ကျနော်တို့နေ့စဉ်ဘ၀မှာ gadget တွေဟာအရေးပါအရာရောက်တဲ့အခန်းကဏ္ဍကပါဝင်လာပါပြီ။ နေ့စဉ်သုံးနေတဲ့ smartphone၊ tablet၊ smart watch များဟာကျွန်ုပ်တို့အလုပ်တွေလွယ်ကူချောမွေ့စွာလုပ်နိုင်ဖို့ကူညီတဲ့အပြင် အားလပ်ချိန်မှာလည်းအပန်းပြေဖို့ဖျော်ဖြေရေးပစ္စည်းများအဖြစ်လည်း အသုံးတော်ခံနိုင်ပါသေးတယ်။ နေ့စဉ်ဘ၀အတွက် အသုံးလည်းတည့်ပြီး ဖျော်ဖြေရေးအတွက်လည်းနိုင်တဲ့ gadget ၁၀မျိုးကို ဒီကဏ္ဍကနေမိတ်ဆက်ပေးလိုက်ပါတယ်။
1Huawei Mate20 Pro

Huawei Mate20 Pro မှာကုမ္ပဏီရဲ့နောက်ဆုံးပေါ်နည်းပညာများဖြစ်တဲ့ ၆ ဒဿမ ၃၉လက်မရှိ 1440p AMOLED ရှိပြီးဘေးနှစ်ဘက်၌ခုံးနေသောမျက်နှာပြင်၊ ပုံကြီးချဲ့ရိုက်ကူးနိုင်တဲ့ ကင်မရာ ၃လုံး၊ 40W မြန်နှုန်းမြင့်အားသွင်းစနစ်တို့ပါဝင်ပါတယ်။ IP68 ရေစိုခံအသိအမှတ်ပြုလက်မှတ်ရထားပြီးဖြစ်သလို 3D face unlock၊ stereo speaker များ၊ မျက်နှာပြင်အောက်၌ထည့်သွင်းထားသော လက်ဗွေလုံခြုံရေးစနစ်တို့လည်းပါဝင်ပါသေးတယ်။ နိုဝင်ဘာ ၁၀ရက်နေ့ကစပြီးမြန်မာနိုင်ငံတွင်းဝယ်ယူရရှိနိုင်ပါပြီ။
Price: From Ks 1,499,000
2Huawei Mate20

Huawei Mate20 ဟာ Mate20 Pro ထက်တန်ဖိုးနည်းသော်လည်း လှပ၍စွမ်းဆောင်ရည်ကောင်းမွန်သောဖုန်းတစ်လုံးဖြစ်ပါတယ်။ မျက်နှာပြင်မှာ ၆ ဒဿမ ၅၃ လက်မရှိပြီး full HD LCD ကိုသုံးပေးထားပါတယ်။ Mate20 မှာသေးငယ်တဲ့ရေစက်ပုံသဏ္ဍာန် notch ပါရှိပြီး နောက်ကင်မရာ ၃လုံးပါရှိပါတယ်။ Mate20 Pro မှာလို မျက်နှာပြင်အောက်လက်ဗွေအာရုံခံစနစ်မပါပေမယ့် နောက်မှာတပ်ဆင်ထားတဲ့လက်ဗွေအာရုံခံစနစ်ဟာအလွန်လျင်မြန်တိကျပါတယ်။ Mate20 Pro လိုရေစိုခံနိုင်စွမ်းတော့မရှိပါဘူး။ ပြည်တွင်းမှာ နိုဝင်ဘာ ၁၀ရက်နေ့ကစတင်၍၀ယ်ယူနိုင်ပါပြီ။
Price: From Ks 1,099,000
3DJI Mavic 2 Zoom Drone Quadcopter

