By Nay Thiha
The Essence of Buddhism

ဒီစာအုပ်ဟာဂေါတမဗုဒ္ဓရဲ့ဆုံးမမှုတွေနဲ့ဗုဒ္ဓဘာသာရဲ့အခြေခံအတွေးအခေါ်တွေကို နိုင်ငံခြားသားတယောက်ရဲ့အမြင်အတိုင်းရေးသားထားတာဖြစ်ပါတယ်။ ကံကြမ္မာ၊ ဇင်ကျင့်စဉ်၊ ဗုဒ္ဓရဲ့ဖြတ်သန်းမှု၊ သူ့ရဲ့ကမ္ဘာကြီးအပေါ်လွှမ်းမိုးမှုတွေကိုရေးသားထားတယ်။ နိုင်ငံခြားသားတယောက်ရဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီးဗုဒ္ဓဘာသာအကြောင်းရေးထားတာမို့ ကွဲပြားတဲ့အမြင်တမျိုးပေးစွမ်းနိုင်ပါတယ်။ ဒီစာအုပ်ကိုဖတ်ကြည့်ပြီးသွားရင် နှစ်ပေါင်း ၃၀၀၀ကျော်ကထွန်းကားခဲ့တဲ့ ဗုဒ္ဓရဲ့ကျင့်စဉ်ဟာယနေ့ခေတ်လူနေမှုစနစ်နဲ့ အံဝင်ခွင်ကျဖြစ်နေဆဲရှိသေးတယ်ဆိုတဲ့အကြောင်းနားလည်သွားပါလိမ့်မယ်။
The Sky is Everywhere

ညီမဖြစ်သူ Bailey သေဆုံးပြီးစိတ်လေနေတဲ့ Lennie တယောက် Bailey ရဲ့ချစ်သူကောင်လေး Toby နဲ့ သူတို့မြို့ကိုအသစ်ပြောင်းလာတဲ့ Joe တို့ကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖန်တီးမိတယ်။ Toby ဟာအေးဆေးပြီးဆွဲဆောင်မှုရှိတယ်။ Joe ကတော့သွက်လက်ပြီးဂီတပါရမီရှိသူ။ အကျင့်စရိုက်မတူညီတဲ့သူတို့နှစ်ယောက်ဟာ Lennie လိုအပ်ချက်တွေကိုသူ့နည်းနဲ့သူ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ဒါပေမယ့်သူတို့နှစ်ယောက်လုံးကိုဘ၀ထဲထည့်ထားဖို့မဖြစ်နိုင်တဲ့အခါ Lennie ဘယ်သူ့ကိုရွေးချယ်မလဲ…။
The Raven and Other Tales

ဂန္ထ၀င်ထိတ်လန့်သည်းဖိုစာရေးဆရာ Edgar Allen Poe ရဲ့ကဗျာ The Raven နဲ့သူ့နာမည်ကြီးဝတ္ထုတိုတွေ စုစည်းမှုပါ။ The Raven ဟာချစ်သူသေဆုံးလို့ဝမ်းနည်းပူဆွေးနေတဲ့ ကောင်လေးတယောက် ညဘက်ကြီးတယောက်တည်းနေနေတုန်း သူ့ဆီလာလည်တဲ့ကျီးကန်းတကောင်နဲ့ပတ်သက်ပြီး စိတ္တဇဆန်ဆန်အတွေးတွေပေါ်လာတာကိုဖွဲ့ဆိုထားတဲ့ကဗျာဖြစ်ပါတယ်။ ဒီကဗျာမှာလူငယ်ခံစားရတဲ့ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်းတွေကို သရုပ်ပေါ်အောင်ရေးသားနိုင်တဲ့အတွက် Poe နဲ့ The Raven ဟာခွဲခြားမရတဲ့အထိအောင်မြင်ကျော်ကြားခဲ့တယ်။ ဒီစာအုပ်မှာတော့ The Raven အပြင် The Pit and the Pendulum, The Telltale Heart တို့လိုသူ့နာမည်ကြီးဝတ္ထုတိုတွေကိုပါဖတ်ရှုရမယ်။
The Ministry of Utmost Happiness

ဒီဝတ္ထုဟာမျက်မှောက်ခေတ်အိန္ဒိယနိုင်ငံရဲ့လူမှုဘ၀တွေပေါ်အခြေခံထားတယ်။ မြေယာဥပဒေပြောင်းလဲမှုကြောင့် အိန္ဒိယကဆင်းရဲတဲ့လယ်သမားတွေမြေယာဆုံးရှုံးရတာကနေ ၂၀၀၂ ခုနှစ်မှာဖြစ်ပွားတဲ့ကတ်ရှ်မီးယားဒေသကသူပုန်ထမှုတွေကို ဇာတ်ရဲ့နောက်ခံပိတ်ကားအဖြစ်မြင်ရမယ်။ ဒီဇာတ်လမ်းမှာ အစ္စလာမ်ဘသာဝင် မိန်းမလျှာ (Hijra) တယောက်၊ ပုန်ကန်လိုစိတ်ရှိတဲ့ဗိသုကာပညာရှင်တယောက်၊ ထောက်လှမ်းရေးရဲအရာရှိတယောက်တို့ရဲ့ဘ၀တွေနဲ့ အိန္ဒိယကဟိန္ဒူနဲ့မွတ်ဆလင်အသိုင်းအ၀ိုင်းကြားပွတ်တိုက်မှုတွေကိုတွေ့ရမှာပါ။
The Armageddon Rag

ရော့ခ်တီးဝိုင်းတွေကို promote လုပ်ပေးရတဲ့ Jamie Lynch ဆိုတဲ့သူအသတ်ခံရတယ်။ သူ့ရဲ့နှလုံးကလည်းဆွဲထုတ်ခံထားရတယ်။ Lynch ရဲ့အလောင်းကိုရှာတွေ့တဲ့နေ့ကလည်းတိုက်တိုက်ဆိုင်ဆိုင် Nazgûl ဆိုတဲ့ရော့ခ်တီးဝိုင်းဖျက်သိမ်းတာ ၁၀နှစ်ပြည့်တဲ့နေ့ဖြစ်နေတယ်။ ဒီအမှုမှာ Sandy Blair လို့ခေါ်တဲ့ဟစ်ပီစာရေးဆရာက ၀င်ရောက်စုံစမ်းရာကနေ Lynch ဟာရော့ခ်တီးဝိုင်းတော်တော်များများရဲ့ မုန်းတီးခြင်းကိုခံနေရသူမှန်း သိလာရတယ်။ Lynch ကိုဘယ်သူသတ်တာလဲ။ ဘာကြောင့်ယဇ်ပူဇော်သလိုနှလုံးကိုဆွဲထုတ်သွားရတာလဲ။