By Jessica Liang
နိုဝင်ဘာ ၃၀ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဘိုကလေးဈေးဟာ စင်္ကာပူအသေးစားလေး ဖြစ်လာပါတော့မယ်။ ၂၀၁၆ကနေ စတင်ကျင်းပလာတာဖြစ်ပြီး သုံးကြိမ်မြောက် စင်္ကာပူပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့သူအားလုံးကို မြို့ကနေမထွက်ဘဲ စင်္ကာပူရဲ့အတွေ့အကြုံကို ခံစားနိုင်စေဖို့ဖြစ်ပါတယ်။
၃ ရက်ကြာတဲ့ ပွဲတော်ကို ညနေတိုင်း ၄ နာရီမှ ၉နာရီအထိဖွင့်လှစ်ကျင်းပသွားမှာဖြစ်ပြီး အစားအစာ၊ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံ၊ ဖျော်ဖြေပွဲများကို တနေရာထဲမှာ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ဒီနှစ် ပွဲကို ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြန်လည်ပြဋ္ဌာန်းပြီး လူမှုရေးနှင့်ပတ်သက်တဲ့အဖွဲ့အစည်း “တို့အိမ်” (Doh Eain)နှင့် ပူးပေါင်းကာ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ စားသုံးသူတွေဟာ လမ်းဘေးဈေးသည်တွေဆီကနေ အစားအစာတွေကို ၅၀၀ကျပ်နှင့်ဝယ်ယူ သုံးဆောင်နိုင်ပါတယ်။ အဲ့စိတ်ကူးကိုတော့ Singapore’s 50 cents street food ကနေ ရယူထားတာပါ။ကမ္ဘာ့ဈေးအချိုဆုံး Michelin-starred စားသောက်ဆိုင်ရဲ့ပိုင်ရှင် Hawker Chan လည်း ရန်ကုန်သို့လာရောက်ပြီး ထမင်းနဲ့ကြက်သားပဲငပိဆော့စ်ကို ရောင်းချပါလိမ့်မယ်။ ဒီပွဲတော်မှာ စားဖိုမှူး Shen Tan နဲ့ စာဖိုမှူး Jeremy Cheok တို့ကလည်း Rangoon Tea House၊ Union Bar & Grill တို့နဲ့ ပူးပေါင်းပြီး မြန်မာနဲ့စင်္ကာပူဟင်းများကို ရောစပ်ဖန်တီးကြပါလိမ့်မယ်။
Atypical Singapore မှာဆိုရင်စင်္ကာပူရဲ့ ခေတ်ပြိုင် ပန်းချီဆရာ ခုနစ်ဦး ဖန်တီးထားတဲ့ အနုပညာနဲ့ Augmented reality (AR) technology ကို အနုပညာစိတ်အားထက်သန်တဲ့ သူတွေအတွက် ပြသသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့က ဝါသနာရှင်လူငယ်တွေအကြား လူသိများတဲ့ Brat Was Not Here ကတော့ စင်္ကာပူနဲ့မြန်မာရဲ့ အားအင်၊ ယဉ်ကျေးမှုအငွေ့အသက်တွေပါတဲ့အနုပညာလက်ရာကို ဘိုကလေးဈေးလမ်းမှာ ဖန်တီးမှာဖြစ်ပါတယ်။
လာရောက်လည်ပတ်သူတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ အနုပညာလက်ရာကောင်းတွေကိုဖန်တီးလေ့ရှိတဲ့ နာမည်ကျော်အနုပညာရှင် ဟဲလေးနဲ့ TheLionCityBoy တို့ တွဲဖက်ဖန်တီးထားတဲ့ ဖျော်ဖြေမှုကိုလည်း ခံစားခွင့်ရရှိမှာပါ။ အဲ့ဒီမှာ တို့အိမ်က ဖန်တီးထားတဲ့ Resorts World Sentosa၊ Gardens by the Bay နှင့် အခြားသော စင်္ကာပူနိုင်ငံရဲ့ စိတ်ဝင်စားစရာနေရာတွေကို မြန်မာနိုင်ငံမှာတင် ခံစားနိုင်မှာဖြစ်ပါတယ်။
ကြာချိန် – ၂၀၁၈ နိုဝင်ဘာ ၃၀မှ ဒီဇင်ဘာ ၂ရက်နေ့ထိ
နေရာ – ဘိုကလေးဈေးလမ်း
အချိန် – ညနေ ၄ နာရီမှ ၉နာရီထိ
(ဘာသာပြန်ဆိုသူ – မြတ်နိုးဦး)