Advertisement

By Min Ye Kyaw

မကြာခင်မှာရောက်လာတော့မယ့် ချစ်သူများနေ့မှာကိုယ့်ချစ်သူနဲ့အတူတကွအမှတ်တရတွေဖန်တီးနိုင်ဖို့ အစီအစဉ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးတွေဟာငွေကုန်ကြေးကျလည်းသက်သာပြီး ပျော်ဖို့လည်းကောင်းတာမို့ မမေ့နိုင်စရာ date တခုဖြစ်လာမှာပါ။

ကန်ရေပြင်ဘေးမှာထိုင်ရင်းနေ၀င်ချိန်ကိုကြည့်ပါ

ဘယ်တော့မှရိုးမသွားနိုင်မယ့်နေရာလေးပါ။ ကန်ရေပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေညှင်းလေးတွေကို ခံစားရင်းနေ၀င်ဆည်းဆာကိုကြည့်ပြီး ကိုယ့်ချစ်သူနဲ့ညနေခင်းလေးကိုအတူဖြတ်သန်းပါ။ ပိုပြီး romantic ဆန်သွားဖို့စောင်လေးတထည်ကိုမြက်ခင်းပေါ်မှာခင်းပြီး နီးနီးကပ်ကပ်ထိုင်ရင်း Ed Sheeran သီချင်းတွေကိုဂစ်တာနဲ့တီးပြလိုက်ပါနော်။

မနက်စာ waffle စားပါ

မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ Hejohejo မှာစင်ကာပူ pandan waffle နဲ့လက်ဖက်ရည်တခွက်ကိုတဦးလျှင် ၁၆၀၀ကျပ်တည်းနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ Waffle ကိုချောကလက်၊ စတော်ဘယ်ရီ၊ ပျားရည်အရသာတွေနဲ့ရနိုင်ပြီး လက်ဖက်ရည်မှာလည်းရွေးစရာအမျိုးအစား ၅မျိုးရှိပါတယ်။

တယောက်ပုံတူတယောက်ဆွဲပါ

ကျပ် ၅၀၀၀ ၀န်းကျင်လောက်နဲ့ပုံဆွဲကိရိယာတွေဝယ်ပြီးတယောက်ပုံတူ တယောက်ဆွဲခြင်းဟာလည်း စိတ်ကူးဥာဏ်ရင့်သန်စေတဲ့အပြင်ချစ်သူနှစ်ဦးကြား ရင်းနှီးမှုတွေတိုးစေမှာအမှန်ပါပဲ။

Foot massage အတူတူသွားပါ

တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာနှစ်ဦးသားအပန်းဖြေဖို့ဆိုရင်တော့ ခြေထောက်ကိုအနှိပ်ခံခြင်းဟာအကောင်းဆုံးအစီအစဉ်ဖြစ်ပါလိမ့်မယ်။ ကျပ် ၈၀၀၀ လောက်နဲ့ညောင်းညာကိုက်ခဲတာတွေပြေလျော့သွားပြီး နေ့သစ်တနေ့အတွက်အဆင်သင့်ဖြစ်သွားမှာပါ။

ဗဟုသုတဘယ်လောက်ကြွယ်ကြောင်းပြလိုက်ပါ

50th Street Café Bar and Restaurant မှာကြာသာပတေးနေ့တိုင်း pub quiz အမေးအဖြေကဏ္ဍလေးရှိတာကြောင့်ချစ်သူနဲ့အတူသွားထိုင်ပြီး ကိုယ့်မှာဗဟုသုတဘယ်လောက်ရှိကြောင်းပြလိုက်ပါ။

သီချင်းတူတူဆိုပါ

ဦးဝိစာရလမ်းပေါ်က Diamond Entertainment မှာပုံမှန်အားဖြင့် တနာရီစာ session ကို ကျပ် ၂၀၀၀၀ သတ်မှတ်ထားပေမယ့် Valentine’s Day မှာတော့ ၅၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ရနိုင်ပါတယ်။ ကိုယ့်ရင်ထဲကခံစားချက်တွေကိုသီချင်းလေးကတဆင့်ပြောပြလိုက်ပါ။

ရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ကြည့်ခြင်းဟာလည်းမရိုးနိုင်တဲ့ date idea တခုဖြစ်ပါတယ်။ JCGV cinema မှာဆိုရင် messenger bot ကနေတဆင့် online ကနေလက်မှတ်ဝယ်လို့ရပါတယ်။

ကားခေါင်မိုးပေါ်ကနေကြယ်တွေကိုတူတူကြည့်ပါ

အင်းလျားကန်ဘေးကမြကျွန်းသာမှာကားရပ်ပြီးဟောလိဝုဒ်အချစ်ကားတွေထဲကလို ချစ်သူနဲ့နှစ်ဦးသားကားခေါင်မိုးပေါ်ထိုင်ကာ ကြယ်တွေကိုရေတွက်ပါ။

ကြောင်လေးတွေခွေးလေးတွေနဲ့ကစားပါ

Freedom Café မှာကြောင်လေးတွေခွေးလေးတွေနဲ့ကော်ဖီအတူတူသောက်ရင်း တနေ့တာကိုဖြတ်သန်းပါ။ အချစ်တော် pet လေးများတွေ့ခဲ့ရင်လည်းခေါ်ယူမွေးစားလို့ရသေးတယ်နော်။

Melia Garbo Bar မှာထိုင်ပါ

ရန်ကုန်မြို့ကအကောင်းဆုံးဟိုတယ်စာရင်းဝင် Melia Hotel မှာကိုယ့်ချစ်သူနဲ့ကော့တေးအတူတူသောက်ပါ။ နေ့တိုင်းညနေ ၅နာရီကနေ ၇နာရီအထိ buy-one-get-one cocktail promotion ရှိပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here