မကြာသေးခင်လပိုင်းလောက်ကရန်ကုန်ရွှေမြို့တော်ကြီးမှာ လက်မှုပစ္စည်းလေးတွေရောင်းချပေးနေတဲ့ဆိုင်တွေဖွင့်လှစ်လာတာတွေ့ရပါတယ်။အခု ခရစ္စမတ်စ်countdownပွဲအတွက်ပြင်ဆင်မယ်ဆိုရင် ဈေးဝယ်ထွက်လို့ရမယ့် အကောင်းတကာ့အကောင်းဆုံးနေရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
Young-On

အခုပြောပြမယ့်Young-On ဆိုတဲ့ဆိုင်လေးကတော့ မြန်မာ့ရိုးရာပစ္စည်းလေးတွေနဲ့ လူကြိုက်များတဲ့ဆိုင်လေးပါပဲ။အဲ့ဆိုင်လေးမှာတော့ သင့်ချစ်သူကောင်မလေး ညီမလေးနဲ့အမေတို့အတွက်သင့်တော်မယ့်ပစ္စည်းလေးတွေရနိုင်ပြီးသင်ခရီးသွားတဲ့အခါထည့်သွားရင်အဆင်ပြေစေမယ့် ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။
ဒီဆိုင်လေးမှာတော့တောက်ပပြီးခေတ်မီတဲ့အရောင်အသွေးရှိတဲ့ယွန်းထည်ထမင်းဘူးလေးတွေ၊ လက်လုပ် ကလေးအဝတ်အစားလေးတွေ အကွက်အဆင်ဖော်ထားတဲ့ အိုးလှလှလေးတွေထဲထည့်ထားတဲ့သဘာဝနဲ့လိုက်လျောညီထွေဖြစ်တဲ့ ပဲနှင့်ပြုလုပ်ထားတဲ့ဖယောင်းတိုင်လေးတွေစသဖြင့် မြန်မာပြည်ကြီးကိုအမှတ်ရနေစေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းလေးတွေရနိုင်မယ့်နေရာလေးပဲဖြစ်ပါတယ်။ ဒါ့အပြင်မိမိကိုယ်တိုင် ဘာဝယ်လို့ဝယ်ရမှန်းမသိဖြစ်နေရင်လည်း မပူပါနဲ့။ သင့်ရဲ့ သူငယ်ချင်း သို့မဟုတ်သင့်ရဲ့မိသားစုဝင်တစ်ဦးဦးက လူကိုယ်တိုင်လာပြီး သူတို့လိုချင်တာလေးတွေ အချိန်မရွေးလာရောက်ရွေးချယ်လို့ရအောင်ပြုလုပ်ပေးထားတဲ့လက်ဆောင်ကတ်လေးတွေလည်းရနိုင်ပါတယ်။
လိပ်စာ။ ။ Burma Bistro လမ်းကြား၊ကုန်သည်လမ်းနဲ့ရွှေဘုံသာလမ်းထောင့်
ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီမှညနေ၅နာရီထိ
Bonjour

အမြဲတမ်း တိုးတက်နေတဲ့ ဘိုကလေးဈေး အပေါ်မှာ ရှိတဲ့ Bonjour ဆိုင်လေးကတော့ အရည်အသွေးကောင်းမွန်တဲ့လက်ဆောင်ပစ္စည်းလေးတွေပေးချင်ရင်ပဲဖြစ်ဖြစ် အမှတ်တရပစ္စည်းကောင်ကောင်းပေးချင်ရင်ပဲဖြစ်ဖြစ်ဝယ်ယူရရှိနိုင်တဲ့ ရတနာသိုက်လေးတစ်ခုပဲဖြစ်ပါတယ်။ ကြေးနဲ့ပြုလုပ်ထားတဲ့စက္ကူဖိလိပ်ရုပ်မှစပြီး ပျော်ပွဲစားထွက်ရင်သုံးတဲ့ကြိမ်ခြင်းလေးတွေအစ ရရှိနိုင်တဲ့ Bonjour ဟာဆိုရင် မြန်မာ့ရိုးရာပစ္စည်းလေးတွေကို ခေတ်မီတဲ့အသွင်ပေါက်အောင် ဖန်တီးထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်လေးကို စတင်တည်ထောင်ခဲ့သူကတော့ပြင်သစ်အဆောက်အဦးဒီဇိုင်နာ Patrick Robert ဖြစ်ပြီး Governor’s Residence ဒီဇိုင်းဆွဲပေးသူတစ်ဦးပဲဖြစ်ပါတယ်။ ဆရာ့ရဲ့ မြန်မာပြည်မှာနေခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း မြန်မာ့ပြည်တွင်းဖြစ်ပစ္စည်းများစုစည်းမှုဟာဆိုရင်ဖြင့် အထွတ်အထိပ်ကိုရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့အတိုင်းအတာအရ ဈေးအနည်းငယ်မြင့်သော်လည်းပဲ Bonjour ဆိုင်လေးဟာဆိုရင်ဖြင့် ထူးဆန်းတဲ့ ပစ္စည်းလေးတွေရှာဖွေတွေ့ရှိနိုင်တဲ့ နေရာလေးပဲဖြစ်ပါတယ်။
လိပ်စာ။ ။ ၉၄၊ ဘိုကလေးဈေးလမ်း။
ဆိုင်ဖွင့်ချိန်။ ။ မနက် ၁၀နာရီမှ ညနေ ၇နာရီထိ။
ရန်ကုန်ဈေး

