Advertisement

By Min Ye Kyaw

The Penthouse

စမ်း​ချောင်းမြို့နယ်​ထဲက Park Side One ​အ​ဆောက်​အဦးရဲ့ ၈လွှာမှာရှိတဲ့ The Penthouse bar က​တော့ view အရမ်းလှတယ်​လို့ လူသိများပါတယ်​။ Mediterranean menuနဲ့ အသစ်​ထပ်​လုပ်​ထားတဲ့ Campari Bar ​ကြောင့်​အရင်​ကထက်​ပိုပြီး လူစိတ်ဝင်စားမှုရရှိလာပါတယ်​။  Menuမှာ lunch နဲ့ coffee ​တွေပါထပ်​ပြီးထည့်​ထားတာ​ကြောင့်​ ​နေ့လယ်​ဘက်​မှာပါသွားပြီး​စားသောက်​နိုင်​​နေပါပြီ။

Address: 271/273 ဗားကရာလမ်း၊ Park One Side 8လွှာ ၊ စမ်း​ချောင်းမြို့နယ်​မှာပါ။
Contact: 09 771 239924
Open: 11am to 1am

 

Yankin Heights Rooftop Bar

ရန်​ကင်းမြို့နယ်​က ​အောင်​​ဇေယျလမ်းမှာရှိတဲ့ Yankin Heights bar က​တော့ ရန်​ကုန်​မြို့ရှုခင်းကို​ကောင်း​ကောင်းကြည့်​လို့ရတဲ့ Rooftop bar ​တွေထဲက အမိုက်​ဆုံး​နေရာတစ်​ခုပါ။ ဒီ restaurantက လူလာလည်းများပြီး​တော့ မနက်​ 7:30 က စဖွင့်​ထားတာ​ကြောင့်​ coffee ပါလာ​သောက်​လို့ရပါတယ်​။

Address:  29, ​အောင်​​ဇေယျလမ်း, floor R, ရန်​ကင်းမြို့နယ်။
Contact: 09 44544 4429
Opens: 7:30am to 10pm

 

Atlas Rooftop Bar & Lounge

Atlas rooftop bar က​တော့ Yangon nightlife scene ​တွေထဲက ရှင်းပြစရာမလို​အောင်​ အရင်​ထဲက လူကြိုက်​များတဲ့Barပါ။ မိုးတွင်းကုန်​ပြီးမှ အသစ်​ထပ်​ဖွင့်​လိုက်​တဲ့ Bar​က​တော့ စမ်း​ချောင်းမြို့နယ်​ထဲက Uniteam Marine Building ရဲ့ ၁၂လွှာမှာပါ။ Atlasမှာဆိုရင်​​တော့ ​ရွှေတိဂုံဘုရားနဲ့ နေ၀င်ချိန်ရှုခင်း​တွေက တ​ခြား Bar ​တွေရဲ့ ရှုခင်း​တွေနဲ့ မတူဘဲပိုပြီးလှပ​​နေပြီး​တော့ ဆိုင်တွင်းတီးဝိုင်းလေးလည်းရှိပါ​သေးတယ်​။

Address: 84, Pun Hlaing လမ်း၊ စမ်း​ချောင်းမြို့နယ်​။
Contact: 09 9784  151250
Opens: 5pm to 11:30pm

 

Fratello Rooftop Dining

Fratello bar က​နေဆိုရင်​ ​ရွှေတိဂုံဘုရား နဲ့ Judson Church ​ကျောင်းကိုပါလှမ်းမြင်​ရပါတယ်။ Italian အစားအစာတွေကိုအများဆုံးရနိုင်​​ပေမယ့်​ cheeseburger ကလည်း ​ဆိုင်ကို​​ရောက်​ရင်​ မစားမဖြစ်​စားကြည့်​ရလောက်​အောင်ကိုမိုက်​ပါတယ်​။ ည​နေခင်းပိုင်းမှာ​တော့ dessert ​တွေကိုလည်းမှာယူနိုင်​ပါတယ်​။

Address: 587, ​ပြည်​လမ်း၊ The Regency Offices, ကမာရွတ်​မြို့နယ်
Contact: 09 952 011666
Opens: 11am to 11pm

 

Cocoon Cafe & Bar

၉လွှာမှာရှိတဲ့ Cocoon bar က​တော့ Myammar Beer ​နဲ့ ​အေး​အေး​ဆေး​ဆေး​ထိုင်လို့​ကောင်းတဲ့​နေရာတစ်​ခုပါ။ မြန်​မာ့ရိုးရာ ရုပ်​​သေး​တွေကို နံရံမှာချိတ်​ထားတာက တ​ခြား rooftop bar ​တွေနဲ့ မတူတဲ့ ခံစားချက်ကိုရ​စေပါတယ်​။ Promotion ​တွေအတွက်​ Facebook page ကိုစောင့်​ကြည့်​ထားဖို့​မ​မေ့နဲ့​နော်​။

Address:  ရှင်​​စောပုလမ်းနဲ့ ဗဟိုလမ်း​ထောင့်​၊ စမ်း​ချောင်းမြို့နယ်​မှာပါ။
Contact: 01 500 863, 09 7850 90205
Opens: 11am to 11pm

 

369 Dine & Bar

ပြည်တွင်းကလူတွေပိုကြိုက်​ကြတဲ့ 369 bar မှာ​တော့ အားကစားပွဲတွေကိုအမြဲတမ်းပြ​ပေးထားတဲ့ Flat-screen TV​တွေကိုထားထားပါတယ်​။ Ibis Styles Yangon Stadium Hotel ရဲ့ ထိပ်​ဆုံးလွှာမှာရှိတဲ့ 369 bar မှာ​တော့ wine​တွေ ​ဆေးပြင်းလိပ်​​တွေနဲ့ အမြည်း ​တွေကို menuစုံစုံနဲ့ ရနိုင်​ပါတယ်​။

Address:ေ​လး​ထောင့်​ကန်​လမ်း၊ သင်္ကန်းကျွန်းမြို့နယ်
Contact: 09 578 101
Opens: 7am to 1am

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here