Home Eat ကော်ဖီချစ်သူများနှင့် ကော်ဖီဆိုင်ယဉ်ကျေးမှု

ကော်ဖီချစ်သူများနှင့် ကော်ဖီဆိုင်ယဉ်ကျေးမှု

0

By Nay Thiha

ရန်ကုန်လူငယ်အသိုင်းအ၀ိုင်းမှာကော်ဖီဆိုင်ထိုင်တဲ့အလေ့အထကလည်း ခုနောက်ပိုင်းတွေ့ရများလာပါတယ်။ တချိန်ကတော့ အပေါင်းအသင်းတွေစုပြီးစကားပြောဖို့ဆိုရင် လက်ဘက်ရည်ဆိုင်တွေက အကောင်းဆုံးဖြစ်ခဲ့တာပေါ့။ အခုချိန်မှာတော့ကော်ဖီဆိုင်တွေမှာ အပေါင်းအသင်းတွေသာမကဘဲ ချစ်သူရည်းစားတွေပါလာထိုင်တတ်ကြတဲ့အပြင် တစ်ယောက်တည်းလာပြီး အလုပ်လုပ်၊ စာဖတ်ကြတဲ့ဓလေ့ထွန်းကားလာပါတယ်။ Starbucks မလာလို့စိတ်မပျက်ပါနဲ့၊ အားလပ်ရက်မှာအပန်းဖြေချင်လို့ပဲဖြစ်ဖြစ်၊ ကျောင်းက assignment တွေလုပ်ဖို့ wifi ကောင်းကောင်းရတဲ့ကော်ဖီဆိုင်ထိုင်ချင်တာပဲဖြစ်ဖြစ်၊ အခုဖော်ပြပေးထားတဲ့ဆိုင်တွေကအဆင်ပြေမှာပါ။

Back

1. Café Salween


MYANMORE ရဲ့ Café of the Year 2018 ရထားတဲ့ဒီဆိုင်လေးရဲ့
အခန်းအပြင်အဆင်ကအရမ်းသက်တောင့်သက်သာရှိပြီး အလယ်မှာသစ်ပင်တစ်ပင်ရှိတဲ့ဥယျာဉ်လေးထဲ ရောက်သွားသလိုခံစားချက်မျိုးရမှာပါ။ ခေတ်ပေါ်အစားအသောက်တွေလည်းရနိုင်သလို မြန်မာမုန့်တွေကိုလည်းမှာယူနိုင်ပါတယ်။ ကော်ဖီအမျိုးမျိုးရရှိနိုင်သလို ပေါင်မုန့်အစားထမင်းနဲ့လုပ်ထားတဲ့ဘာဂါ လက်ဘက်ရည်ကြိုက်သူဆိုရင်တော့မြန်မာ့ထုံးတမ်းစဉ်လာလက်ဘက်ရည်ဖျော်စပ်နည်းနဲ့ကိုက်ညီအောင်ဖန်တီးထားတဲ့ Salween Tea Latte ကိုသောက်ကြည့်သင့်ပါတယ်။ သာကူပြင်၊ ရွှေကြည်ဆနွင်းမကင်း၊ ကန်စွန်းဥမုန့် စတဲ့မြန်မာမုန့်များကိုလည်းရရှိနိုင်ပါတယ်။

လိပ်စာ။ ။ G15, Urban Asia Center, မဟာဗန္ဓုလလမ်းနှင့် ၄၈လမ်းထောင့်။

Back

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here