ထမင်းကို fish toss နဲ့ အသီးရွက်တွေ၊ ဆော့စ်တွေနဲ့ ပေါင်းစပ်ထားတဲ့ Hawaiian ရဲ့ ဟင်းလျာတစ်ခုဖြစ်တဲ့ Poké ကို ရန်ကုန်မြို့မှာ ရရှိနိုင်ပါပြီ။
ငါးနဲ့ပြုလုပ်ထားသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရောင်းချပေးနေတဲ့ ဒီ Poké Bar ကို လွန်ခဲ့တဲ့ရက် ၂၀ ကျော်က ဗဟန်းမြို့နယ် Times Link Shopping Mall ရှိ Krispy Kreme ဆိုင်သစ်ရဲ့ ရှေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ရိုးရာအစားအစာတွေသာမက modern tastes menu တွေကိုပါ မှာနိုင်ရုံမဟုတ်ဘဲ ကြိုက်နှစ်ရာ မှာယူနိုင်တဲ့ menu set တွေကိုလည်း Poké မှာ မှာယူသုံးဆောင်နိုင်ပါတယ် ။
ဆိုင်ပိုင်ရှင်ကတော့ ကိုဒန်နီရယ်မောင်ပါ။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာလည်း ဆူရှီဆိုင် ၈ဆိုင် ဖွင့်ထားပါတယ် ။ သူ့ရဲ့ဇာတိဖြစ်တဲ့ ရန်ကုန်မြို့ကိုပြန်လာပြီး Poké Bar ကို ပထမဆုံးဖွင့်လှစ်ခဲ့တာပါ။ ဒီဆိုင်ကိုတော့ graphic design တွေ၊တိရစ္ဆာန်ပုံတွေနဲ့ အလှဆင်ထားပါသေးတယ် ။
Poké bowls တွေကို ကြက်သား (၅၅၀၀ကျပ်)၊ ပုစွန် (၆၅၀၀ကျပ်)၊ ဆယ်လ်မွန်ငါး ( ၉၅၀၀ကျပ်)၊ တူနာငါး (၁၀၅၀၀ကျပ်), တို့ဟူး(၄၅၀၀ကျပ်) အသီးသီးရယ် အချဉ်၊ အစပ်၊အရသာတွေမျိုးစုံရှိတဲ့ ဆော့စ်တွေနဲ့ ပေါင်းစပ်ထားပါတယ်။
ဒီ menu တွေကို nutrition နဲ့ calorie တွေကိုပါ တွက်ချက်ထားပေးပါသေးတယ်။
Address: အမှတ် ၁၀၈၊ မြေညီထပ်၊ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်၊ Times Link Shopping Mall, ဗဟန်းမြို့နယ်။
Contact:09 787411789
Hours:10am to 9p.m