ဂျပန်အစားအသောက်တွေဟာအခုဆိုရင် မြန်မာနိုင်ငံသားတွေကြားမှာရေပန်းစားလာပါပြီ။ ဂျပန်စာတွေဟာဆီနည်းပါးခြင်း၊ လတ်ဆတ်တဲ့ငါးနဲ့ပင်လယ်စာတွေကိုအဓိကထားချက်ပြုတ်ထားခြင်း စတဲ့ဂုဏ်ရည်တွေကြောင့်ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ MYANMORE Top 100 စာရင်းထဲကလက်ရွေးစင်ဂျပန်စားသောက်ဆိုင် ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Sushi Tei
Sushi Tei မှာအခန်းငယ်လေးတွေနဲ့စားလို့ရတဲ့ပုံစံနဲ့တည်ခင်းဧည့်ခံပြီး ခေတ်မီဂျပန်စတိုင်အပြင်အဆင်တွေကဆွဲဆောင်မှုအပြည့်ရှိပါတယ်။ ၀န်ထမ်းတွေကယဉ်ကျေးပျူငှာသလို လေ့ကျင့်မှုလည်းပြည့်ဝပါတယ်။ ဆာရှိမိ၊ ဆူရှီ၊ တမ်ပူရာ၊ ဂျပန်စတိုင်ဟော့ပေါ့ နာဘဲ့တို့အပါအ၀င် အချိုပွဲပေါင်းစုံကိုလည်းမှာယူနိုင်ပါတယ်။ ဆူရှီတွေကိုရွေ့လျားစက်ပေါ်မှာတင်ထားတာကလည်း နှစ်သက်ဖွယ်တည်ခင်းမှုတခုပါ။
ဒါ့အပြင်မီးဖိုချောင်ကိုလည်းဖွင့်ထားတာမို့စားဖိုမှူးတွေရဲ့အချက်အပြုတ်ပညာကိုလည်းအံ့သြဖွယ်တွေ့နိုင်ပါတယ်။
Address: 126, Dhamazedi Road, Bahan Tsp.
Phone: 09444115662
Opening hours: 10am – 10pm
Menzo Tonkotsu Ramen
ကြက်သားကင်ကဒီဆိုင်ရဲ့နာမည်ကြီးဟင်းလျာဖြစ်ပြီး ဂျပန်စတိုင်တုတ်ထိုးအသားကင်အမျိုး ၂၀ကျော်ရနိုင်ပါတယ်။ အသားကင်အပြင် ramen ကိုလည်းမြည်းစမ်းကြည့်သင့်တယ်။ ၁၅နာရီကြာအောင်ပြုတ်ထားတဲ့ဝက်ရိုးစွပ်ပြုတ်နဲ့ ramen ကိုညွှန်းချင်ပါတယ်။
ဆိုင်ကစားသောက်ကုန်အများစုဟာ ဂျပန်နိုင်ငံကတင်သွင်းတာဖြစ်တယ်လို့သိရပါတယ်။
Address: 19/A, Unit-15, Bo Yar Nyunt Street, Yaw Min Gyi, Dagon Tsp.
Phone: 0111220052
Opening hours: 11am – 2pm, 5.30pm – 10pm
Ren Kandawgyi
အိမ်လွမ်းနေတဲ့ဂျပန်လူမျိုးတွေကြားမှာ Ren ကနာမည်ကြီးပါတယ်။ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး အတွင်းပိုင်းကိုခုံပုလေးတွေနဲ့ပြင်ဆင်ထားတယ်။ စားဖိုမှူးခေါင်း Mr Kuranaga နဲ့ မန်နေဂျာ Mr Ueki တို့ဟာဂျပန်အစားအသောက်ပြင်ဆင်တည်ခင်းပုံနဲ့ပတ်သက်ရင် အတွေ့အကြုံရင့်နေပြီဖြစ်ပြီး ဧည့်သည်တွေကိုစိတ်ချမ်းသာအောင်ထားနိုင်ပါတယ်။
ရာသီအလိုက်ထွက်ရှိတဲ့စားသောက်ကုန်တွေကိုအသုံးပြုတဲ့ဂျပန်စတိုင်ဟင်းချက်နည်းကို ဒီဆိုင်မှာတွေ့ရမယ်။ ဆာရှိမိ၊ ဆူရှီ၊ တမ်ပူရာနဲ့ ဆူကီယာကီတွေကတော့လူကြိုက်များပါတယ်။
Address: 7C, Wingabar Road, Bahan Tsp.
