Advertisement

A Plastic Free Ocean at Wired

မြစ်ချောင်း ပင်လယ်တွေထဲမှာပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ဆိုးကျိုးကိုလူအများသတိပြုမိလာဖို့ ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ပလတ်စတစ်ဘူးတွေ အိတ်တွေနဲ့ art installation တွေပြသသွားမှာဖြစ်ပြီး တခါသုံးပလတ်စတစ်တွေသုံးတာမရပ်ရင်ဖြစ်လာမယ့် သမုဒ္ဒရာတွေရဲ့ပုံကိုပြထားပါတယ်။

When: December 8, 2018 @ 10:30 am – December 9, 2018 @ 5:00 pm
Where: Wired on 39၊ ၃၉လမ်း၊ ရန်ကုန်။
Cost: Free

 

City Beach at Pullman Yangon Centrepoint

ရန်ကုန်ကနာမည်ကျော် DJ တွေဖြစ်တဲ့ DJ Shock, DJ AMilli and DJ Angel တို့နဲ့အတူ ပထမဆုံး City Beach DJ Party ကိုဆင်နွှဲကြမယ်။ Aperol Spritz တွေကိုလည်းပံ့ပိုးပေးသွားမယ်လို့လည်းသိရပါတယ်။ Tuborg ဘီယာနဲ့ဝိုင်တွေကို free flow သောက်နိုင်သလို BBQ တွေလည်းစားရဦးမှာနော်။

When: December 8, 2018 @ 2:00 pm – 10:00 pm

Where: Pullman Yangon Centrepoint၊ ဆူးလေဘုရားလမ်းနှင့်ကုန်သည်လမ်းထောင့်

Cost: 30,000 Kyats

 

Voice of the Youth at Botahtaung Jetty

ဂီတလမ်းကြောင်းအမျိုးမျိုးကတီးဝိုင်းတွေပါဝင်သီဆိုမယ့်ပွဲဖြစ်ပါတယ်။ မတူကွဲပြားမှု၊ လူငယ်ဘ၀၊ လွတ်လပ်မှုတို့ကိုဂီတနဲ့ဖော်ညွှန်းကြမယ်။

When: December 8, 2018 @ 3:00 pm – 11:45 pm
Where: ဗိုလ်တထောင်ဆိပ်ကမ်း၊ ရန်ကုန်
Cost: Free

 

9 Sunday

Sunset Sundays at SEEDS Urban Sunset Beach Lounge

နေ၀င်ချိန်ပါတီမှာ free flow drinks တွေ အရသာရှိလှတဲ့တကိုက်စာမုန့်လေးတွေစားသောက်ရင်း DJ Ana ရဲ့မြူးမြူးကြွကြွတီးလုံးတွေကိုနားထောင်ကြမယ်။ လှပတဲ့ဆည်းဆာချိန်ကိုစောင့်ကြည့်ခံစားကြမယ်။

When: November 25, 2018 @ 4:30 pm – 6:30 pm (မိုးလေကင်းလွတ်တဲ့ရာသီအတွင်းအပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
Where: SEEDS Restaurant & Lounge, ရပ်ကွက် (၁၀)၊ အမှတ် (၆၃) ဦးထွန်းငြိမ်းလမ်း၊ ရန်ကုန်။
Cost: 25 USD

 

Yangon Winter Art Route (Local Only)

My Yangon My Home က​ ရန်​ကုန်​မြို့လယ်​က အနုပညာရတနာသိုက်​ကို
ဆောင်းတွင်း မနက်​ခင်းမှာ ဝါသနာတူ​တွေနဲ့ လမ်း​လျှောက်​ရင်း လိုက်​​လေ့လာကြဖို့ စီစဉ်​ထားတဲ့ Art Route Tour ပြန်​လာပါပြီ…

ဒီဇင်​ဘာ မနက်​ခင်း​ ​အေး​အေး​လေးမှာ ရန်​ကုန်​မြို့ထဲက အနုပညာလက်​ရာ​တွေရှိတဲ့ ပြခန်း​တွေ
ဗိသုကာ​တွေကို လမ်း​လျှောက်​ရင်းလိုက်​ကြည့်​ကြမယ်​။ အ​တွေ့အကြုံရှိ tour guide တစ်​​ယောက်​နဲ့
MYMH က တာဝန်​ခံတစ်​ဦးတို့နဲ့ အတူ ဝါသနာတူသူငယ်​ချင်း​တွေနဲ့ မြို့ထဲလမ်း​လျှောက်​သလို ​လျှောက်​ကြရမှာပါ။

တစ်​​ယောက်​ ၈ထောင် ပါ။ ဒါ​ပေမယ့် ဒီဇင်​ဘာမှာ​တော့ ​လျှော့​ဈေးအ​နေနဲ့ စေ​န​နေ့မတိုင်​ခင်​ စာရင်း​ပေးတဲ့သူက ၆ထောင် ပဲ​ပေးရမှာပါ။ လမ်း​လျှောက်​ရင်း ​မောလာရင်​ အ​အေးတိုက်​မယ်​လို့သိရပါတယ်။ My Yangon My Home page chat box ဒါမှမဟုတ်​ 09750110549 ကို ဆက်​သွယ်​​မေးမြန်းနိုင်​ပါတယ်​။

When: Sunday (December 9) from 09:30-12:30 ၉ ရက်​ ၁၂လ ၂၀၁၈ (တနင်္ဂ​နွေ​နေ့)
Where: ပန်းဆိုးတန်း​အောက်​ဘ​လောက်​ Yangon Heritage Trust (YHT) Gallery

Human Flow by Ai Weiwei screening at The Goethe-Institut

တရုတ်ပြည်ကခေတ်ပြိုင်အနုပညာရှင် ရိုက်ကူးတဲ့ဒီရုပ်ရှင်မှာဆိုရင် နိုင်ငံပေါင်း ၂၃နိုင်ငံကပြည်သူတွေဟာ အငတ်ဘေး၊ ရာသီဥတုဖောက်ပြန်မှု၊ စစ်ပွဲတွေကထွက်ပြေးရပုံအကြောင်းကြည့်ရမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပသမဂ္ဂကကျင်းပတဲ့ လူ့အခွင့်အရေးနေ့ကို ဒီရုပ်ရှင်ပြပွဲနဲ့အဆုံးသတ်မှာဖြစ်ပါတယ်။

When: Sunday from 19:00-22:00
Where: ကမ္ဘာအေးဘုရားလမ်းနှင့်နတ်မောက်လမ်းထောင့်၊ ဗဟန်း။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here