ခရစ္စမတ်စ်အတွက်ဈေးဝယ်ထွက်ရတာဝါသနာမပါဘူး။ ဒါပေမယ့်လတ်ဆတ်တဲ့အစားအသောက်အဖျော်ရည်ယမကာတွေကတော့ ကိုယ့်အကြိုက်ပဲဆိုသူတွေအတွက်ကတော့ရန်ကုန်ဈေးကို ဦးတည်ပြီးသွားလိုက်ပါ။
အစားအသောက်မျိုးစုံကိုတော့ ခေါင်းရွက်သည်များကရောင်းချနေကြပြီးတော့ အဝတ်အထည်တွေကိုတော့ နာမည်ကြီးတံဆိပ် Lilla, ကျောက်မျက်ရတနာအတွက် Pretty Little Gems နဲ့ Wolf Kitchen ကအရသာအစုံအလင်ရရှိနိုင်တဲ့ ဟိမ၀န္တာဆားအိုးလေးတွေကိုရောင်းချပေးနေပါတယ်။ အေးမြလတ်ဆတ်တဲ့ အုန်းစိမ်းရည်ကိုသောက်ရင်း ဒီဂျေ Yu KT ရဲ့ သီချင်းသံလေးကိုနားဆင်ရင်း ရန်ကုန်ဈေးရဲ့ ဈေးတန်းကိုလျှောက်ပတ်ကြည့်လို့ရပြီနော်။
လိပ်စာ။ ။ ကန်ရိပ်သာ၂ လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။
ဈေးဖွင့်ချိန်။ ။ မနက်၁၀နာရီမှည၈နာရီ(သတ်မှတ်ထားသော
အားလပ်ရက်သာ)
dacco.

dacco. ဆိုင်လေးကတော့ ပါရမီလမ်းပေါ်မှာတည်ရှိပါတယ်။ ဒီဆိုင်လေးကတော့ ရာစုနှစ်များစွာက ရှေးဟောင်း မြန်မာ့ရိုးရာလက်မှုပညာနှင့် ယဉ်ကျေးမှုတွေကို တစ်ဖန်ပြန်လည် အသက်ဝင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ဆိုင်လေးပါ။ သင့်ရဲ့အဖေ အစ်ကို နဲ့ ချစ်ရသူကောင်လေးအတွက် လက်ဆောင်ဝယ်ပေးဖို့ သင့်လျော်တဲ့ဆိုင်လေးဖြစ်ပြီးတော့ မကြာသေးမီကမှ အသစ်မိတ်ဆက်ထားတဲ့ ယောက်ျားလေးဝတ်လုံချည်ထည်စလေးများနဲ့ပြုလုပ်ထားတဲ့ နက်ကတိုင်လေးတွေကလည်း သင်ချစ်ရသူတွေဖြစ်တဲ့ဖေဖေ့အတွက်ပဲဖြစ်ဖြစ် အကို့အတွက်ပဲဖြစ်ဖြစ် သင့်ကောင်လေးအတွက်ပဲဖြစ်ဖြစ်လက်ဆောင်ပေးဖို့အတွက် အကောင်းဆုံးဖြစ်နေမှာပါ။ အခြားရရှိနိုင်တဲ့အရာလေးတွေကတော့ ကြိမ်နဲ့ပြုလုပ်ထားတဲ့ အမှိုက်ခြင်းလေးတွေ၊ လက်လုပ်သစ်သား ထမင်းပန်းကန်လုံးလေးတွေ ပုဂံက ယွန်းထည်လက်ဖက်ရည်ခွက်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် dacco. မှာ ရခိုင်၊မွန်၊ကချင်၊ကရင်၊နာဂ၊ချင်းနဲ့ ရှမ်း ဖျင်ထည်များကို ရက်လုပ်တဲ့ ပြည်တွင်းလက်မှုပညာရှင် အသင်းလည်းရှိပါတယ်။
လိပ်စာ။ ။ အခန်းနံပါတ်၅၊ ပါရမီ၁၂လမ်း၊၁၀ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊
ရန်ကုန်။
ဆိုင်ဖွင့်ချိန်။ ။ မနက်၁၀နာရီမှညနေ၆နာရီခွဲထိ
ပန်းချီအလုပ်ခန်း – ရန်ကုန်နံရံများ

