Advertisement

ပြည်မြို့က Red Dragon Hotel ရဲ့ သင်္ကေတကို ဂီတပညာရှင် ၃ ယောက်၊ ကချေသည် ၁ ယောက်၊ လူပျက် ၁ ယောက်တို့ရဲ့ ရုပ်ထုတွေနဲ့ အလှဆင် ထားတာကို တွေ့ရမှာပါ။ သူတို့ဟာ ၁၉၆၀ခုနှစ်လောက်က တူးဖော်ရရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး UNESCO World Heritage Site အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သရေခေတ္တရာပြည်မြို့ ဟောင်းရဲ့ အဆောင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်  မြန် မာဂီတဟာ အဲ့ဒီအချိန်ကတည်းက ပေါ်ပေါက်နေခဲ့ပြီး လူနေမှုဘဝတွေလည်း ဖြစ်ထွန်းနေပြီဆိုတာကို သိရပါတယ်။

ပြည်မြို့ကိုရောက်ရင်တော့ သရေခေတ္တရာကို အရင်ဆုံးသွားလည်သင့်ပါတယ်။

ပုဂံခေတ်အချိန်တုန်းက ဧရာဝတီမြစ်ကမ်းပါး ပေါ်မှာရှိတဲ့ ပြည်မြို့ က ကူးသန်းရောင်းဝယ်ရေးပိုင်းမှာ အရေးကြီးတဲ့ အချက်အချာနေရာတစ်ခုပါ။ နောက်ပိုင်းမှာတော့ မွန်လူမျိုးတွေက သိမ်းပိုက်လိုက်ပြီး ၁၇၅၂မှာတော့ ကုန်းဘောင်မင်းဆက် ကို ထည်ထောင်ခဲ့တဲ့ အလောင်းတရားမင်းကြီးက ပြည်မြို့ကို ထပ်ပြီး သိမ်းပိုက်ခဲ့ပြန်ပါတယ် ။ဗြိသိသျှလက်အောက်ခံအဖြစ် ရောက်ရှိခဲ့စဉ် ကာလများမှာလည်း ပြည်မြို့ဟာ မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းကို ကုန်သွယ်ဖို့အတွက် အရေးပါတဲ့မြို့ ဖြစ်ခဲ့ပါတယ် ။

သရေခေတ္တရာဟာ စတုရန်းမိုင် ၅မိုင် လောက် ကျယ်ဝန်းပြီး ဘီစီ ၄၄၃ခုမှာ ဒွတ္တဘောင်မင်းကြီးက တည်ခဲ့တယ် လို့ ပညာရှင်တွေက ပြောကြားပါတယ် ။ သရေခေတ္တရာမြို့ရဲ့ သက်တမ်းကို အေဒီ၅ရာစုမှ ၉ရာစုထိ ကြာမြင့်ခဲ့တယ်လို့ သတ်မှတ် ထားကြပါတယ် ။

ပျူလူမျိုးတွေဟာ သူများအသတ်မသတ်ဘဲ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်ရတာကို နှစ်သက်ကြပြီး ပိုးကောင်တွေကိုထိခိုက်မှာစိုးလို့ ပိုးထည်တွေကိုတောင် မ၀တ်ဆင်ခဲ့ကြဘူးလို့ တရုတ်နိုင်ငံရဲ့မှတ်တမ်းတွေအရ သိရပါတယ် ။

အခုခေတ်မှာတော့ ဒီနေရာကို သေချာထိန်းသိမ်းမှုတွေ မလုပ်ထားတာမို့ ခြေလျင်သွားပြီး လေ့လာဖို့အတွက်တော့ အဆင်မပြေနိုင်ပါဘူး။ စက် ဘီးစီးခွင့်မရှိသော်ငြားလည်း ကားတွေနဲ့တော့ ဝင်ရောက်ခွင့် ပေးထားပါတယ် ။ သုံးဘီးဆိုင် ကယ်တွေကိုလည်း ၀င်ပေါက်အထိ စီးခွင့်ပြုထားပါတယ်။

ဒွတ္တဘောင်မင်းကြီး တည်ခဲ့တဲ့ စေတီသုံးဆူကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။ ဘုရားကြီး စေတီက မြန်မာ့ရှေးအကျဆုံးစေတီတွေထဲက တစ်ဆူပါ။ ပုဂံခေတ်မှာ တည်ခဲ့ပြီး အခြားစေတီ တွေထက် ပိုပြီးလက်ရာမြောက်ပါတယ် ။ main siteရဲ့ အ၀င်ပေါက်အနီးမှာရှိတဲ့ ဘုရားမာစေတီကတော့ ဘုရားကြီးစေတီနဲ့ ပုံသဏ္ဍာန်အနည်းငယ် ဆင်တူပါတယ် ။

