Advertisement

မစ်​ကြီးနား မှာဆိုရင်​ ယာဉ်ကြော ​တွေဟာအမြဲလိုလိုဖြစ်​​နေပါတယ်​။ လမ်းမ​ပေါ်မှာဆို ဆိတ်​​တွေ ​ခေါင်းရွက်​​ဈေးသည်​​တွေ ​ခွေး​တွေ ဆိုင်ကယ်​ ကယ်​ရီသမား​တွေနဲ့ ​​နွား​တွေကလည်း လမ်းသွားလို့မရ​အောင်​ကို ပိတ်​ဆို့​နေ​လေ့ရှိပါတယ်​။

ကျွန်​​တော်​ ဒီမှာ​နေတဲ့ ၂ရက်​အတွင်းမှာကို တိရိစ္ဆာန်​တစ်​​ကောင်​ကို ဆိုင်​ကယ်​က ၀င်​တိုက်​သွားတာကို
မျက်​မြင်​ကိုယ်​​တွေ့ကြုံခဲ့ရပါတယ်​။ မြစ်​ကြီးနား မှာဒီထက်​ဆိုးတဲ့ ပြသနာ​တွေ အများကြီး ရှိနိုင်​ပါ​သေးတယ်​။ ဒါ​ပေမယ့်​ ​ကျေးလက်​​ဒေသ ဘက်​​တွေမှာ​တော့ အရမ်းကိုစိတ်​ကြည်​နူးစရာ​ကောင်းပြီး စက်​ဘီး ဆိုင်​ကယ်​​တွေကိုလည်း လွတ်​လွတ်​လပ်​လပ်​ စီးနိုင်​ပါတယ်​။ ​တောင်​​တွေနဲ့ ၀န်းရံထားတဲ့ ​ကျေးရွာ​လေး​တွေဟာ အရမ်းကို သာယာကြည့်​နူးစရာ​ပါ။
ကီလိုမီတာ၂ထောင်​ကျော်​ရှည်​တဲ့ ဧရာဝတီမြစ်​ကလဲ ဒီ​နေရာက​နေ အစပြုလာတာဆို​တော့ မြစ်​​ရေစီးသံ သဲ့သဲ့​လေးကိုလည်း အမြဲကြား​နေရပါတယ်​။

မြစ်​ကြီးနား မြို့က စစ်​ပွဲ​တွေ​ကြောင့်​ လုံးဝငြိမ်းချမ်းတဲ့​ဒေသ မဟုတ်​​ပေမယ့်​ အလည်​အပတ်​သ​ဘောနဲ့ လည်​ပတ်​ကြတဲ့သူ​တွေ အတွက်​​တော့ အန္တရာယ်​ကင်းပါတယ်​။ မန္တ​လေးက​နေ ရထားစီးလာမယ်​ဆိုရင်​​တော့ အနည်းဆုံး ၂၄နာရီ​လောက်​​တော့ကြာပါတယ်​။ ကားနဲ့ လာမယ်​ဆိုရင်​​တော့ ၂ညအိပ်​​လောက်​ကြာတတ်​ပါတယ်​။
ရန်​ကုန် က Air Mandalay ကို မန္တ​လေးက​နေ စပြီးစီးလာမယ်​ဆိုရင်​​တော့ တစ်​နာရီခွဲ​လောက်​ပဲကြာတာမို့ ခရီးမပန်း​တော့ဘူး​ပေါ့။

မနက်​ပိုင်းမှာ​လေယာဉ်​စီးလာခဲ့တဲ့ ကျွန်​​တော့်​​ဘော်​ဒါနဲ့ကျွန်​​တော်​တို့ ၂​ယောက်​ ​လေဆိပ်​က​နေ မိနစ်​၂၀​လောက်​ကားစီးရတဲ့ မြို့ထဲက ​ဗလီ​​ကျောင်း​တစ်​​ကျောင်းဆီကို ထွက်​လာခဲ့ပါတယ်​။ ဒီ​ကျောင်းကဆိုရင်​ ၀တ်​လာပြုတဲ့သူ​တွေကို ​​ဗလီ​မျှော်​စင်​ထိ တက်​ခွင့်​​ပေးထားပါတယ်​။ ဒါ​ကြောင့်​ ကျွန်ေ​​တာ်​တို့က မြို့ထဲက အချက်​ချာကျတဲ့​နေရာ​တွေဖြစ်​တဲ့​ မြစ်​ကြီးနား​ဈေး၊ ဘုန်းကြီး​ကျောင်း​တွေ၊ ဘုရား​ကျောင်း​တွေ၊ ဟိန္ဒူဘုရား​ကျောင်း နဲ့ ဟိုတယ် တွေကို ဒီ​မျှော်​စင်​​ပေါ်က​နေ ကြည့်​ခဲ့ပါတယ်​။ ည​နေခင်းချိန်​​ရောက်​​တော့ လူငယ်​အများစုဟာ ဒီမြို့ရဲ့ မျက်​နှာချင်းဆိုင်​က ​နေလုံးတဖြည်းဖြည်း ၀င်​သွားတာကို မြစ်​ကမ်းပါး​ပေါ်က​နေ ​သီချင်း​တွေကိုနား​ထောင်​ရင်းနဲ့ ကြည့်​​နေခဲ့ကြပါတယ်​။

