Advertisement

ဒင်ဆမ်းပူပူနွေးနွေးသုံးဆောင်နိုင်မယ့် ဒင်ဆမ်း brunch ပရိုမိုးရှင်းကို Royal Pavilion မှာရရှိမှာဖြစ်ပါတယ်။ မလေးရှားလူမျိုး စားဖိုမှူး Ooi Boon Cheng ကိုယ်တိုင်ပြင်ဆင်ထားတာကြောင့် အရသာကောင်းမွန်တဲ့ဒင်ဆမ်း ၆၅ မျိုးကို စနေနေ့တိုင်းမှာစိတ်တိုင်းကျ တစ်ယောက်ကို ဘီယာ ၂ ခွက်လက်ဆောင်အပါအဝင် မြန်မာငွေ ၃၀,၀၀၀ ကျပ်တည်းဖြင့် သုံးဆောင်ရမှာပါ။

ဒင်ဆမ်းအမျိုးပေါင်း ၆၅ မျိုးမှာ အပေါင်း၊ အကြော်၊ အပြုတ်၊ ဟင်းချို၊ အချိုပွဲ နှင့် အခြားဟင်းလျာမျိုးစုံကို အရသာတစ်မျိုးစီဖြင့် မြည်းစမ်းရမှာဖြစ်ပြီး သတ်သတ်လွတ်စားသူများအတွက်ပါ အဆင်ပြေစေမယ့် သတ်သတ်လွတ်ဟင်းလျာ၊ သတ်သတ်လွတ်ဒင်ဆမ်းများပါ ရရှိမှာဖြစ်ပါတယ်။ ဒင်ဆမ်းနှင့်တွဲဖက်သုံးဆောင်နိုင်မယ့် တရုတ်ရေနွေး ၄ မျိုးနှင့် ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့ကိုလည်း စိတ်ကြိုက်သုံးဆောင်နိုင်မှာပါ။

စားဖိုမှူး Ooi Boon Cheng ဟာဆိုရင် မလေးရှားမှ အနှစ် ၄၀ ကျော်ကြာဝါရင့်ဟင်းချက် စားဖိုမှူးတစ်ဦဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ်များမှ ဆုတံဆိပ်များစွာ ရရှိထားသူဖြစ်ပါတယ်။ တရုတ်အစားအစာချက်ပြုတ်ပိုင်းမှာ တစ်ဖက်ကမ်းခတ်ချက်ပြုတ်နိုင်စွမ်းရည်ရှိသူဖြစ်တာကြောင့် သူရဲ့ဒင်ဆမ်းလုပ်ပုံအဆင့်ဆင့် လျှို့ ဝှက် recipe ကို ဖွင့်ပွဲနေ့မှာကြည့်ရှုရမှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here