Advertisement

By Sithu Han

နောက်ပိုင်းနှစ်တွေမှာ မြို့ပြလူနေမှုဘဝတွေထဲ ကျန်းမာရေးလိုက်စားမှုကို အထူးအလေးပေးလာကြပါတယ်။ အားလပ်ချိန်နည်းပါးတဲ့ နေ့စဉ်လူနေမှုဘဝတွေထဲ ကျန်းမာရေးအတွက် gym ကစားခြင်း၊ အပြေးလေ့ကျင့်ခြင်း တို့အတွက် အချိန်ပေးလာသလို ကျန်းမာရေးအတွက် အာမခံချက်ရှိတဲ့ အစားအသောက်တွေကိုလည်း ဂရုတစိုက် စားသုံးလာကြပါတယ်။

ဒီတခေါက်မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစားအသောက်ကောင်းတွေကို ရနိုင်တဲ့ မန်းမြို့နံနက်ခင်းစားဖွယ်စုံကို မိတ်ဆတ်ပေးချင်ပါတယ်။ မြန်မာအစားအသောက်တွေကို အရသာရှိရှိ သုံးဆောင်နိုင်မှာဖြစ်ပြီး ကျန်းမာရေးအတွက် အာမခံချက်ရှိတဲ့ FDA အသိအမှတ်ပြု ပစ္စည်းတွေကိုပဲ အသုံးပြုတဲ့ဆိုင်လေးပါ။

အစားအသောက်ဘေးကင်းမှုကို အဓိကထားတဲ့ ဆိုင်ဖြစ်တာနဲ့ အညီ ဆိုင်ရဲ့အပြင်အဆင်ကလည်း သပ်ရပ်သလို လမ်းသွားလမ်းလာ ထိုင်ချင်အောင် စွမ်းဆောင်နိုင်တဲ့အထိပါပဲ။ ဆိုင်ရဲ့ ဝန်ထမ်းတွေကလည်း ဖော်ရွှေသလို စားဖိုမှူးတွေကလည်း ဝတ်စုံပြည့်နဲ့ သန့်ရှင်းသပ်ရပ်စွာ အစားအသောက်တွေကို ဖန်တီးနေတာကို တွေ့ခွင့်ရခဲ့တာကလည်း စိတ်ကျေနပ်စရာအလွန်ကောင်းပါတယ်။

မန်းမြို့နံနက်စာ Menu ထဲမှာတော့ ပဲနို့စိမ်းခေါက်ဆွဲ၊ ကောက်ညှင်းလုံးကြော်၊ ကောက်ညှင်းမီးကင်၊  ကောက်ညှင်းနှစ်ရောင်ခြယ်၊ သဘာဝငါးရံ့ခြောက်တို့ ရရှိနိုင်ပြီး နေ့လည်စာအတွက်ကတော့ သဘာဝချဉ်ပေါင်ထမင်းသုပ်၊ နာနတ်သီးကြက်ဥထမင်းကြော်၊ ပြောင်းဖူးထမင်းကြော်၊ ငပိထမင်းကြော်တို့က ဆိုင်ရဲ့ နာမည်အရဆုံး အစားအစာတွေပါ။

မန်းမြို့ရဲ့ Hot item ချဉ်ပေါင်ထမင်းသုပ်ကတော့ ပုံစံမပျက် အကျွတ်ကြော်ထားတဲ့ ချဉ်ပေါင်ရွက်လေးတွေနဲ့ အပြင်အဆင်မှာတင် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အရသာကလည်း အချဉ်ပါးပါးလေးကို တစိမ့်စိမ့် အရသာရှိအောင် ပြုလုပ်ထားတာပါ။ ကြက်ဥနာနတ်သီး ထမင်းကြော်ကလည်း သူရဲ့ မွေးရနံ့နဲ့တင် ဆာလောင်မွတ်သိပ်မှုဖြစ်ပေါ်လာစေပါတယ်။ ချိုချဉ်အရသာလေးနဲ့ နှုးညံ့တဲ့ ထမင်းကြော်က သင်ရဲ့စိတ်ကို လန်းဆန်းစေမှာပါ။

မန်းမြို့သဘာဝကော်ဖီကလည်း နည်းစနစ်တကျစိုက်ပျိုးထားတဲ့ ကော်ဖီစေ့ကနေ ပြုလုပ်ထားတာကြောင့် မွေးပျံ့တဲ့ရနံ့နဲ့ စိမ့်သက်သက် အရသာက ပုံမှန်သောက်သုံးဖြစ်အောင် စွဲမက်စရာကောင်းလှပါတယ်။ ကော်ဖီနဲ့ တွဲစားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကြက်ဥကြော်ကလည်း ဆီအများကြီး မသုံးပဲ နွားနို့ဆမ်းပြီး ကြော်ထားတာကြောင့် မွေးပျံ့တဲ့ရနံ့နဲ့ အချိုအရသာကို အီစိမ့်မှုမရှိပဲ သုံးဆောင်ရမှာပါ။ မန်းမြို့ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ အစားအသောက်တိုင်းကို ကယ်လိုရီတွက်ချက်ထားတာပဲဖြစ်ပြီး Diet လုပ်ချင်သူတွေအတွက် အလွန်ပဲသင့်တော်ပါတယ်။ အစားအသောက် ဈေးနှုန်းတွေကတော့ အနည်းငယ်မြင့်တယ် ထင်ရပေမယ့် ကျန်းမာရေးအတွက် အထူးပြုလုပ်ထားတဲ့ အစားအသောက်တွေဖြစ်သလို အရသာထူးကဲမှုကလည်း အကြိုက်တွေ့စေမှာဖြစ်တာကြောင့် စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်ပါတယ်။  

Advertisement

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here