Advertisement

ဒီတစ်​ပတ်​ပိတ်​ရက်​မှာ​တော့ သဘာဝတရား​လေးတွေနဲ့ပဲ​နေပြီး stress ​တွေက​နေလွတ်​​မြောက်​နိုင်​မယ့်​ ​နေရာနဲ့ နည်းလမ်း​တွေနည်းနည်း​တွေ့ထားပါတယ်​။အဲ့ဒါက​တော့ ​ခွေးက​လေး​တွေကိုကာကွယ်​​စောင့်​​ရှောက်​တဲ့​ဂေဟာကို သွားတာတို့ ငှက်​ကြည့်​ထွက်​တာတို့ပဲဖြစ်​ပါတယ်​။ တိရိစ္ဆာန်​​လေး​တွေကိုချစ်​တတ်​တဲ့ သူ​တွေအတွက်​​တော့ ဒီ​နေရာ​လေးက သွားလည်​ဖို့လက်​မလွှတ်​သင့်​တဲ့​နေရာပါ။

လှော်​ကား​တောရိုင်းတိရိစ္ဆာန်​ဥယျာဉ်
ရန်​ကုန်​မြို့က​နေ ၁နာရီ​လောက်​ကား​မောင်းသွားရုံနဲ့ ​မျောက်​​တွေ သမင်​​တွေ နဲ့ ​တောဝက်​​တွေကို​တောင်​​တွေ့နိုင်​တဲ့ ​နေရာ​လေးကို​ရောက်​ပါပြီ​နော်​။ ဒီ​တောထဲမှာ hikingခရီး သွားနိုင်​တဲ့အပြင်​ ကိုယ်​အစာ​ကျွေးချင်​တဲ့ တိရိစ္ဆာန်​​တွေကိုလဲ အစာ​ကျွေးလို့ရပါတယ်​။ ဒီ​နေရာက ရန်​ကုန်​မြို့ရဲ့ အနီးတစ်​၀ိုက်​မှာရှိတဲ့ ရှားရှားပါးပါး​နေရာ​တွေထဲက တစ်​ခုပါ။ Day trip ထွက်​ချင်​တဲ့သူ​တွေအတွက်​လည်း ​တော်​​တော်​​လေးသင့်​​လျော်​ပါတယ်
နေရာက​တော့ မင်္ဂလာဒုံမြို့နယ်​၊ရန်​ကုန်​တိုင်းမှာပါ

မင်းမလှကျွန်း​တောရိုင်းတိရိစ္ဆာန်​​ဘေးမဲ့​တော
(ASEAN Heritage Park)
ဧရာဝတီမြစ်​၀ကျွန်း​ပေါ်မှာရှိတဲ့ ဒီ​ဘေးမဲ့​တောရဲ့ အရမ်းကိုလှပတဲ့ လမု​တောထဲမှာ ​လှေစီးရင်းနဲ့ မိ​ကျောင်း​တွေ၊ ပင်​လယ်​လိပ်​​တွေ နဲ့ သဘာဝအ​လျောက်​ကျက်​စား​နေတဲ့ ငှက်​မျိုးစိတ်​​တွေကို ကိုယ်​တိုင်​လာ​ရောက်​စူးစမ်းရှာ​ဖွေနိုင်​ပါတယ်​။ ကံေ​ကာင်းရင် ​ဧရာဝတီလင်းပိုင်​​တွေ (နိုဝင်​ဘာက​နေ​ဖေ​ဖော်​၀ါရီတွင်း​တွေ့ရနိုင်​​ချေပိုရှိပါတယ်​) နဲ့ မြန်​မာနိုင်​ငံမှာ အ​ကောင်​​ရေ ၅၀ က​​နေ ၇၀ ​လောက်​ပဲရှိ​တော့တဲ့ မျိုးသုဉ်း​​တော့မယ့် ​ရှားပါးမျိုးစိတ်​​တွေ ကို​တောင်​ ​တွေ့ရနိုင်​ပါတယ်​။ overnight သွားမယ့်​သူ​တွေအတွက်​ ပိုပြီးသင့်​​တော်​တဲ့ ​နေရာ​လေးပါ။ ဒီ​​ဒေသက ​ဖော်​​ရွေတဲ့ ​ဒေသခံ​တွေနဲ့အတူ ​တောဓ​လေ့ life ကို ခံစားလို့ရနိုင်​ပါတယ်​။ Yangonမြို့ရဲ့ recommend အမြင့်​ဆုံး​ပေးခံရတဲ့ ​ဘေးမဲ့​တောဖြစ်​ပြီး wildlife ရဲ့ အရသာကို ခံစားကြည့်​ချင်​တဲ့သူ​တွေအတွက်​ အမိုက်​ဆုံး ​နေရာဖြစ်ပါ​တယ်​။
နေရာက​တော့ ဧရာဝတီတိုင်းထဲက ဘိုက​လေးမြို့မှာပါ

