အသစ်ဖွင့်လှစ်လိုက်တဲ့ 96 Bistro က နိုင်ငံအစုံက အစားအစာတွေနဲ့ မလေးရှား အစားအစာတွေကို ရောင်းချပေးနေပါပြီ။
Cafe သာမက Barလိုမျိုးပါ ပြင်ဆင်ထားတဲ့ ဒီဆိုင်လေးဟာ ယောမင်းကြီးလမ်းမှာ ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ signatureဖြစ်တဲ့ menuကတော့ nasi lemakပါ။ အုန်းထမင်းကို ဆွမ်းမွှေးရွက်နဲ့ ချက်ထားပြီး ကြက်ဥ (၂၈၀၀ ကျပ်)၊ ကြက်ကြော် (၄၂၀၀ ကျပ်) ဒါမှမဟုတ် ကြက် သားဟင်း (၄၅၀၀ကျပ်) တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။
မလေးရှားခေါက်ဆွဲဖြစ်တဲ့ ‘Char Kway Teow’ (၃၉၀၀ကျပ်)ကိုတော့ ကြက်သား, ပုစွန်ထုပ်တွေနဲ့ ခပ်စပ်စပ်လေး ကြော်ထားပါတယ်။ Chicken satayက တစ်ခါတစ်လေ ၄၅၀၀ကျပ်ကနေ ၂၂၅၀ကျပ်အထိ ဈေးချတတ်တာမို့ ဆိုင်ကို ရောက်ရင် မြည်းစမ်းကြည့်သင့်ပါတယ်။
ဒီဆိုင်မှာ မက်ကာရယ်ငါး (ဆာဘငါးလို့လည်း သိကြပါတယ်) , အနောက်တိုင်းအစားအစာတွေနဲ့ အချိုပွဲတွေကိုပါ မှာယူသုံးဆောင်နိုင်ပါသေးတယ်။ Thai tea, coffeeနဲ့ beerတွေကိုလည်း ဈေးအသင့်အတင့်နဲ့ ရောင်းချပေးထားပါသေးတယ် ။
Bistro 96ဆိုင်သစ်မှာ opening promotionအနေနဲ့ 20%off, buy two get 1နဲ့ buy three get one တွေကို ရရှိနိုင်မှာပါ။
Address: 18/B, ဗိုလ် ရာညွှန့်လမ်း,ဒဂုံမြို့နယ် မှာပါ
Contact: 09 695 432 969
မနက် ၁၁နာရီကနေ ည၁၁နာရီထိ နေ့တိုင်းဖွင့်လှစ်ထားပါတယ်။