မကြာသေးခင်က ၄၁ လမ်းမှာ အသစ်ထပ်မံဆေးရေးခြယ်ထားတဲ့YGN Wallsတွေကတော့ ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားလေးတွေကို သူတို့ရဲ့ပြောင်မြောက်တဲ့အနုပညာလက်ရာတွေနှင့် အလှဆင်ခြင်းဖြင့် လူသိများပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ သူတို့ရဲ့ လက်ရာတွေကို အိမ်ကိုယူသွားနိုင်အောင်အသေးစား concept စတိုးလေးတွေကို ဖွင့်လှစ်လိုက်ပါပြီ။ ပန်းချီဆရာတွေရဲ့ စုပေါင်းရေးခြယ်ထားတဲ့ bold prints တွေ ဓာတ်ပုံတွေ ပန်းချီတွေက ရန်ကုန်မြို့ရဲ့ တစ်ပိုင်းတစ်စကို သင့်အိမ်အရောက် ဒီခရစ္စမတ်စ်မှာ ယူဆောင်လာပေးမှာပါ။ မြို့အနှံ့ အနုပညာပန်းချီဆေးရေးတွေကို ပြန့်နှံ့စေနိုင်ဖို့ရည်ရွယ်ပြီး သူတို့ရဲ့ အမြတ်ငွေ တစ်စွန်းတစ်စကို YGN Walls စီမံကိန်းထဲ ပြန်လည်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
လိပ်စာ။ ။ အိမ်နံပါတ်၁၂၄၊ ၄၁လမ်း၊ အထက်ဘလောက်၊ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်။ ။ မနက်၁၀နာရီမှညနေ၆နာရီအထိ။
အောက်ကပစ္စည်းလေးတွေကိုလည်း ဝယ်ထားဖို့မမေ့နဲ့နော်
ယုဝတီဘေးလွယ်အိတ်

ဒီတင့်တယ်လှပတဲ့ လက်လုပ် ကရင် ချည်လွယ်အိတ်လေးတွေကတော့ ဒီဇိုင်းမျိုးစုံ အရောင်မျိုးစုံရှိပီး လက်ဆောင်ပေးဖို့သင့်တော်တဲ့ အိတ်လေးတွေပဲဖြစ်ပါတယ်။ အိတ်လေးတွေကို ဘိုကလေးဈေး ယုဝတီစင်တာမှာဝယ်ယူရရှိနိုင်ပီး Facebook page ကနေလည်း order မှာယူလို့ရပါတယ်။
မ-နွမ် အုန်းခွံပန်းကန်လုံးလေးများ

မ-နွမ်(အုန်းသီးဟုခေါ်သောမွန် အခေါ်အဝေါ်) တွေကတော့အသုံးပြုထားပြီးသောအုန်းသီးခွံလေးများမှ ရာနှုန်းပြည့်ပြန်လည်ပြုလုပ်ထားတဲ့ ပန်းကန်လုံးလေးတွေပဲဖြစ်ပါတယ်။ ဆီ၊ ပျားဖယောင်းတို့နှင့် အနားသတ်ထားတဲ့ ဒီပန်းကန်လုံးလေးတွေဟာ ပတ်ဝန်းကျင်ကို အန္တရာယ်မပြုတဲ့အပြင် ဘတ်တီးရီယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အတွက် မနက်ခင်း smoothie mix အတွက် ပြီးပြည့်စုံစေပါတယ်။
Palu ဝါးပိုက်

ရန်ကုန်မှာ ခရစ္စမတ်စ်အတွက် စီစဉ်တော့မယ်ဆိုရင်သင်နဲ့သင့်ရဲ့ ဘော်ဘော်တွေ ခရစ္စမတ်စ် eggnog ဖျော်ရည်ကို Palu ကလုပ်တဲ့ ဝါးပိုက်လေးနဲ့အတူအထာကျကျသောက်နိုင်ဖို့ အမြန်လေးပြေးဝယ်လိုက်ကြတော့နော်။