၂၀၁၉ ခုနှစ် Myanmore Dining & Nightlife Awards ပွဲကြီးမှာ ကမ္ဘောဇဘဏ်က ချီးမြှင့်သွားမယ့် KBZ Entrepreneur of The Year 2019 ဆုအတွက် ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်နေပါပြီ။ အစားအသောက်နဲ့အဖျော်ယာမကာလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို ဗီဒီယိုတစ်ခုရိုက်ကူးဖန်တီးပြီး Myanmore ကိုပေးပို့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Video ဖိုင်တွင် ပါဝင်ရမည့် အချက်အလက်များ (စည်းကမ်းချက်များ)
(၁) ကိုယ်တိုင်ဖန်တီးထားတဲ့ လုပ်ငန်းမိတ်ဆက်ဗီဒီယိုမှာ မိမိနဲ့ လုပ်ငန်းရဲ့ အကြောင်းကို မိတ်ဆက်ရှင်းပြပါ။
(၂) လုပ်ငန်းအတွင်းက ကဏ္ဍအားလုံးကို လိုက်လံမိတ်ဆက်ပေးပါ။
(၃) Video ဖိုင်တွင် အောက်ပါမေးခွန်းများကို ဖြေဆိုပေးထားရပါမည်။
- က) လုပ်ငန်းအတွက် အနာဂတ်မှာ ဘာတွေမျှော်မှန်းထားသလဲ။ ကိုယ့်ရဲ့အောင်မြင်မှုကို ဘယ်လိုအရေးကြီးဆုံးအမှတ်အသားနဲ့ တိုင်းတာမလဲ။
- ခ) စွန့်ဦးထွင်လုပ်ငန်းရှင်ဘဝမှာ ကြုံခဲ့ဖူးတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကဘာလဲ။
- ဂ) ငွေကြေးပံ့ပိုးမှုက သင့်လုပ်ငန်းအပေါ်ဘယ်လိုအကျိုးရှိမလဲ။
- ထောက်ပံ့မှု ဒါမှမဟုတ် ချေးငွေရခဲ့ရင် ဘယ်လိုအသုံးချဖို့ စီစဉ်ထားသလဲ။
- ဃ) မြန်မာဘာသာစကားကိုသာအသုံးပြုရပါမယ်။
– နောက်ဆုံးအဆင့်အနိုင်ရရှိသူအား အများပြည်သူမဲပေးစနစ်ဖြင့်ရွေးချယ်သွားမှာပါ။
– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုသည် KBZ ဘဏ်မှအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခဲ့သော် ငွေကြေးထောက်ပံ့မှုနှင့် အကြံဉာဏ်များရရှိမှာဖြစ်ပါတယ်။
မတ်လ (၂) ရက်နေ့မှာ ကျင်းပသွားမယ့် Myanmore Dining & Nightlife Awards မှာ ရွေးချယ်ချီးမြှင့်သွားမယ့် KBZ Entrepreneur of the Year 2019 ဆုရရှိသူအတွက် ကမ္ဘောဇဘဏ်က အကြံဉာဏ်နဲ့ ငွေကြေးပံ့ပိုးမှုအစီအစဉ်များ ရှိမယ့်အပြင် ကမ္ဘောဇဘဏ်ရဲ့ Deputy CEO နဲ့ Mentoring Session ကိုလည်း (၆)လ တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင်ကျော်မျိုးက “အခြား လုပ်ငန်းနယ်ပယ်တွေက အားကျအတုယူရမယ့် အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းနယ်ပယ်ရဲ့ အောင်မြင်တဲ့ ထွန်းသစ်စ လုပ်ငန်းရှင် တွေကို ရှာဖွေအသိအမှတ်ပြုပေးပြီး ထောက်ပံ့ကူညီပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ အကျိုးအမြတ်ရရှိဖို့တင်မကဘဲ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း ရေရှည်လည်ပတ် နိုင်ဖို့အတွက်ပါ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်လိုမျိုး သူတို့တွေကို ကူညီပေးဖို့ အကောင်းဆုံး အနေအထားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်ကနေ တစ်တပ်တစ်အား ပါဝင်ကူညီ အားဖြည့်ပေးလိုပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့ မိတ်ဆက်ထားတဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်မှာ ဈေးဆိုင်ပိုင်ရှင်ပေါင်း (၃၉,၀၀၀) နဲ့ ပူးပေါင်းလုပ်ကိုင်ထားပြီး အဲ့ဒီ့ လုပ်ငန်းရှင်တွေထဲက အများစုက အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်း စတင်လုပ်ကိုင်နေကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ “KBZ Entrepreneur of The Year 2019” ဆုကြီး ဆွတ်ခူးနိုင်ဖို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အားလုံးကို ပြိုင်ပွဲဝင် ဗီဒီယိုတွေ ပေးပို့ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောခဲ့ပါသည်။
သင်ကကိုယ်ပိုင်အစားအသောက်နဲ့အဖျော်ယာမကာ လုပ်ငန်းတစ်ခုခုကို ဖန်တီးပဲ့ကိုင်နေတဲ့လုပ်ငန်းရှင်တစ်ဦး ဖြစ်တယ်ဆိုရင် အခုပဲ လုပ်ငန်းအကြောင်း ဗီဒီယိုတစ်ခုရိုက်ကူးပြီး https://goo.gl/forms/5LpKvPh516Tg4p2E3 သို့ 14.2.2019 ထက်နောက်မကျဘဲ အမြန်ဆုံးပေးပို့ယှဉ်ပြိုင်လိုက်ပါ။
(စာရင်းပေးသွင်းနည်းများကိုအောက်ပါပုံများထဲတွင်ကြည့်နိုင်ပါတယ်)
Link ထဲဝင်သွားပါက Email လိပ်စာအပါအဝင် ကိုယ်ရေးအချက်အလက်များ
ဖြည့်ပါ။ *ပြထားလျှင်မဖြည့်မနေဖြည့်
ရပါမည်
ဤနေရာသို့ရောက်သည်အထိ scroll down လုပ်သွားပါ
နာမည်နှင့် video link ကိုထည့်သွင်းပါ