ခုခေတ်လူငယ်တွေ ‘old school’ လို့ခေါ်တဲ့ music ပုံစံမျိုးကို ဖန်တီးတဲ့ မျိုးကြော့မြိုင် နဲ့ Acid HipHop အဖွဲ့ဟာ ၁၉၉၀-၂၀၀၀ ခုနှစ်လောက်မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ဦးဆုံး HipHop album ဖြစ်တဲ့ Acid အဖွဲ့ရဲ့ ပထမဆုံးalbumက ၁၈နှစ်ကျော်ကြာတဲ့အထိတောင် ပရိသတ်တွေရဲ့ အားပေးမှုကိုရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ HipHop generation အသစ်တွေပေါ်လာပြီး old school musicတွေက လူကြိုက်နည်းလာပါတယ်။ Hiphop new style ကို ဖန်တီးတဲ့ singers တွေထဲက တစ်ယောက်ကတော့ အသက်၂၇ပဲရှိသေးတဲ့ စိုးအောင်ကျော်, Jimmy Jacobs ပါ။
မြန်မာနိုင်ငံက တစ်ခြားနိုင်ငံတွေထက် ခေတ်နဲနဲနောက်ကျနေပေမယ့် ဒီmusicပိုင်းမှာတော့ တပြေးညီ လိုက်နိုင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က international trend တွေအတိုင်းလုပ်နေပေမယ့် ပရိတ်သတ်ဘက်က သိပ်မကြိုက်တဲ့အပိုင်းတွေလဲရှိပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေရဲ့ အကြိုက်နဲ့ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကြားမှာ gapနဲနဲတော့ ရှိပါတယ်လို့ Jimmy Jacobs ကပြောပါတယ်။
စိုးအောင်ကျော်က အနုပညာအသိုင်းဝိုင်းထဲက ဆင်းသက်လာတဲ့သူပါ။ သူ့အစ်ကိုက Romance House band ရဲ့ guitarist ၁ယောက်ဖြစ်ပြီး အစ်မကတော့ Director of photography ၁ယောက်ပါ။ စိုးအောင်ကျော်ဟာ BMC ဆိုတဲ့ သူ့ရဲ့အဖွဲ့နဲ့ Hiphop လောကထဲကို ၂၀၀၇မှာ ၀င်လာပြီး ၂၀၀၈မှာတော့ ‘မိုးလဲလေထဲ’ ဆိုတဲ့ ပထမဆုံး album နဲ့ debut ခဲ့ပါတယ်။
Rap music တွေကို စုပြီးအချိန်မှာတော့ သူ့ရဲ့ best friend ဖြစ်တဲ့ rapped Luffie နဲ့ သူ့ရဲ့music producer တို့နဲ့အတူ ၂၀၀၉ ဒီဇင်ဘာလမှာ Swag Music Entertainment (SME) ကိုစပြီး လုပ်ကိုင်ခဲ့ပါတယ်။ Showပွဲ ၂၀၀ကျော်ကို ဖျော်ဖြေခဲ့ရတဲ့ စိုးအောင်ကျော်ရဲ့ ရင်ထဲက music တွေက ပရိတ်သတ်ကို အကြိုက်တွေ့စေခဲ့ပါတယ်။ Hiphip music က ကိုယ့်ရဲ့feelingကို ဖော်ထုတ်ပြလို့ရတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ ဆိုပြီးလည်း သူကပြောသွားပါတယ်။
သီချင်းတွေကို အိမ်မှာလဲတစ်ခါတစ်လေ ရေးဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ မြို့ပတ်ကားမောင်းပြီးလည်း သီချင်းစာသားတွေကို ဖန်တီးဖြစ်တယ်။ အိမ်မှာလဲ ကိုယ့်ဟာကိုယ် ၁ယောက်ထဲအလုပ်လုပ်လို့ရအောင် studio အသေးစားလေး ဖွင့်ထားပါတယ်လို့လည်း သူကပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ Internet ကို အကန့်အသတ်နဲ့ပဲ သုံးလို့ရသေးတဲ့အချိန်တုန်းကတော့ ကျွန်တော့showပွဲတွေမှာ CD တွေနဲ့ ကက်ဆက်ခွေတွေကို ဝေပေးဖြစ်ခဲ့တယ်။ ငွေရေးကြေးရေး အခက်အခဲတော့ ရှိပေမယ့်လည်း ကိုယ့်ရဲ့သီချင်းအပေါ်မှာ ယုံကြည်ချက်ရှိတဲ့အတွက် ဆက်ပြီးလုပ်ဖြစ်ခဲ့တယ်။ Relax လုပ်တဲ့အချိန်တွေမှာတော့ ကိုယ်ဆိုထားတဲ့ သီချင်းတွေအပြင် တစ်ခြား lounge music လိုမျိုး ကိုယ့်ရဲ့ favorite genre တွေကို နားထောင်ဖြစ်ပါတယ်။ အခုလို rapper ၁ယောက်မဖြစ်ခဲ့ဘူးဆိုရင် jazzy swing concoction ရဲ့ producer ဖြစ်နေလောက်ပြီဆိုပြီး ဟာသဖောက်နေပါသေးတယ်။
ခုခေတ်မှာ EDM တွေက Hiphop music ကိုတဖြည်းဖြည်းနဲ့ လွှမ်းမိုးလာပေမယ့် Hiphopကိုပဲ ကြိုက်ကြတဲ့ မြန်မာနိုင်ငံက ပရိတ်သတ်တွေကြောင့် Hiphop က မှေးမှိန်သွားမှာမဟုတ်ဘူးဆိုတာကို Jimmy Jacobs က ယုံကြည်ပါတယ်။
ကိုယ့်ရဲ့ feeling ကို လွတ်လွတ်လပ်လပ်နဲ့ ထုတ်ဖော်ပြလို့ရတာကြောင့် လူငယ်တိုင်းက Hiphopကို ကြိုက်ပါတယ်။
သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ albumကတော့ ‘လမ်းသရဲ’လို့ ခေါင်းစဉ်ပေးထားပြီး ၂၀၁၇ စက်တင်ဘာလ ကစပြီး ဖြန့်ချီခဲ့ပါတယ်။ သူ့ရဲ့ musicတွေကိုတော့ သူ့ရဲ့ Facebook page ၊ iTune ၊ JOOZ နဲ့ Sound cloud တို့ကနေ ရှာပြီးနားထောင်နိုင်ပါတယ်။