By Min Ye Kyaw
အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ ယုကျော်တင်က ရန်ကုန်ရဲ့ electronic music circuit မှာစပြီးလူကြိုက်များလာပါပြီ။ အမိုက်စား partyတွေမှာဖျော်ဖြေလေ့ရှိတဲ့ DJ Yu KT က လွန်ခဲ့တဲ့ ၄နှစ်လောက်ကစပြီး DJ ကိုလေ့လာသင်ယူခဲ့ပါတယ်။
London’s Kingston University က business student ၁ယောက်ဖြစ်တဲ့ DJ Yu KT ဟာ သူမရဲ့ ၀ါသနာဖြစ်တဲ့ DJ နဲ့ underground techno events တွေကို ပိုပြီးလူသိများလာအောင် ကြိုးစားပေးနေပါတယ်။ DJ Yu KT က ရန်ကုန်ကို ပြန်လာပြီးတော့ Mojo bar က သူမသူငယ်ချင်းရဲ့ party မှာ စပြီးဖျော်ဖြေခဲ့ပါတယ်။

DJ ကို Youtube က tutorials တွေနဲ့ ဘော်ဒါတွေဆီကသင်ရင်းနဲ့ တတ်လာတာပါလို့ DJ Yu KT ကပြောပါတယ်။ “မြန်မာက အမျိုးသမီး DJ ၁ယောက် အနေနဲ့ အပြိုင်အဆိုင်တွေတော့မရှိပါဘူး။ ဒီDJလောကကြီးတိုးတက်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းရင်းကြိုးစားသွားရမယ်” လို့လည်းပြောသွားပါတယ်။
Yu KT ကတစ်လမှာ ၃ပွဲကနေ ၆ပွဲအထိဖျော်ဖြေလေ့ရှိပါတယ်။ DJ သမားတွေကို ကိုယ်အားသန်တဲ့ အနုပညာကို ကိုယ်အားသန်တဲ့ဖန်တီးမှုပုံစံနဲ့တစိုက်မက်မက်ကြိုးစားသွားဖို့သူမကအကြံပေးပါတယ်။ လိုင်းပေါင်းစုံလျှောက်စမ်းသပ်နေရင် ဦးတည်ချက်ပျောက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်အတွက်သူမအကြိုက်ဆုံး music festival ကတော့ ထိုင်းနိုင်ငံပတ္တရားအပြင်မှာကျင်းပတဲ့ Wonderfruit ဖြစ်ပြီး သူမရဲ့ idol ကတော့ ရုရှားအမျိုးသမီး DJ Nina Kraviz ဖြစ်ပါတယ်။