လူငယ်​​တွေအစုလိုက်​ဂစ်​တာတီး​နေတာ​တွေ ရိုးရာအက​တွေကိုအရိပ်​ရတဲ့​နေရာမှာစုပြီး​လေ့ကျင့်​​နေကြတဲ့သူ​တွေကိုလဲ​​တွေ့ခဲ့ရပါတယ်​။ ဒီမှာ အိန္ဒိယအစားအ​သောက်​​တွေက အရသာ​ကောင်းတယ်​ဆိုလို့ Namaste ဆိုင်​မှာ ထောပတ်ကြက်သား စားခဲ့ကြပါတယ်​။ ​နောက်​​တော့ ကိုယ့်​​ဟော်​တယ်​ခန်းကို ပြန်​လာပြီး မနက်​ဖြန်​ကျရင်​ဘာလုပ်​ရမယ်​ဆိုတာကို အစီအစဉ် တွေချခဲ့ပါတယ်​။


ဟော်​တယ်​က​ကျွေးတဲ့ မြန်​မာ့အစားအစာဘူ​ဖေး  မနက်စာ ကိုစားပြီးတဲ့​နောက်​မှာ​တော့ ​ဆိုင်​ကယ်​ငှါးပြီး Kiss Me ဆိုတဲ့​ကော်​ဖီဆိုင်​ကို ထွက်​ခဲ့ပါတယ်​။ ဒီတစ်​ဆိုင်​လုံးကို ​တွင်းထွက်​​ကျောက်​စိမ်း​တွေရဲ့ ဓာတ်​ပုံ ​တွေနဲ့ အလှဆင်​ထားပါတယ်​။ ဒီဆိုင်နဲ့ မီတာ၁ရာ​လောက်​အကွာမှာ​တော့ ၂၀၀၁ခုနှစ်​တုန်းက ဂျပန်​​တွေ တည်​ထားတဲ့ဘုရားတစ်​ဆူရှိပါတယ်​။ ဒုတိယကမ္ဘာစစ်​မှာ နှစ်​နိုင်​ငံစစ်​ဖြစ်​တုန်းက ကျဆုံးသွားတဲ့ ဂျပန်​စစ်​သား​တွေကို ရည်​စူးပြီးလှူခဲ့တယ်​လို့သိရပါတယ်​။

“A battle fought between human hands against steel clad” ဆိုတဲ့ စာသားပါတဲ့ ​မော်​ကွန်း​ကျောက်​စာကို အင်္ဂလိပ်​လို​ရောဂျပန်​လို​ရော နှစ်​မျိုးလုံး နဲ့ထိုးထားပါတယ်​။မြစ်​ကြီးနားမြို့ဟာ လွန်​ခဲ့တဲ့ ၇၄နှစ်​တုန်းက တိုက်​ပွဲ​တွေ​ကြောင့်​ပျက်​ဆီးခဲ့ရတယ်လို့ Donovan Webster ရဲ့ ‘The Burma Road who was at the two-month Allied siege’ဆိုတဲ့ မှတ်​တမ်းမှာ​တွေ့ရပါတယ်​။ မြန်​မာနိုင်​ငံမှာ ဂျပန်​​တွေက စစ်​ရှုံးပြီဆိုတာကို သိတာနဲ့ ဂျပန်​တပ်​သား​တွေဟာ ဂျပန်​နိုင်​ငံဘက်​ကို မျက်​မှာမူပြီး suicide လုပ်​သွားကြတယ်​လို့လဲ သိရပါတယ်​။