ဘောဘောကြီးဘုရားကိုလည်း ခန့်ညားထည် ၀ါစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီစေတီဟာ ကိုက် ၅၀ ဉာဏ်တော်အမြင့်ရှိတဲ့ ထုလုံးရှည်ပုံစေတီဖြစ်ပြီး ရွှေထီးတော်ကိုလည်း ဖူးမြင်တွေ့နိုင်ပါတယ်။

ဘောဘောကြီးဘုရားက အရှေ့တောင်အာရှမှာ ရှေးအကျဆုံး အဆောက်အဦးထဲမှာလည်း တစ်ခုအပါအ၀င်ပါ။

siteရဲ့ အလယ်လောက်မှာတော့ နန်းတော်လို့ ယူဆရတဲ့ အုတ်စီထားတဲ့ အုတ်တိုင်ရာတွေကို တွေ့နိုင်ပါတယ်။ နောက်ထပ်ကတော့ Rahantaဂိတ် နဲ့ ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူရှိတဲ့ Rahanta ဂူဘုရားတစ်ဆူကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ။

Rahanta ဂိတ်နဲ့ အနည်းငယ်ကို လမ်းလျှောက်လိုက်ရင်တော့ သရေခေတ္တရာရဲ့ တီးမှုတ်သူပညာရှင် ၅ ဦးလို့ ခေါ်တွင်ကြတဲ့ ပလွေမှုတ်သူ၊ တီးခတ်သူ၊ ကချေသည်၊ လင်းကွင်းတီခတ်သူနဲ့ လူပျက် တို့ရဲ့ ပုံတူရုပ်ထုတွေကို ပြသထားတဲ့ ပြတိုက်တစ်ခုကို တွေ့ရမှာပါ။ ပုံတူရုပ်ထုတစ်ခုစီဟာ အနည်းဆုံး ၁၁လက်မအရွယ်ထိ ရှိပါတယ်။ ရုပ်တုအစစ်တွေကတော့ ၁၉၆၇ခုနှစ်တုန်းက အခိုးခံခဲ့ရပေမယ့်  ပြန်ပြီး ရှာဖွေရရှိခဲ့ပါတယ် ။

ဒေါက်တာနိုင်ပန်းလှကတော့ သရေခေတ္တရာမှာ မြန်မာ့အနုပညာလက်ရာ အမြောက်အမြားကို ရှာဖွေတွေ့ရှိရပါတယ် လို့ ရေးသားထားပါတယ် ။

၁၉၈၃ခုနှစ်ရဲ့ ဆောင်းရာသီမှာတော့ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်တဲ့ Robert H Ellsworthဟာ သူရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဒီအတီးအမှုတ်ပညာရှင်ရုပ်ထု ၅ခုကို မြန်မာနိုင်ငံရဲ့ ဗိသုကာပညာဋ္ဌာနကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့သွားခဲ့ပါတယ်။

ခုချိန်မှာတော့ သရေခေတ္တရာရဲ့ အမွေအနှစ် ရုပ်ထု ၅ခုကို နေပြည်တော် အမျိုးသားပြတိုက်မှာ လုံလုံခြုံခြုံနဲ့ ထိန်းသိမ်းထားရှိပါတယ် ။

မြန်မာကိုလာတဲ့ ခရီးသွားဧည့်သည်အများစုက သရေခေတ္တရာထက် ပုဂံ၊ မြောက်ဦးဒေသတွေကိုပဲ အလည်သွားလေ့ရှိကြပါတယ် ။ ရှေးဟောင်းအမွေအနှစ်ဖြစ်သော်ငြား သရေခေတ္တရာဟာ ပုဂံလောက် ခရီးသွားတွေကို သိပ်မဆွဲဆောင်နိုင်သေးပါဘူး။ သရေခေတ္တရာရဲ့ လက်ကျန်အမွေအနှစ် ရုပ်ထု ၅ခုကို စိတ်ဝင်စားတဲ့သူတွေကတော့ နေပြည်တော် အမျိုးသားပြတိုက်ကိုပဲ သွားလေ့လာ လေ့ရှိကြပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here