Advertisement

ဒီသင်္ကြန်ရာသီကိုတော့ (၁၇) ရက်တိတိ တစ်မိသားစုလုံး ပျော်ရွှင်စွာ ဆင်နွှဲနိုင်မယ့် ANGRY BIRDS ပွဲတော်ကြီး နဲ့စတင်နိုင်ပါပြီ။

ANGRY BIRDS ပွဲတော်ကြီးမှာ လာရောက်သူ မှန်သမျှကို ပျော်စရာတွေနဲ့ ဆီးကြိုနေမှာပါ။ ကလေးတွေအတွက် ကစားဖို့နေရာ (ပျော့ပျော့အိအိ ကစားကွင်းနဲ့ လက်မှု ကစားစရာတွေ)၊ လာကစားသူတိုင်း အထူးလက်ဆောင်တွေ ပြန်ရဖို့ အခွင့်အရေးရှိတဲ့ ဂိမ်းနေရာတွေအများကြီးအပြင် အသက်အရွယ်မရွေး လာရောက်သူတွေကို မကြာမကြာထွက်လာပြီး ဖျော်ဖြေပေးမယ့် Angry Birds ဇာတ်ကောင်လေးတွေလည်း ရှိနေမှာပါ။ ဒီနွေမှာတော့ဒီပွဲတော်ကြီးကသွားရောက်ကြည့်ရှုသင့်တဲ့နေရာတစ်ခုဖြစ်လာမှာ သေချာပါတယ်။

ANGRY BIRDS ပွဲတော်ကြီးကို မတ်လ ၂၂ ရက်ကနေ ဧပြီလ ၇ ရက်ထိ Junction Square ရဲ့ Open Plaza ကွင်းပြင်ကြီးမှာကျင်းပနေပါတယ်။ စောစောကြိုတင်ဝယ်ယူသူ (Early Birds) တွေအတွက် မိသားစုပရိုမိုးရှင်းနဲ့ အုပ်စုလိုက်ပရိုမိုးရှင်းတွေကို ခံစားခွင့်တွေ ရှိပါတယ်။ ဒါ့ကြောင့် ANGRY BIRDS ပွဲတော်ကြီးအတွက် စုံစမ်းမေးမြန်းနိုင်မယ့် နေရာလေးကို Junction Square မှာ ဖွင့်လှစ်ထားပြီး Early Birds လက်မှတ်တွေကို ကြိုဝယ်ထားလိုက်ပါ။ (လက်မှတ်များကို မတ်လမှစ၍ဝယ်ယူနိုင်ပါပြီ)

ပျော်ရွှင်စရာ ပွဲတော်ချိန်ခါ – နံနက် ၁၀ နာရီ မှ ည ၉ နာရီထိ
စောစောကြိုတင်ဝယ်ယူမှုအတွက် အထူးအစီအစဉ် နေ့စဉ် နံနက် ၁၀ နာရီ မှ ၂ နာရီထိ – လက်မှတ် (၁)စောင်ဝယ် (၁)စောင် လက်ဆောင်
မိသားစုနှင့် သူငယ်ချင်းများအတူ ဝယ်ယူမှုအတွက် အထူးအစီအစဉ် – လက်မှတ် (၃)စောင်ဝယ် (၁)စောင် လက်ဆောင်

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here