာတဲ့အမှုန့်တွေကြောင့် တော်တော်ထိခိုက်နေပါပြီ ပန်းပုဆရာဟာ သူ့ရဲ့ ဇာတိကနေထွက်လာပြီး မြစ်ကြီးနားမှာနေနေတာ ၆နှစ်ကျော်ပါပြီ။

‘ကျွန်တော်ဒီအလုပ်ကို ၀ါသနာမပါပေမယ့် မိသားစုစားဝတ်နေရေးကြောင့် ကျွန်တော်ကျွမ်းကျင်တဲ့ ဒီအလုပ်ကို ဆက်လုပ်နေဖြစ်တာပါ’ လို့ ပန်းပုဆရာကပြောထားပါတယ် နှစ်လေးဆယ်ကျော်လုပ်လာခဲ့တာကြောင့်အရင်လို မြန်မြန် မထွင်းထုနိုင်တော့ဘဲ ပန်းပုအစိတ်ပိုင်းတစ်ခုပြီးဖို့အတွက် တစ်နေ့ကို ၈နာရီလောက်နဲ့ လေးလလောက်အချိန်ယူပြီး ထွင်းထုနေရပါတယ် ဒီလိုတွေ ထွင်းထုပြီးလို့ရလာတဲ့ ပန်းပုရုပ်တွေကိုတော့ US$ 400-500 လောက်နဲ့ ရောင်းရပါတယ်။
‘သစ်မြစ်အပေါ်မူတည်ပြီး ကျွန်တော် သင်ခဲ့ရတဲ့ နည်းလမ်းတွေနဲ့ ထွင်းထုတဲ့ပုံစံက ပြောင်းလဲသွားနိုင်ပါတယ်’လို့ ပန်းပုဆရာ ဦးသောင်းလှိုင် ကပြောထားပါတယ် သူ့ရဲ့ဇာတိက မွန်ပြည်နယ် သထုံနဲ့မော်လမြိုင်ကြားက Paw မြို့ကဖြစ်ပေမယ့် ဒီပန်းပုပညာကိုတော့ ရန်ကုန်မှာသင်ခဲ့ပါတယ် သူဟာ သူ့အလုပ်ရှင်က မြစ်ကြီးနား ပန်းခြံကို ပြောင်းလာဖို့ပြောတာကြောင့် မိသားစုနဲ့အတူ မြစ်ကြီးနား မှာ အခြေချနေနေပါတယ်။
သူ့ရဲ့ သမီး၂ယောက်ကတော့ မန္တလေးမှာ နေပါတယ် တစ်ယောက်ကကျောင်းတက်နေပြီး တစ်ယောက်ကတော့ အလုပ်လုပ်နေပါပြီ သား၂ယောက်ကတော့ သူတို့ဇနီးမောင်နှံနဲ့ အတူနေနေပါတယ် ၁ယောက်က ကျောင်းနေအရွယ်ဖြစ်ပြီး တစ်ယောက်ကတော့ ဖခင်အလုပ်ကို ကူပြီးလုပ်ပေးနေပါတယ် ‘ကျွန်တော်ပန်းပုထုတဲ့သူဖြစ်လာလိမ့်မယ်လို့ထင်တောင် မထင်ထားဘူး ပြီးတော့ အဖေ့လိုလဲ ပန်းပုထုတာမတော်ဘူးလေ’ ဆိုပြီး သားဖြစ်သူက ပြောထားပါတယ်။
‘ အစိုးရက highway လမ်းမကြီးတွေ ချဲ့တော့ ဖြတ်ပစ်လိုက်တဲ့ သစ်ပင်ကနေပြီးတော့ သစ်မြစ်တုံးတွေနဲ့ ဒီပန်းပုကို ထုလုပ်ပါတယ် သစ်မြစ်ပုံကြမ်းတုံးတွေကို လုပ်တဲ့အခါ သံကြိုးလွှကို သုံးရပါတယ် သစ်တုံးတွေကို ဖြတ်တဲ့အခါမှာ ထွက်လာတဲ့ အမှုန့်တွေကြောင့် အခုလို အလာ့ဂျစ် ရောဂါတွေ ရလာတာပါ’လို့လဲ ဦးသောင်းလှိုင်က ပြောပါတယ် ဒါကြောင့် design အသေးစားလေးတွေ ထွင်းထုရင်တော့ ‘ဆောက်’ ကိုပဲ တစ်ဖြည်းဖြည်း အသုံးများလာပါတယ်။
‘ ဒီအလုပ်က အနုပညာတစ်မျိုးဖြစ်တာကြောင့် ပုံစံ တစ်ခု ကိုစပြီးထွင်းထုဖို့ အရမ်းကို စဉ်စားရပါတယ် ဒီလို လုပ်ရတာအရမ်းခက်ခဲပါတယ် ဘာကြောင့်လဲဆိုတော့ စပြီးပုံစံကိုတွေးတာက အစ ထွင်းထုပြီးတဲ့ အထိကို တစ်ယောက်ထဲကပဲ လုပ်ရလို့ပါ’လို့လဲ ပြောထားပါသေးတယ် နောက်ထပ်လဲ ပြည်တွင်းကနေ အော်ဒါတွေအများကြီး လာအပ်ကြမှာမို့ ဦးသောင်းလှိုင်တစ်ယောက်ကတော့ အလုပ်တွေရှုပ်နေရဦးမှာပါ။