DJI Mavic 2 Zoom Drone Quadcopter မှာ ၄ဆအထိချဲ့၍ရိုက်ကူးနိုင်တဲ့ 1/2.3 inch CMOS 12MP sensor ပါဝင်သဖြင့်ပုံရိပ်များအားကြည်လင်ပြတ်သားစွာပုံကြီးချဲ့ရိုက်ကူးနိုင်ပါတယ်။ တစ်နာရီလျှင် ၄၄မိုင်အထိအရှိန်မြှင့်ပျံသန်းနိုင်ပြီး ၃၁မိနစ်ကြာတဲ့အထိဆက်တိုက်ပျံသန်းနိုင်ပါတယ်။ Built-in storage 8GB ပါဝင်ပြီး SD card ဖြင့် 128GB အထိချဲ့ထွင်အသုံးပြုနိုင်ပါတယ်။ Drone ပျံသန်းနေစဉ်အတွင်း live video များကိုကြည့်ရှုခံစားနိုင်တဲ့အပြင် H.265 encoding ဖြင့် 4K video များကိုရိုက်ကူးနိုင်ပါတယ်။ Object နောက်လိုက်၍မှတ်တမ်းတင်ရိုက်ကူးနိုင်သော ActiveTrack 2.0၊ ကြည်လင်ပြတ်သားစွာ zoom ချဲ့ရိုက်ကူးနိုင်စွမ်း၊ ဘက်ပေါင်းစုံကအအတားအဆီးများအားအာရုံခံနိုင်စွမ်း၊ ပုံရိပ်များအားအမြန်ရိုက်ကူးနိုင်စွမ်း၊ ဆူညံမှုလျှော့ချပေးနိုင်သည့်ဒီဇိုင်း၊ HDR photo များရိုက်ကူးနိုင်စွမ်းတို့လည်းပါဝင်ပါတယ်။
Price: $1,179 on amazon.com
4GoPro HERO7 Black

12MP photos နှင့် 4K video များရိုက်ကူးနိုင်သော GoPro HERO7 Black ဟာ stabilizer ပါဝင်တဲ့အတွက်တည်ငြိမ်တဲ့ပုံရိပ်များကိုသွားလာလှုပ်ရှားနေစဉ်အတွင်း ရိုက်ကူးနိုင်မှာပါ။ ပုံရိပ်များကိုအနှေးရိုက်ကူးနိုင်မယ့် slow-mo mode၊ ရှည်လျားတတဲ့ပြကွက်များကိုချုံ့ပြီးပြသနိုင်မယ့် time lapse mode တို့ပါဝင်တဲ့အတွက် ရှုခင်းများကိုမိမိတီထွင်နိုင်စွမ်းရှိသလောက်ရိုက်ကူးဖော်ပြနိုင်မှာဖြစ်ပါတယ်။ HERO7 Black ဟာ ၁၀မီတာအထိရေစိမ်ခံနိုင်ပါတယ်။ Touch screen ဖြင့်အသုံးပြုနိုင်သလို “GoPro, take a photo” and “GoPro, start recording” စတဲ့စကားစုများနဲ့ထိန်းချုပ်နိုင်တဲ့အတွက် လက်ဖြင့်ခလုတ်ကိုထိတွေ့စရာမလိုဘဲရိုက်ကူးနိုင်မှာပါ။
Price: $399.00 on amazon.com
5iPad Pro

နောက်ဆုံးပေါ် iPad Pro ဟာ ၁၁လက်မ၊ ၁၂ ဒဿမ ၉လက်မ ဆိုပြီး အရွယ်အစား နှစ်မျိုးနဲ့ထွက်လာပါတယ်။ နှစ်မျိုးလုံးမှာ Retina display ပါဝင်ပြီးအရောင်စို၍ကြည်လင်ပြတ်သားမှုရှိပါတယ်။ လက်ဗွေဖတ်သည့်စနစ်အစား FaceID ကိုအစားထိုးသုံးစွဲထားပြီး အလွန်လျင်မြန်တဲ့ A12X Bionic processor လည်းပါဝင်ပါတယ်။ Photoshop လို app တွေအသုံးပြုနိုင်တဲ့အတွက်တီထွင်ဖန်တီးလိုသူတွေအတွက်သင့်လျော်မှာပါ။
Price: From $799 on apple.com
6Apple Watch Series 4

Apple Watch Series 4 ဟာဝတ်ဆင်သူရဲ့ကျန်းမာရေးနှင့်ကိုယ်လက်လှုပ်ရှားမှုတို့ကိုပိုမိုအထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖန်တီးထားသောစမတ်နာရီဖြစ်ပါတယ်။ ထွက်ပြီးသမျှ Apple Watch တွေထဲ မျက်နှာပြင်အကြီးမားဆုံးလည်းဖြစ်ပြီး ၀တ်ဆင်ထားသူရဲ့နှလုံးခုန်သံကိုစောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အာရုံခံစနစ်လည်းပါဝင်ပါတယ်။ ၀တ်ဆင်ထားသူချော်လဲသွားလျှင်အလိုအလျောက်သိရှိနိုင်ပြီး အရေးပေါ်အကူအညီတောင်းနိုင်တဲ့ Emergency SOS စနစ်လည်းပါဝင်ပါတယ်။
Price: From $399 on apple.com
7Microsoft Surface Pro (5th Gen)