ဖိုးကျားဆင်​စခန်း

August 12မှာ ကျ​ရောက်​တဲ့ ကမ္ဘာ့ဆင်​များ​နေ့ကို ဂုဏ်​ပြုတဲ့အားဖြင့်​ ဖိုးကျားဆင်​စခန်းကို မသွားချင်​ကြဘူးလား? ဒီရွာမှာ​တော့ ဆင်​အ​ကောင်​​ရေ ၇၀​ကျော်​ရှိပြီး အများစုက​တော့ ထိန်းသိမ်း​စောင့်​​ရှောက်​ထားတဲ့ထဲက​နေ ​မွေးလာကြတာပါ။ ကိုယ့်​ရဲ့ ရုံးပိတ်​ရက်​ အချိန်​​တွေကို ဒီလိုထူးခြား​တဲ့သတ္တ၀ါ​တွေနဲ့ ​နေပြီးပဲဖြစ်​ဖြစ်​ အ​စာ​တွေလိုက်​​ကျွေးတာပဲဖြစ်​ဖြစ်​ သူ့တို့​လေး​တွေ​ရေချိုးတာကို ကြည့်​ပြီး ​ပေါ့​ပေါ့ပါးပါးဖြတ်​သန်းလိုက်​ပါ။ private ဘန်​ဂလို​တွေမှာလဲ ညအိပ်​ည​နေတည်းလို့ရပါတယ်
တောထဲမှာ ရှိ​တဲ့ တစ်​ခြားဆင်​​တွေကို သွားကြည့်​လို့ရ​အောင်​ trekking ကိုလဲ ခွင့်​ပြုထားပါတယ်​။
နေရာက​တော့ ပဲခူးရိုးမနဲ့ သာဂရ ရွာနားမှာပါ။ တောင်​ငူမြို့က​နေဆို အ​နောက်​ဘက်ကို ကား၂နာရီ​လောက်​စီးရပါတယ်​။

မိုးယွန်းကြီးအင်း

မိုးယွန်းကြီးအင်းဟာ ရန်​ကုန်​မြို့ရဲ့ ​မြောက်​ဘက်​ မိုင်​၇၀ခန့်​မှာရှိတဲ့ ပဲခူးတိုင်းထဲမှာပါလို့ Mathis Ayma က​ရေးထားပါတယ်​။ ဒီ​နေရာဟာ အရင်​က​ရေ​လှောင်​ကန်​ကြီးဖြစ်​ပြီး ခုအခါမှ အင်း ပုံစံ​ကိုပြောင်းလဲလာတာပါ ပြီး​တော့ ဒီအင်းမှာ ​ရေမှာပဲ ကျက်​စား​လေ့ရှိတဲ့ ငှက်​မျိုးစိတ်​​တွေ ၁၂၀ ​ကျော်​​နေကြပါတယ်​။ ​ပျော်​ပွဲစားထွက်​ကြတဲ့သူ​တွေ၊ အပင်​​တွေ တိရိစ္ဆာန်​​တွေရဲ့သဘာဝကို ​လေ့လာတတ်​တဲ့သူ​တွေ၊ ရုက္ခေ​ဗဒပညာရှင်​​တွေ၊ ငှက်​ကြည့်​တဲ့သူ​တွေနဲ့ သာသာယာယာရှိတဲ့ ​နေရာ​တွေကို သ​ဘောကျတဲ့သူ​တွေအတွက်​ အရမ်းကိုလည်​ပတ်​ချင်​စရာ​ကောင်းတဲ့ ​ကောင်းကင်​ဘုံ​လေးပါ။ အ​ကောင်းဆုံးactivities​တွေထဲက ၁ခုက​တော့ မိုးယွန်းကြီးအင်းရဲ့ အပန်း​ဖြေစခန်းက​နေ ​လှေစီးပြီး​လျှောက်​သွားရတာပါပဲ။ ဒီအင်းကိုသွားပြီးလည်​ပတ်​ဖို့အတွက်​​အ​ကောင်းဆုံးအချိန်​က​တော့ နိုဝင်​ဘာလ က​နေ မတ်​လ ထိဖြစ်ပါတယ်​။
နေရာက​တော့ ပဲခူးတိုင်းထဲက ပြင်​ဘုန်းကြီးရွာမှာပါ။

Yangon Animal Shelter
ရန်ကုန် တိရိစ္ဆာန်​ကာကွယ်​​စောင့်​​ရှောက်​​ရေး​ဂေဟာကို စပြီးတည်​​ထောင်​တဲ့ Terryl Just နဲ့ သူမရဲ့ အဖွဲ့ဝင်​​တွေဟာ ရန်ကုန်မြို့ရဲ့ လမ်း​တွေ​ပေါ်မှာ ​ရောဂါခံစား​နေရတဲ့ ​ခွေး​လေး​တွေနဲ့ ကိုယ်​တိုင်​အစာရှာဖို့မလွယ်​ကူတဲ့လမ်း​ပေါ်က ​ခွေး​လေး​တွေကို ကာကွယ်​ပြ်ီး​စောင့်​ရှောက်​ကြပါတယ်​လို့ Anabelle Ayma က​ပြောထားပါတယ်​။ ဒီ​ဂေဟာက ရန်​ကုန်​မြို့ရဲ့ ​မြောက်​ဘက်​ ၃၀ကီလိုမီတာ​ လောက်​​​ဝေးတဲ့​နေရာမှာရှိပြီး ​ခွေးအ​ကောင်​​ရေ ၅၀၀ ​ကျော်​ကို​စောင့်​​ရှောက်​ထားပါတယ်​။ ဒီဂေဟာကို ကိုယ်​တိုင်​လာပြီး ​ခွေးေ​တွေကို​အစာ​ကျွေးလို့ရသလို အလှူ​ငွေလဲ လှူလို့ရပါတယ်​။ ​ခွေးချစ်​တတ်​တဲ့သူ​တွေအတွက်​က​တော့ ဒီက​ခွေး​လေး​တွေကို​ခေါ်သွားပြီး ​မွေးစားလို့လည်း​ရပါ​သေးတယ်​။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here