Advertisement

မြန်​မာနိုင်​ငံမှာ​နေတဲ့ မိသားစုဆီ အလည်​လာပြီး​နောက်​ပိုင်း Julie-Ann Pedida က မြန်​မာပြည်​ကို ​သ​ဘောကျသွားတာနဲ့ ၂၀၁၅ကစပြီး အခြေချနေထိုင်​ခဲ့ပါတယ်​။ သူမ​ခရီးသွားခဲ့တဲ့ဒေသတခွင်မှာတွေ့ခဲ့တဲ့ ​လူ​တွေရဲ့ ပန်းချီကား​တွေကို ရေးဆွဲရတာဝါသနာပါတယ်​။ ဒါ့အပြင်​ Dulwich College မှာ Head of Art အဖြစ်တာဝန်ထမ်းရင်း YGN walls နဲ့အတူအနုပညာအလုပ်​တွေလုပ်နေပါတယ်​။ သူမရဲ့အ​ကြောင်းနဲ့ အလုပ်နဲ့ပတ်သက်ပြီးစိတ်ကူးရလာပုံကိုအခုလိုပြောပြပါတယ်။

Julie-Ann Pedida

မြန်​မာနိုင်​ငံကို စ​​ရောက်​ခဲ့တုန်းက ​ဈေးထဲကလူ​တွေ၊ မြို့ထဲကလူ​တွေ၊ လမ်း​ပေါ်မှာ​တွေ့ရတဲ့လူ​တွေနဲ့ ခရီးသွားခဲ့တဲ့တစ်​​လျှောက်​သူမ​တွေ့မြင်​ခဲ့သမျှ အသက်​ငယ်​ပိုင်းကစ လူကြီးပိုင်းထိ လူ​တွေရဲ့ မျက်​နှာ​က သူမကိုအံ့အားသင့်​​စေခဲ့ပါတယ်​။
တစ်​ခြားနိုင်​ငံ​တွေလိုပဲ မြန်​မာနိုင်​ငံကလည်း တစ်​ဖြည်းဖြည်းနဲ့ တိုးတက်​ပွင့်​လင်းလာပါပြီ။ ယဉ်​​ကျေးမှု၊ အ​မွေအနှစ်​​တွေနဲ့ မြန်​မာနိုင်​ငံဟာပိုပြီးတန်​ဖိုးရှိ လာပါပြီ။ မြန်​မာလူမျိုး​တွေရဲ့ ရိုးရာ​ကိုသူမရဲ့ modern graphic နဲ့​ပေါင်းစပ်​ပြီး​တော့ pop-art styled colours ​တွေဖြစ်​​အောင်​ ဖန်တီးနေပါတယ်​။ မြန်​မာနိုင်​ငံရဲ့ အမှတ်​တရ​တွေကို ပိုပြီး​တောက်​ပ​အောင်​ သရုပ်​ဖော်ပေးနိုင်ဖို့ကြိုးစား​နေပါတယ်​။ သူမရဲ့ style​ တွေကို ပိုပြီးလှပလာ​အောင်​လည်း ဆက်​ပြီး​​ဆောင်​ရွက်​​နေပါတယ်​။ ဖိလစ်ပိုင် နဲ့ ဖူးခက် တို့လို​ကမ်း​ခြေ​တွေမှာ ကြီးပြင်းလာတဲ့သူမက​တော့ အ​ရောင်​​တောက်​​တောက်​​လေး​တွေကို အသုံးပြုရတာကြိုက်​ပါတယ်​။


Inspiration အတွက်​က​တော့ ​နေ့စဉ်​ဘဝအတွေ့အကြုံနဲ့ ခရီးသွားတဲ့​နေရာက​နေ ထွက်​​ပေါ်လာတတ်​ပါတယ်​။ သူမက ​ငွေ​ဆောင်​၊ ဘားအံ၊ ပုဂံကိုရောက်ဖူးပြီး သီ​ပေါက ရှမ်း​တောင်​​တွေမှာ၁၀နာရီ​လောက်​ hiking လုပ်​ဖူးပါတယ်​။ အဲ့ဒီ​နေရာက​နေမှ ဓာတ်ပုံတွေရိုက်ပြီး ပုံကြမ်းဆွဲ၊ photoshop သုံးကာ အရောင်တွေချိန်​ညှိပါတယ်။