Phone: 01559903
Opening hours: 11.30am – 2pm, 6pm – 10pm
Ietsu Sushi & Soba
Myanmore Top 100 judge က “ရန်ကုန်မှာစားဖူးသမျှဆူရှီတွေထဲ အကောင်းဆုံးထဲကတခု” လို့တောင်ချီးမွမ်းရတဲ့အထိ Ietsu ရဲ့တူနာငါးဟာနာမည်ကြီးပါတယ်။ ဒါဟာအင်္ဂါနေ့တိုင်းဂျပန်ကငါးတင်သွင်းပြီးရောင်းချတဲ့ Ietsu အတွက်တော့ထိုက်တန်တဲ့ချီးမွမ်းမှုပါ။ ဒါ့အပြင်ရေခဲရိုက်ထားတဲ့ငါးမသုံးဘဲ လတ်ဆတ်တဲ့ငါးကိုသာသုံးခြင်း၊ ဆိုဘခေါက်ဆွဲဖတ်တွေကို လက်နဲ့ပြုလုပ်ခြင်းတွေကလည်း ဒီဆိုင်ရဲ့အားသာချက်တခုဖြစ်ပါတယ်။
ဆိုင်လေးဟာမိသားစုနဲ့စားသောက်ဖို့ကော၊ အလုပ်ကိစ္စဆွေးနွေးရင်းစားသောက်ဖို့အတွက်ပါ သင့်လျော်ပါတယ်။ ၀န်ထမ်းတွေကဖော်ရွေပြီး အလုပ်လုပ်တာလျင်မြန်တယ်။ တခါတရံစားဖိုမှူးကိုယ်တိုင်ထွက်လာပြီး ဧည့်သည်တွေနဲ့စကားပြောလေ့ရှိတယ်။ တခြားဆိုင်တွေထက်ဈေးနည်းနည်းပိုများပေမယ့် လျှာပေါ်မှာတင်ပျော်ကျသွားလောက်အောင်နူးညံ့တဲ့ nigiri ကိုစားချင်ရင်တော့ ပေးရတာတန်တဲ့ဆိုင်ပါ။
Address: 57, 37th st., Corner of Merchant Road, Lower Block, Kyauktada Tsp.
Phone: 01377212
Opening hours: 11am – 10.30pm
Bijin Japanese Restaurant
ယောမင်းကြီးလမ်းထဲရောက်တဲ့အခါ Alice in Wonderland ထဲကလိုအိမ်တံခါးလေးမျိုးတွေ့မိပါလိမ့်မယ်။ အဲ့ဒီတံခါးလေးထဲက၀င်သွားရင်တော့ Bijin ဂျပန်စားသောက်ဆိုင်ထဲရောက်ပါပြီ။
ဆိုင်လေးကိုရိုးရိုးရှင်းရှင်းပဲပြင်ဆင်ထားတယ်။ သီးသီးသန့်သန့်ရှိတဲ့ cubicle ထဲမှာထိုင်နိုင်သလို ကောင်တာခုံလေးမှာထိုင်ရင်း အစားအသောက်တွေပြင်ဆင်နေတာကိုလည်းကြည့်နိုင်ပါတယ်။ မက်ခရယ်ငါးကြော်၊ မီဆိုဆော့စ်နဲ့နယ်ထားတဲ့ခရမ်းသီးတို့ကိုမစားမဖြစ် စားကြည့်သင့်တယ်။ စားသောက်ပြီးရင် အပေါ်ထပ်ကဘားမှာထိုင်ရင်းအနားယူနိုင်တယ်။ အစားအသောက်ကအရသာရှိသလို ဘီယာနဲ့ဆာကေးတွေကလည်းရွေးချယ်စရာစုံလင်လှပါတယ်။
Address: 26/B, Yaw Min Gyi Street, Dagon Tsp.
Phone: 01252261
Opening hours: 5.30pm – 10.30pm