Youn Ni Ko at Fullstop, The Clubhouse. (Photo: Hae Thaw Htet)
Advertisement

By Min Ye Kyaw

ယွန်းနီကိုဟာ ရန်ကုန်မှာ မွေးပြီး ငယ်စဉ်ကတည်းက သူ့မိသားစုနဲ့အတူ မြေထဲပင်လယ်ရှိ  ဆိုက်ပရပ်စ် နိုင်ငံကို ပြောင်းရွှေ့နေထိုင်ပြီး အဲ့မှာပဲ ကြီးပြင်းခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းဆိုရတာကို နှစ်သက်တာကြောင့် မြန်မာက ဦးလေးဆီအလည်သွားတဲ့အခါ ဦးလေးက ဂစ်တာလက်ဆောင်ပေးပြီး သူမကလည်း ဂစ်တာတီးတတ်အောင်လုပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်ပြီးနောက် သီချင်းရေးနည်းကို လေ့လာပါတော့တယ်။ “သီချင်းစာသားတွေဘယ်လိုရေးရမယ်ဆိုတာ သိတဲ့အချိန်ကစပြီး အရာအားလုံးစတင်ခဲ့တာပါ” ဟု ယွန်းနီကိုက ပြောပါတယ်။ ဆိုက်ပရပ်စ်မှာ နေစဉ်ကတည်းက သူမဟာ ထုတ်လုပ်သူတွေနဲ့ တွေ့ဆုံကာ ဒီနှစ်ကုန်မှာ ထွက်ရှိမယ့်  “Boy” ဆိုတဲ့သီချင်းကို ဖန်တီးခဲ့ပါတယ်။

Photo from @younnikomusic

ယွန်းနီကိုဟာ တက်တူးကြိုက်နှစ်သက်ပြီး တင်းနစ်လည်းကစားပါတယ်။ တနေ့တာဘဝအကြောင်းကို  နေ့စဉ်မှတ်တမ်းစာအုပ်မှာ ရေးမှတ်ရတာ ကြိုက်ပါတယ်။ ယွန်းနီကိုက “ကိုယ့်ကိုယ်ကိုယ် ပြောရမယ်ဆိုရင်တော့ ကျွန်မက  အကောင်းမြင်တတ်သူဖြစ်ပြီး ရိုးသားမှုကို နှစ်သက်ပါတယ်” ဟုဝန်ခံခဲ့ပြီး “မကောင်းတာတွေဖြစ်ရင်လည်း ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ သီချင်းရေးလို့ကောင်းတယ်လေ” ဟု ထပ်လောင်းပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက် ယွန်းနီကိုဟာ Nightlife Culture မှာနေရာရထားပြီး ပရိသတ်အားပေးမှုလည်းရှိတဲ့ Indie music ကို တအံတသြဖြစ်နေပါတယ်။သူမဟာ “မြန်မာနိုင်ငံရဲ့indie music ကျယ်ပြန့်လာအောင် တစိတ်တပိုင်းကနေပါဝင်ချင်ပါတယ်” ဟု ပြောပါတယ်။

Photo from @younnikomusic

MUSE, Radiohead, Gorillaz တို့က ယွန်းနီကိုအပေါ် လွှမ်းမိုးမှုရှိပြီး သူမရဲ့အနုပညာကို တခြားအနုပညာရှင်တွေနဲ့  ပူးပေါင်းဖန်တီးသွားဖို့ ဆန္ဒပြင်းပြနေပါတယ်။ သူမရဲ့နောက်ဆုံးထွက် သီချင်း B ကို သူမဟာ Graffiti ပညာရှင် SATAN၊ ပြည်တွင်းတေးထုတ်လုပ်သူ Fakecake  တို့နဲ့ ပူးပေါင်းဖန်တီးခဲ့ပါတယ်။ သူမရဲ့ နောက်ထွက်မယ့် သီချင်းကတော့ ‘Boy’ လို့အမည်ရပြီး   နောက်ထပ်သူမရဲ့ရည်ရွယ်ချက်တော့ သီချင်းများစွာထုတ်နိုင်ဖို့ပါ။ သူမရဲ့သီချင်းအများစုဟာ ပြည်တွင်းတေးထုတ်လုပ်သူတွေဖြစ်တဲ့ YDNB, Part12, Jerry Jay, W.A.I နဲ့ AJOHN တို့ထုတ်ပေးတာဖြစ်တာကြောင့် လူကြိုက်အများဆုံးဇယားရဲ့ ထိပ်ဆုံးမှာ ပါဝင်ဖို့ သေချာပါတယ်။

ယွန်းနီကိုရဲ့ လှုပ်ရှားမှုကို Facebook page “younnikomusic” ကနေ ကြည့်ရှုနိုင်ပါတယ်။

(ဘာသာပြန်ဆိုသူ – မြတ်နိုးဦး)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here