Advertisement

By Min Ye Kyaw

ဟိုတယ်မှာဘူဖေးကောင်းကောင်းစားချင်သူတွေကို ရန်ကုန်ကနာမည်ကြီးဟိုတယ်ဘူဖေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သွားရည်ယိုစရာဘူဖေးစာရင်းထဲမှာ နိုင်ငံတကာအစားအစာ၊ အာရှအစားအစာတွေအပြင် အကင်တွေ အချိုပွဲကောင်းကောင်းလေးတွေအထိ စုံလင်အောင်ဖော်ပြထားပါတယ်။

International Seafood Extravaganza Buffet Dinner @ Chatrium Hotel Royal Lake Yangon | Every Sunday to Thursday

Sparkling wine၊ ၀ိုင်ဖြူဝိုင်နီနဲ့ draught beer ပါဝင်ပြီးဖြစ်တဲ့ seafood buffet ကို အမေရိကန်ဒေါ်လာ ၃၇နဲ့ အ၀စားနိုင်ပါတယ်။ ညနေ ၆နာရီကနေ ည ၁၀နာရီခွဲအထိရနိုင်ပါတယ်။ အသေးစိတ်သိလိုပါက 95 1 544500 ext. 6253 ကိုဖုန်းခေါ်ပါ၊ ဒါမှမဟုတ် [email protected] ကိုအီးမေးလ်ပေးပို့စုံစမ်းနိုင်ပါတယ်။

Chatrium Royal Lake Hotel
အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
06:00 PM – 10:30 PM

Business Lunch Buffet @ Novotel Yangon Max | Every Monday to Saturday

The Square စားသောက်ဆိုင်မှာ Semi-buffet နေ့လယ်စာကို ၁၈ဒေါ်လာတည်းနဲ့ သုံးဆောင်နိုင်ပါတယ်။ နောက်ထပ် ၂ဒေါ်လာပိုပေးရုံနဲ့ beverage free flow ပါဝင်တဲ့ တနေ့လုံးစာ package ကိုရရှိနိုင်ပါတယ်။ 09-251185989 ကိုဆက်သွယ်ပြီး booking လုပ်လို့ရပါတယ်။

Novotel Yangon Max
အမှတ် ၄၅၉၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။
12pm – 2:30pm

International Buffet Dinner @ Grand Mercure | Every Saturday

ကမ္ဘာအနှံ့ကအနံ့အရသာစုံလင်လှတဲ့စားပွဲကြီးကိုစားချင်ရင်တော့ Grand Mercure Yangon Golden Empire မှာ၂၅ဒေါ်လာတည်းနဲ့ နိုင်ငံတကာကအစားအသောက်တွေပါဝင်တဲ့ ဘူဖေးညစာကိုသုံးဆောင်လိုက်ပါ။ ဖျော်ရည်အေးမျိုးစုံ free flow သောက်လို့ရပြီး ဘီယာအေးအေးလေး ၂ခွက် (သို့မဟုတ်) ၀ိုင်တခွက် ရွေးချယ်လို့ရပါတယ်။ ၀ိုင်နဲ့ဘီယာပါ free flow သောက်ချင်ရင်တော့ ၄၁ဒေါ်လာကျသင့်ပါမယ်။ +95 (1) 233 0288 ext. 7302 ကိုဆက်ပြီးသိချင်တာတွေစုံစမ်းမေးမြန်းနိုင်သလို ဘွတ်ကင်လည်းတင်လို့ရပါတယ်။

Grand Mercure Yangon Golden Empire
မေတ္တာလမ်းနှင့်သခင်ဖိုးလှကြီးလမ်းထောင့်၊ တောင်ဥက္ကလာမြို့နယ်။
6pm – 10pm

