Huawei Consumer Business Group (Myanmar) ဟာဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ Huawei Nova 4 ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဒီစမတ်ဖုန်းမှာ ၆.၄ လက်မ မျက်နှာပြင်အရွယ်ရှိ Punch Hole Full View Display နဲ့ ကမ္ဘာ့အသေးငယ်ဆုံး အရှေ့ကင်မရာတို့ ပါဝင်လာပါတယ်။ ဒါဟာစမတ်ဖုန်းဈေးကွက်ထဲမှာတော့ ပထမဆုံးတွေ့ရတဲ့ဒီဇိုင်းပိုင်းဆိုင်ရာထူးခြားမှုလို့လည်းပြောနိုင်ပါတယ်။
“Nova စီးရီးဟာ ငယ်ရွယ်နုပျိုမှုနဲ့ တက်ကြွလန်းဆန်းတဲ့ လူငယ်တွေရဲ့ ဘဝကိုကိုယ်စားပြုပါတယ်။ အခုလိုမျိုး နောင်မှာ လူကြီးဖြစ်လာမည့် လူငယ်တွေထံကို အခုဆိုရင် အရင်တုန်းက Flagship ဖုန်းတွေမှာသာ အသုံးပြုနိုင်တဲ့ အဆင့်မြင့် နည်းပညာ နဲ့ လုပ်ဆောင်ချက်တွေကို ယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Nova 4 မှာ ထည့်သွင်းလာနိုင်တဲ့ ၆.၄ လက်မ မျက်နှာပြင် အရွယ်ရှိ Punch Hole Full View Display ကို မြန်မာနိုင်ငံမှာပါ မိတ်ဆက်လိုက်နိုင်ပြီဖြစ်တဲ့ ကျွန်မတို့ Huawei အနေနဲ့ ခေတ်ရေစီးကြောင်းရဲ့ အရှေ့မှာ အမြဲရပ်တည်နေနိုင်တယ်ဆိုတာကို နောင်တစ်ကြိမ် သက်သေစိုက်ထူလိုက်နိုင်ခြင်းဖြစ်ပါတယ်” ဟု Huawei Consumer Business Group ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းမှ ပြောကြားခဲ့ပါတယ်။
Nova 4 မိတ်ဆက်ပွဲနှင့်အတူ Huawei Nova Series အား ကိုယ်စားပြုသူအဖြစ် May Grace အားခန့်အပ်ခဲ့ပါတယ်။
Huawei Nova မျိုးဆက်တွေထဲမှာ လေးဆက်မြောက်ဖြစ်တဲ့ Nova 4 မှာ Huawei ၏ Flagship ထုတ်ကုန်များတွင်သာ အသုံးပြုလေ့ရှိတဲ့ 10nm အရွယ်ရှိ Kirin 970 ၊ 8GB RAM နှင့် 128 GB ROM ၊ ကြာရှည်ခံသည့် 3750 mAH ဘတ္ထရီ ၊ ဂိမ်းလုပ်ဆောင်ချက်များကို အထစ်အငေါ့မရှိအောင်ပံ့ပိုးပေးနိုင်မယ့် GPU Turbo 2.0 စတဲ့နည်းပညာများပါဝင်လာတာကိုတွေ့ရတယ်။
စမတ်ဖုန်းမျက်နှာပြင်ဘောင်တွေကိုသူ့ထက်ငါအပြိုင်လျှော့ချပြီး မျက်နှာပြင်ကျယ်ကျယ်ဖုန်းသေးသေးရဖို့ ကြိုးစားလာကြတဲ့ခေတ်ကြီးမှာ Huawei ရဲ့မျက်နှာပြင်အောက်ရှေ့ကင်မရာမြှုပ်တဲ့နည်းပညာဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ နားနားကပ်ပြီးဖုန်းပြောတဲ့အချိန်မှာ display ကိုအလိုအလျောက်ပိတ်ပေးတဲ့ Proximity Sensor ကိုလည်းဖုန်းရဲ့ထိပ်ပိုင်းမှာ နေရာချထားနိုင်တာတွေ့ရတယ်။ ဒါကြောင့်ဘောင်တွေကအလွန်ပါးလွှာပါတယ်။
ကျော့ရှင်းလှပတဲ့ 3D မှန်ဖုန်းကိုယ်ထည်ရှိပြီး၊ 7.7mm ခန့်သာထူပြီး နှင့် 172 gram သာလေးတာကြောင့် လက်ထဲမှာကိုင်လို့ကောင်းနေပြီးပေါ့ပေါ့ပါးပါးရှိတယ်။ Nova 4 ကိုမြန်မာပြည်ဈေးကွက်ထဲမှာ Crush Blue နှင့် Black အရောင်နှစ်ရောင်ဖြင့်ရရှိနိုင်ပါတယ်။
ထို့အပြင် Huawei ၏ Diamond Service အနေဖြင့် Nova 4 ကိုဝယ်ယူသွားတဲ့နေ့မှစပြီးရက်ပေါင်း ၃၀ အတွင်း screen ကွဲအက်ခြင်းများဖြစ်ခဲ့ပါက အခမဲ့လဲပေးမယ့်ဝန်ဆောင်မှုလည်းရှိပါတယ်။ Huawei Nova 4 ဝယ်ယူသူများဟာအထူးလက်ဆောင်အဖြစ် လွန်စွာပါးလွှာတဲ့ Professional Sports-Design Smartwatch ဖြစ်တဲ့ Huawei Watch GT ကိုရရှိဦးမှာပါ။ GT Watch မှာ အိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း တို့ကိုသိပ္ပံနည်းကျတွက်ချက်ပေးနိုင်သည့် စနစ်များ၊ GPS လုပ်ဆောင်ချက်များအပြင် ဆန်းသစ်သောနည်းပညာအမျိုးမျိုးပါဝင်ပါတယ်။ Nova 4 ကိုဈေးကွက်ထဲမှာ ကျပ် ၈၅၉,၀၀၀ ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းက Huawei အရောင်းကိုယ်စားလှယ်များမှာဝယ်ယူရရှိနိုင်ပါပြီ။