နောက်​ပိုင်းကာလ​တွေမှာ​တော့ တရုတ်​ရဲ့ ရင်းနှီးမြှုပ်​နှံမှုက အရမ်းကိုကြီးမားလာပါတယ်​။ ဖွံဖြိုးမှု ပိုင်း​တွေမှာ အများဆုံး ရင်းနှီးမြှုပ်​နှံမှုလုပ်​ကြပြီး ​ဂေါက်​ကွင်း​တွေ ​ဟော်​တယ်​​တွေ ရုပ်​ရှင်​ရုံ​တွေ ဘား​တွေ မှာလဲ ရင်းနှီး​မြှုပ်​နှံကြပါတယ်​။ ဒီလိုနဲ့ မြစ်​ကြီးနားမြို့ဟာ တစ်​ဖြည်းဖြည်းတိုးတက်​လာပြီး အရင်​က​တွေ့​နေကျ ရွာပုံစံလို မဟုတ်​​တော့ပါဘူး။ ဒါ​ပေမယ့်​ မြစ်​ကြီးနား ပန်းခြံထဲမှာ​တော့ ကချင်​ရဲ့အမှတ်​အသားဖြစ်​တဲ့ emblems ၁၂တိုင်​ကို​တော့ အရင်​ကအတိုင်း​တွေ့မြင်​ရမှာပါ။ အဲ့ဒီအမှတ်​အသားကို manau shadung လို့​ခေါ်ပြီး ခရစ်​ယာန်​ ဘာသာကိုးကွယ်​တဲ့ ကချင်​လူမျိုး​တွေဟာ ပွဲ​တွေကို ဒီအမှတ်​အသားရှိတဲ့​နေရာမှာ ကျင်းပကြပါတယ်​။

မြစ်​ကြီးနားမြို့ရဲ့ ​မြောက်​ဘက်​ ၄၅ကီလိုမီတာ အကွာမှာ​တော့ ဧရာဝတီမြစ်​ရဲ့ အစဖြစ်​တဲ့ မြစ်​ဆုံ ရှိပါတယ်​။ သွားရတဲ့ခရီးက ပင်​ပန်း​ပေမယ့်​ အဲ့ဒီ​နေရာကို​ရောက်​ရင်​​တော့ ပင်​ပန်းရတာနဲ့ ​တန်​​အောင်​ တကယ်ကို သာယာလှပတာကို​တွေ့ရပြီး စိတ်​ကြည်​နူးသွားမှာပါ။ အဲ့ဒီကိုသွားတဲ့လမ်းတ​လျှောက်​မှာ​တော့ စား​သောက်​ဆိုင်​​လေး​တွေနဲ့ ဘုရားတစ်​ဆူကိုလဲ​တွေ့မြင်​ခဲ့ရပါတယ်​။

မြူ​တွေလွှမ်း​နေတဲ့​တောင်​တန်း​တွေရဲ့​အောက်​မှာ​တော့ သတ္ထုတွင်း​တွေနဲ့ ၀ါးနဲ့​ဆောက်​ထားတဲ့ ​မျှော်​စင်​​တွေကိုလဲ ​တွေ့မြင်​နိုင်​ပါတယ်​။ အခုချိန်​မှာ​တော့ တစ်​ချို့တွင်း​နေရာ​တွေမှာ ဆိုင်​ခန်း​တွေ​ဆောက်​လိုက်​ပြီလို့လဲ သိရပါတယ်​။

Kachin Baptist Church ရဲ့ နှစ်​တစ်​ရာပြည့်​အ​နေနဲ့ Jaw Bumကို 1977မှာ​ ​ဆောက်​ခဲ့ပါတယ်​။ ဒီ​နေကို ​ဒေသတစ်​ခုလုံးရဲ့ အ​ပေါ်စီးက​နေကြည့်​လို့အ​ကောင်းဆုံး​နေရာလို့လဲ recommend ​ပေးထားကြပါတယ်​။ ကချင်​ရဲ့ အမှတ်​သားဖြစ်​တဲ့ macaques နဲ့ toucan ကို ဒီ​နေရာမှာ ​လှောင်​ချိုင့်​ထဲ ထည့်​ထားတယ်​လို့​ပြောကြပါတယ်​။

အိမ်​ပြန်​​ရတော့မယ့်​ ည​နေပိုင်းကို​တော့ ဂျင်းဖောသူ မှာ ကြက်ကချင်ချက် ​လေးစားပြီး ကုန်​ဆုံး​စေခဲ့ပါတယ်​။ အဲ့ဒီ​နောက်​မှာ​တော့ Ledo barမှာ beer ​တွေ cocktail ​တွေ​သောက်​ခဲ့ပါတယ်​။

သွားလာမှု – မနက်​တိုင်း ရန်​ကုန်​-မန္တ​လေး အသွားအပြန်​ ပျံသန်းတဲ့ Air Mandalay က​နေ 113000kyats(about US$77) နဲ့ foreigner​တွေအတွက်​ US$128 ၀န်းကျင်​ရှိတဲ့ ticket​တွေကို ၀ယ်​ယူနိုင်​ပါတယ်​။

နေရာထိုင်ခင်း – Hotel Madira က ဒီမြို့ရဲ့ တည်းလို့အ​ကောင်းဆုံး hotelထဲက တစ်​ခုပါ။ မနက်စာ ​ကောင်း​ကောင်း​တွေ ၀န်ထမ်း​တွေရဲ့ services​ကောင်းတာကိုလဲ​တွေ့ခဲ့ရပါတယ်​။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here