Advertisement

By Min Ye Kyaw

ဒီတစ်​​ခေါက်​မှာ​တော့ MYANMORE က Dora Alex နဲ့ ​တွေ့ဆုံခဲ့ပါတယ်​။ အသက်​၁၈နှစ်ပဲရှိ​သေးတဲ့ Dora က သူမရဲ့ ပထမဆုံး album ကို September 2018 မှာထုတ်ခဲ့ပြီး Yangon Top 10 list ထဲဝင်​ခဲ့ပါတယ်​။

ဂီတက Dora ဘ၀ရဲ့ တစ်​စိတ်​တစ်​ပိုင်းတစ်​ခုပါ။ သူမရဲ့ အ​ဖေ Alex က​တော့ မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံးအဆိုတော်တွေထဲကတစ်​​ယောက်​ပါ။ Dora ကလည်း သူမအ​ဖေရဲ့ပရိသတ်ပါ။ Dora ၅နှစ်သမီးလောက်ကသူမအ​ဖေရဲ့recording studio နဲ့ stage ရဲ့ ​နောက်​ကထိုင်​ခုံ​တွေမှာ ခဏခဏ အိပ်​​ပျော်​ဖူးတယ်​လို့ ​ပြောပါတယ်​။

Dora မှာ Kevin ဆိုတဲ့ အမွှာတစ်​​ယောက်​ရှိပြီး မိသားစု​လေး​ယောက်​ရှိပါတယ်​။ ​သူမတစ်​သက်​လုံး​အိမ်တော်​​တော်​များများပြောင်းခဲ့ရ​ပေမယ့်​ သူမရဲ့မိသားစုနဲ့​အတူတူရှိတဲ့နေရာက သူမအတွက်အိမ်ပါပဲလို့ပြောပါတယ်။

Dora ဟာငယ်​ငယ်​ကတည်းက piano နဲ့ guitar ကို ​ကျောင်းမှာ​သင်ခဲ့သလို အ​ဖေကလည်းသင်ပေးပါတယ်။အဖေဖြစ်သူဟာ ဟာသဥာဏ်ရှိပြီး အံ့သြစရာကောင်းတဲ့ဂီတပညာရှင်တစ်ယောက်လို့ သူမကဆိုပါတယ်။ ငယ်စဉ်ကတည်းကဂီတအမျိုးအစားများစွာကိုနှစ်သက်တဲ့အတွက် အခုထိလည်းအကြိုက်ဆုံးဂီတအမျိုးအစားရယ်လို့မရှိဘဲအားလုံးကိုသဘောကျကြောင်းပြောပါတယ်။

Dora အ​ဖေက သူ့ငယ်​ချင်း Big Bag က ကျား​ပေါက်​နဲ့ အင်္ဂလိပ်စာအုပ် The Strange Old Man ကို record လုပ်​ဖို့တိုင်​ပင်​ရင်းက​နေ Dora ရဲ့ အဆို​တော်​ဘ၀က စတင်​ခဲ့တာပါ။ အဲ့ဒီအခါDora က သူမအားလပ်ချိန်မှာရေးထားတဲ့ သီချင်းစာသား​တွေကို ပြကြည့်လိုက်တယ်။နှစ်နှစ်အကြာမှာတော့သူမရဲ့ ပထမဆုံး Album “First Things First” ထွက်​ရှိလာပါတယ်​။

“First Things First ကကျွန်မဘ၀ရဲ့တစ်​စိတ်​တစ်​ပိုင်းပါ” လို့ Dora ကပြောတယ်။ “Album ထဲကသီချင်းတွေဟာ အခုအရွယ်အထိရခဲ့တဲ့ဘ၀အတွေ့အကြုံတွေပါပဲ။” ပရိသတ်တွေအနေနဲ့သီချင်းစာသားတွေကိုနားထောင်ကြည့်ရင်သိနိုင်လိမ့်မယ်လို့ Dora ကထင်တယ်။

စာသား​တွေက သူမဖတ်​ခဲ့တဲ့စာအုပ်​​တွေ၊ အမှတ်တရ​တွေကနေမွေးဖွားလာကြပြီး၊guitar တီး​နေတဲ့အခါသံစဉ်တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။ ဥပမာ Wine ဆိုတဲ့သီချင်းဟာ သူမ၀ိုင်ဘယ်လောက်ကြိုက်ကြောင်းရေးထားတာပါ။

“သီချင်းရေးတဲ့အခါ လူတွေကိုအခြေခံပြီးရေးတာမဟုတ်ဘဲ တွေ့ခဲ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုအခြေခံပြီးရေးတာပါ။ ကျွန်မကိုအဓိပ္ပာယ်ရှိတဲ့သင်ခန်းစာတစ်ခုခုပေးခဲ့တဲ့အခြေအနေတွေကနေဂီတကိုဖန်တီးဖို့အတွေးအခေါ်ရတယ်။ ကျွန်မရဲ့ရှုံးနိမ့်မှုတွေ အမှားတွေ၊ ကကျွန်မကိုရင့်ကျက်အောင်သင်ကြားပေးခဲ့တဲ့အခြေအနေတွေကလည်းစိတ်ကူးရလေ့ရှိပါတယ်။”

Album မထွက်ခင်က Yangon Zay မှာတစ်ခေါက်ဖျော်ဖြေခဲ့ဖူးပါတယ်။ အခုလည်းဖျော်ဖြေပွဲတွေမှာသီဆိုဖို့အသင့်ပဲလို့ပြောပါတယ်။ Dora က စာသင်​ဖို့ပြည်ပကိုထွက်​​တော့မှာပါ။ ဒါ​ပေမယ့်​ သီချင်းက​တော့ ဆက်​ပြီး​ရေး​နေဦးမယ်လို့ဆိုပါတယ်။ သူမရဲ့သီချင်းတွေကို ပရိသတ်နဲ့ပြန်ပြီးမျှဝေမလားလို့မေးကြည့်တော့ မဆုံးဖြတ်ရသေးဘူးလို့ဖြေပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here