
အီတလီသံရုံးဟာ မတ်လ ၈ရက်နေ့တွင်ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို တေးဂီတဖြင့်ဆင်နွှဲရန်စီစဉ်ထားပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ဥရောပသမဂ္ဂကိုလည်း ကိုယ်စားပြုပါတယ်။
အဖွဲ့ဝင် ၄ဦးပါဝင်တဲ့ Quartetto Viotti တီးဝိုင်းဟာ မတ်လ ၈ရက်နေ့ညနေ ၇နာရီမှာ နေပြည်တော်က Kempinski Hotel မှာဖျော်ဖြေသွားမှာဖြစ်ပါတယ်။ သူတို့ဟာ Mercadante, Mozart, Paisiello နဲ့ Rolla တို့ရဲ့တေးသွားတွေကိုတီးခတ်သွားမှာပါ။ မည်သူမဆိုဝင်ကြေးအခမဲ့ဖြင့်ဝင်ရောက်နားဆင်နိုင်ပါတယ်။
နေပြည်တော်မှာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ကလည်း အီတလီသံရုံးကကြီးမှူးပြီး Duo Gazzana ဆိုတဲ့ဂီတဖျော်ဖြေပွဲကျင်းပခဲ့ဖူးပါတယ်။
မတ်လ ၁၅ ရက်နေ့၊ ည ၈:၁၅ မှာလည်း ရန်ကုန်မြို့ Pullman Centrepoint Hotel မှာ အီတလီသံရုံးကပဲကြီးမှူးပြီး IBLA Foundation နဲ့ပူးပေါင်း၍ ငယ်ရွယ်နုပျိုတဲ့ဂီတပါရမီရှင်များရဲ့ ဖျော်ဖြေပွဲကိုစီစဉ်ထားပါတယ်။ IBLA Foundation ဟာ New York အခြေစိုက်ယဉ်ကျေးမှု အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီနိုင်ငံ စစ္စလီကျွန်းက Ragusa Ibla မြို့အသိုင်းအ၀ိုင်းနဲ့လည်း နက်နက်ရှိုင်းရှိုင်းပတ်သက်ဆက်နွယ်နေပါတယ်။ ဒီ foundation ဟာလူငယ်ဂီတပါရမီရှင်တွေကို မြေတောင်မြှောက်ပေးနေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

အခု Pullman Centrepoint Hotel မှာကျင်းပသွားမယ့်ပွဲမှာဥရောပ၊ ဂျော်ဂျီယာ၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စုတို့မှ ဂီတပညာရှင် ၁၀ယောက်ကတလှည့်စီဖျော်ဖြေသွားမှာပါ။ Bach, Beethoven နှင့် Ravel မှ Rosenblatt, Poulenc နှင့် Gershwin စသောဂီတပညာရှင်တို့ရဲ့တေးသွားများကို တီးခတ်သွားမှာဖြစ်ပါတယ်။ Federico Ercoli and Corrado Neri (Italy, piano); Anchie Donn (Taiwan/USA, piano); Tamara Licheli (Georgia, piano); Lestari Scholtes & Gwylim Janssen (The Netherlands, Piano Duo); Kamila Bydlowska (Poland, violin); Shinobu Otake (Japan, clarinet); Andrea-Foivos Apostolou (Greece, piano) တို့ကဖျော်ဖြေသွားမှာပါ။ Neri နဲ့ Apostolou တို့ဟာသူတို့ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ တေးသွားတွေကိုလည်း တီးခတ်သွားမှာဖြစ်ပါတယ်။
မည်သူမဆိုအခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး ကြိုတင်စာရင်းပေးစရာလည်းမလိုပါဘူး။