Advertisement

တရုတ်​လို ‘Fragrant Harbor’ လို့အဓိပ္ပါယ်​ရတဲ့ Hong Kong ဆိုတာ ထူးခြားတဲ့အစား​အ​သောက်​​တွေနဲ့ ပြည့်​နှက်​​နေတဲ့ ကျွန်းပါ။ လမ်းတိုင်းမှာ မိုး​မျှော်​တိုက်​​တွေ  ကိုလိုနီ​ခေတ်​က အ​ဆောက်​အဦး ​တွေနဲ့ ပြည့်​နှက်​​နေပါတယ်​။ ကမ်း​ခြေ​တွေ ​ရှေးကျတဲ့ရွာ​လေး​တွေ world-class nightlife ​တွေလဲရှိတာမို့ concrete jungle လို့​တောင်​​ပြောကြပါတယ်​။ Hotel​တွေကလည်း international ထိ ထိုး​ဖောက်​နိုင်​ပြီး​တော့ latest luxury ​တွေကလည်း အရမ်းမိုက်​ပါတယ်​။

Photographer: Kevin Kaminski

Kerry Hotelက Kowloon ရဲ့ အ​ရှေ့ဘက်​မှာရှိပြီး အထပ်​16ထပ်​ရှိတဲ့ urban resort ပါ။ အနီးနားတ၀ိုက်​မှာလဲ အသားငါး​ဈေးနဲ့ ဘီယာ​ရောင်းတဲ့ ရှိတာမို့ real life ကိုအပြည့်​ဝ ခံစားရမှာပါ။ Designer Andre Fu ဖန်​တီးထားတဲ့ lobbyရဲ့ မျက်​နှာကျက်​က မီးပန်းဆိုင်းက​နေ ကြမ်း​ပေါ်ကို ကျလာတဲ့အလင်း​ရောင်​ကဆိုရင်​ natural lightကျ​​နေတယ်​လို့ထင်​ရ​လောက်​​အောင်​ လက်​ရာ​မြောက်​ပါတယ်​။ အ​ရောင်​တလက်​လက်​ထ​နေတဲ့ ယူကလစ်​သား​တွေနဲ့လဲ အခန်း​ပေါင်း 545 ခန်းလုံးကိုအလှဆင်​ထားပါတယ်​။ အခန်း​တွေထဲက 60% ​ကျော်​က Victoria Harbor နဲ့ Hong Kong skyline ရဲ့ views ​တွေကို ကြည့်​လို့​ကောင်းတဲ့​နေရာ​တွေပါ။ ဧည့်​သည်​​တွေကို လွတ်​လွတ်​လပ်​လပ်​ နဲ့ ကြိုက်​သလို​နေခွင့်​​ပေးထားပါ​သေးတယ်​။ Hotel ရဲ့​နောက်​ထပ်​သွားသင့်​တဲ့​နေရာက​တော့ Hung Hom Bay ကို အပြင်​က​နေ ကာထားပြီး အတွင်းဘက်​မှာ အနီ​ရောင်​အုတ်​​တွေနဲ့ အလှဆင်​ထားတဲ့ Red Sugar bar ပါ။ Kerry စား​သောက်​ဆိုင်​ ​၄ခုလုံးက ကမ္ဘာအနှံ့က​နေ inspiration ​တွေကိုယူထားပါတယ်​။ အမိုက်​ဆုံး​နေရာတစ်​ခုက Big Bay Café ဖြစ်​ပြီး​တော့ regional ​ရော international menu ​တွေကိုပါ မှာယူသုံး​ဆောင်​နိုင်​ပါတယ်​။ Chef ​တွေ ချက်​ပြုတ်​​နေတာကို လှမ်းကြည့်​မြင်​နိုင်​တဲ့ ပုံစံနဲ့ ​ဆောက်​ထားတဲ့ cafe ဆိုင်​ပါ။ Shangri-La Group ကပိုင်​တဲ့ ဒီ Hotel မှာဆိုရင်​ အရမ်းကိုတန်​ဖိုးကြီးပြီး စိတ်​၀င်​စားဖို့​ကောင်းတဲ့ အနုပညာလက်​ရာ​ပေါင်း ၁၀၀၀ ​ကျော်​နဲ့ လည်း အလှဆင်​ထားပါ​သေးတယ်​။ ​နောက်​ဆုံးသ​ဘောကျစရာအ​ကောင်းတဲ့​နေရာ​တွေက​တော့ ​ရေပူစမ်း၊ Spa နဲ့ ​ချွေးထုတ်​ခန်း ​တွေပါ။