Surface Pro (5th Gen) သည်အလွန်ပါးလွှာ၍လျင်မြန်ပြီးဘက်စုံအသုံးပြုနိုင်တဲ့လပ်တော့ဖြစ်ပါတယ်။ 128GB / Intel Core m3 – 4GB RAM၊ 128GB / Intel Core i5 – 8GB RAM နှင့် 256GB / Intel Core i7 – 8GB RAM ဆိုပြီး ၃မျိုးထုတ်လုပ်ထားပါတယ်။ Operation System အဖြစ် Windows 10 ပါရှိပြီး ၁၂ ဒဿမ ၃လက်မအကျယ်အ၀န်းရှိ PixelSense မျက်နှာပြင်ပါရှိပါတယ်။ ဒေါက်တိုင်နှင့်ကီးဘုတ်တပ်ဆင်၍ desktop အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။ အားအပြည့်သွင်းထားပါက ၁၃နာရီအထိအသုံးပြုနိုင်တဲ့ဘတ်ထရီပါရှိပါတယ်။
Price: From $799 on microsoft.com
8Oculus Go Standalone Virtual Reality Headset – 32GB

Oculus Go Standalone VR Headset မှာဖုန်း ကွန်ပျူတာ များဖြင့်ချိတ်ဆက်စရာမလိုဘဲ သူ့ချည်းသက်သက်သုံး၍ရုပ်ရှင်များကြည့်ရှုနိုင်သော headset ဖြစ်ပါတယ်။ Storage 32GB ပါဝင်ပြီး အရည်အသွေးမြင့်ရုပ်ထွက်နှင့်အသံများကို VR စနစ်သုံး headset တစ်ခုထဲမှာခံစားနိုင်မှာပါ။ 3D ပုံရိပ်များကိုလည်းပြသပေးနိုင်ပါတယ်။ မိမိကိုယ်ပိုင်ရုပ်ရှင်ရုံအဖြစ်အသုံးပြုနိုင်သလို သူငယ်ချင်းများနှင့်လည်း ဝေမျှကြည့်ရှုနိုင်ပါတယ်။
Price: $199 on amazon.com
9mophie Wireless Charge Pad

Apple နှင့်ပူးပေါင်း၍ iPhone များကိုကြိုးမဲ့အားသွင်းပေးနိုင်မယ့် mophhie Wireless Charge Pad ဖြစ်ပါတယ်။ Apple iPhone X, iPhone 8, and iPhone 8 Plus များနှင့်အသုံးပြုနိုင်ပါတယ်။ 7.5W အထိအားသွင်းပေးနိုင်တာကြောင့် သာမန်ကြိုးမဲ့အားသွင်းစက်များထက် ၅၀ရာခိုင်နှုန်းပိုမိုလျင်မြန်ပါတယ်။ မိမိ iPhone ကိုစက်အပေါ်တင်လိုက်ရုံဖြင့်အားသွင်းခြင်းစတင်မှာဖြစ်ပြီး အားပြည့်သွားချိန်တွင် LED မီးလင်း၍အချက်ပြမှာဖြစ်ပါတယ်။ အားသွင်းစက်မျက်နှာပြင်ကို thermoplastic polyurethane ဖြင့်ဖုံးအုပ်ထားတာကြောင့် iPhone များခြစ်ရာထင်မှာစိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
Price: $39.94 on amazon.com
10Clocky: Alarm Clock on Wheels

နှိုးရခက်သူများအတွက် ဘီးပါတဲ့နှိုးစက်နာရီ Clocky ဟာဆိုရင် alarm သံမြည်ချိန်မထသေးဘဲ snooze button နှိပ်ပြီးပြန်အိပ်တတ်သူများအတွက်အသုံးဝင်ပါတယ်။ Snooze button ကိုနှိပ်လိုက်တာနဲ့ Clocky ရဲ့ alarm ဟာမရပ်မနားမြည်နေမှာဖြစ်ပြီး သူ့မှာပါတဲ့ဘီးနဲ့ အိပ်ခန်းတ၀ိုက်ပတ်ပြေးနေမှာဖြစ်ပါတယ်။ ဒါကြောင့်သူ့ကိုလိုက်ဖမ်းပြီး alarm ပိတ်ဖို့အတွက် သင်အိပ်ရာကနေမထမဖြစ်ထရပြီပေါ့။ အရောင်စုံထုတ်လုပ်ပေးထားတဲ့အတွက် သင်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Price: $39 on amazon.com