Japanese Seafood Market Buffet @ Wyndham Grand Yangon Hotel | Every Friday

ဂျပန်စတိုင်ပြင်ဆင်ထားတဲ့ပင်လယ်စာတွေကိုမှနှစ်သက်ရင်တော့ SPOON All Day Dining ကသင့်အတွက်ဖြစ်မှာပါ။ လတ်ဆတ်တဲ့ကမာကောင်တွေ၊ king crab နဲ့ကျောက်ပုစွန်တွေအပြင် ဆူရှီနဲ့ဆာရှိမိတွေကိုပါရနိုင်ပါတယ်။ 01-9377188/ 09- 450 071 944 ကိုဆက်ပြီးဘွတ်ကင်လုပ်လိုက်ပါ။

Wyndham Grand Yangon Hotel
အမှတ် ၁၁၊ ကန်ရိပ်သာလမ်းနှင့်ဦးအောင်မြတ်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
6pm – 10:30pm

International Buffet Dinner at Melia Yangon | Every Sunday and Thursday

နိုင်ငံတကာနဲ့ပြည်တွင်းကအစားအသောက်မျိုးစုံပါဝင်တဲ့ဘူဖေးဖြစ်ပါတယ်။ တယောက်ကို ၂၉ဒေါ်လာသာကျသင့်ပါတယ်။ 01 9345000 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Melia Yangon
အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။
6pm – 10:30pm

International Buffet Dinner @ Pan Pacific | Everyday

Soft drinks free flow ပါဝင်ပြီး ၃၆ဒေါ်လာပဲကျသင့်တဲ့ နိုင်ငံတကာဘူဖေးကို Pan Pacific မှာနေ့စဉ်ရရှိနိုင်တယ်။ ၁၀ဒေါ်လာထပ်ပေးရင် ၀ိုင်၊ draught beer တွေပါ free flow ရမှာနော်။ ဘွတ်ကင်လုပ်ချင်ရင် 01 925 3810 ကိုဆက်သွယ်ပါ။

Pan Pacific
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်။
6pm – 10:30pm

Light Buffet @ LOTTE Hotel | Every Monday to Saturday

La Seine Restaurant ကဒီဘူဖေးမှာတော့ ခေါက်ဆွဲပြုတ်အတန်း၊ အဓိကဟင်းလျာတမျိုး၊ ရေခဲမုန့် ၃မျိုး၊ အသားပြား၊ မာကိလိပ်၊ ပီဇာနဲ့ နှစ်သက်ရာကော်ဖီတွေကို ၁၄ဒေါ်လာနဲ့သုံးဆောင်နိုင်တယ်။ 01 9351000 ကိုဆက်ပြီးဘွတ်ကင်လုပ်လိုက်ပါ။

LOTTE Hotels & Serviced Apartments Yangon
အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာပြည်လမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့နယ်။
12pm to 2:30pm

Semi Buffet and Sunday Brunch @ Pullman Yangon Centrepoint | Every Sunday

တနင်္လာနေ့ကနေ စနေနေ့အထိ The Merchant Restaurant က အသုပ်နဲ့အချိုပွဲသာပါတဲ့ semi-buffet lunch နဲ့ dinner ကို ၁၀ဒေါ်လာတည်းနဲ့ သုံးဆောင်နိုင်ပြီး ၅ဒေါ်လာထပ်ပေးရင်အဓိကဟင်းလျာတွေကို သုံးဆောင်နိုင်ပါတယ်။

တနင်္ဂနွေနေ့ brunch မှာတော့ ၃၅ဒေါ်လာနဲ့ ယမကာမပါတဲ့ဘူဖေးကိုရရှိနိုင်ပြီး ၄၅ဒေါ်လာနဲ့ ယမကာပါဝင်ပြီးဘူဖေးကိုသုံးဆောင်နိုင်ပါတယ်။ [email protected] ဆိုတဲ့အီးလ်မေးကတဆင့် ဘွတ်ကင်တင်နိုင်ပါတယ်။

Pullman Yangon Centrepoint
အမှတ် ၆၅၊ ဆူးလေဘုရားလမ်းနှင့်ကုန်သည်လမ်းထောင့်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here