သူမက ချင်းအမျိုးသမီးပုံ​တွေ၊ ကိုရင်​ပုံ​တွေ၊ သနပ်​ခါးနဲ့မိန်းက​လေးပုံ​တွေကို ဖန်​တီးခဲ့ပြီးပါပြီ။ ​နောက်​ထပ်​လဲ အသစ်​အသစ်​​တွေကို ဆက်​ပြီးလုပ်​ဖို့ရှိပါ​သေးတယ်​။ မြန်​မာ့အ​မွေအနှစ်​ထဲက တစ်​ခုဖြစ်​တဲ့ သနပ်​ခါးလိမ်းထားပြီး​ခေါင်းမှာ ပန်းပန်​ထားတဲ့ မိန်းက​လေး​တွေရဲ့ ပုံ​တွေကိုဖန်​တီးထားပါတယ်​။ ဖိလစ်ပိုင် ရဲ့ ရွာ​လေးတစ်​ရွာက​နေလာတဲ့ သူမအတွက်​က​တော့ ရွာ​လေး​တွေမှာ​နေထိုင်​တဲ့ လူမျိုးနွယ်​စု​တွေက အရမ်းစိတ်​၀င်​စား​စရာကောင်းနေတယ်။


သူမရဲ့ အနုပညာလက်ရာ ​တွေကို T-shirt​တွေ​ပေါ်မှာ စပြီး print ထုတ်​​နေပါပြီ။ ​နောက်​ပိုင်းမှာ​တော့ Tote bags, ပိုက်​ဆံအိတ်​​တွေနဲ့ notebooks ​တွေမှာပါ ဆက်​ပြီးထုတ်​ဖို့ ရှိပါ​သေးတယ်​။ YGN Walls က၃၅လမ်းမှာဆွဲထားတဲ့ပ​ထမဆုံး နံရံ​ဆေး​ရေးပန်းချီကို မြင်​ပြီးတဲ့ ​နောက်​ပိုင်းမှာ​တော့ သူမက YGN Walls ကို join ခဲ့ပါတယ်​။ Delphine De Lorme ပူးတွဲတည်​​ထောင်​ထားတဲ့ YGN Walls က​ art collective တစ်​ခုဖြစ်​ပြီး​တော့ ရည်​ရွယ်​ချက်​က​တော့ street arts ​တွေကို ပိုပိုပြီး လက်​ခံလာ​အောင်​၊ တို့အိမ် (Doh Eain) နဲ့အတူ collaboration လုပ်​ပြီး​တော့ street arts ​တွေကို ပိုပြီးဖွံ့ဖြိုး​အောင်​လုပ်​ဖို့ပါ။ ရန်​ကုန်​က နံရံ​တွေ​ပေါ်မှာ အနုပညာ​တွေကို ဖန်​တီးပြီး​တော့ open-air gallery ကို စတင်​ဖို့ရည်​ရွယ်​ထားပါတယ်​။ အနုပညာအတွက်​ ဖန်တီးမှုတွေတိုးတက်​လာပြီး​တော့ လူတစ်​ယာက်​နဲ့တစ်​​ယောက်​ အနုပညာနဲ့ဆက်​သွယ်​ဖို့ ဆန္ဒရှိပါတယ်​တဲ့။ ​နောက်​လာမယ့်​ projectအတွက်​​တော့ YGN Walls workshop ရှိတဲ့ ၄၁လမ်းအလယ်​မှာလုပ်​ဖို့ရှိပါတယ်​။

(ဘာသာပြန်ဆိုသူ – ဟန်နီဦး)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here