Exploring Kowloon

Kerry Hotel က​နေ နဲနဲ​လောက်​လမ်း​လျှောက်​လိုက်​တာနဲ့ Tsim Sha Tsui East shopping street Nathan Road တို့ကို​ရောက်​နိုင်​ပါတယ်​။ Hotel အနားမှာ Whampoa MTR ဘူတာရုံရှိပါတယ်​။ Hotelကလည်း ဧည့်​သည်​​တွေအတွက်​ ferry ပုံစံမျိုးနဲ့ transportation အဆင်​​ပြေ​အောင်​စီစဉ်​​ပေးထားပါတယ်​။ Star Ferry terminal က ည၈နာရီမှာ futuristic lights ​တွေကို ကြည့်​လို့အ​ကောင်းဆုံး​နေရာ​တွေပါ။ ​နေ့ဘက်​မှာ ​ပေ၁၆၀၀​ကျော်​မြင့်​တဲ့ Lion Rockကို hiking ထွက်​ပြီး Kowloon နဲ့ Hong Kong ကျွန်းရဲ့ view ​တွေကိုအ​ပေါ်စီးက​နေကြည့်​နိုင်​ပါတယ်​။ Ground level မှာဆိုရင်​ ladies ​တွေအကြိုက်​ အ၀တ်​အစား နဲ့ accessories ​တွေဝယ်​လို့ရမယ့်​ ဆိုင်​​ပေါင်း၁၀၀​ကျော်​ကို​တွေ့ရမှာပါ။ night market Temple Street နဲ့ Goldfish Market ​တွေကလည်း မသွားမဖြစ်​သွားလည်​သင့်​​တဲ့​နေရာ​တွေပါ။

Night Fever

Hong Kong  မှာ night outထွက်​တဲ့အ​နေနဲ့ 45မိနစ်​​လောက်​ cruise စီးပြီး Aqua Luna ကိုသွားသင့်​ပါတယ်​။ Chinese Junk တစ်​ခုဖြစ်​ပြီး​တော့ ဧည့်​သည်​အများစုက​တော့ cocktail ​သောက်​ရင်းနဲ့ skyline view ကိုကြည့်​ကြ​လေ့ရှိပါတယ်​။ cruiseကို Central Pier 9 or Tsim Sha Tsui Pier2 က​နေသွားစီးလို့ရပါတယ်​။

Lan Kwai Fong(LKF) လမ်း​တွေရဲ့ Bars​တွေနဲ့ Happy Hour က အရမ်းနာမည်​ကြီး​တဲ့​နေရာ​တွေပါ။ ဒီ​နေရာက​နေ နဲနဲ​လောက်​လမ်း​လျှောက်​လိုက်​တာနဲ့ sleazy bars​တွေနဲ့ strip joint ​တွေရှိတဲ့ Wan Chai ကို​ရောက်​ပါတယ်​။ ​ဘေးကမှာရှိတဲ့ LKF က​တော့ ​ဈေးနဲနဲ​ကောင်းတဲ့ အစားအစာ​တွေကိုရနိုင်​တဲ့ classier Soho ပါ။ Wan Chai က Wooloomooloo rooftop bar နဲ့ TST ရဲ့ sunset ကြည့်​ view ​တွေလို သွားလည်​ဖို့​ကောင်းတဲ့ bar​တွေလည်း အများကြီးကျန်​ပါ​သေးတယ်​။

 

Super Tram

Hong Kong ကိုလည်​ဖို့ အ​ကောင်းဆုံးနည်းလမ်းက​တော့ ရထားစီးတာပါ။ တစ်​ထိုင်​ထဲနဲ့ Hong Kong ရဲ့​နေရာ​ ​တော်​​တော်​များများ ကို ​တွေ့ရနိုင်​တဲ့အခွင့်​​ရေးပါ။  Western Market အပြင်​ဘက်​က traditionalist placeက Sheung Wan , Dim Sum Square နဲ့ Lin Heung တို့ဆီက Dim Sum ကိုမြည်းကြည့်​သင့်​ပါတယ်​။ အဲ့ဒီဆိုင်​​တွေမှာ သွားစားမယ်​ဆိုရင်​ စားစရာအများကြီးကိုတစ်​​ယောက်​ထဲ စားလို့မကုန်​မှာစိုးလို့ ​ဘော်​ဒါတစ်​​ယောက်​​လောက်​​တော့​ခေါ်သွားသင့်​ပါတယ်​။ The Peak Tram က​တော့ Tourist အလာဆုံး​ပါ။ ဒါ​ပေမယ့်​ ခုထိသွားလို့​ကောင်း​​နေတုန်းပါ။ အဲဒီကိုသွားမယ်​ဆိုရင်​​တော့ လူအရမ်းများတဲ့အတွက်​ နဲနဲ​​စော​စော​လေးသွားပြီး ​တောင်​​ပေါ်က​နေ ကျွန်းကိုလှည့်​ပတ်​ကြည့်​ကြည့်​ပါ။ ပြီးရင်​​တော့

Kennedy Town ကိုပဲဖြစ်ဖြစ်​​Aberdeenကို​ပဲဖြစ်​ဖြစ်​ ပြန်​ပြီးဆင်းလာလို့ရပါတယ်​။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here