Advertisement

ဂျာမနီ လက်ကားရောင်းဝယ်ရေး လုပ်ငန်းစုကြီးဖြစ်သော METRO (မက်ထရို) ၏ နိုင်ငံတကာ လုပ်ငန်းခွဲများစာရင်းတွင် (၃၆) နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မတ်လ ၈ရက်နေ့ကတရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့တွင် တည်ရှိသော METRO ၏ ခေတ်မီ သိုလှောင်ရုံနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိရောက်စွာ ကုန်ပစ္စည်း မှာယူ၊ ပို့ဆောင်ပေးနိုင်သော ဝန်ဆောင်မှုစနစ်များကို အသုံးပြု၍ METRO Wholesale Myanmar ဟာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိပါတယ်။

“မြန်မာနိုင်ငံရဲ့ စားသောက်ကုန် လက်ကားရောင်းဝယ်ရေးကဏ္ဍဟာ METRO အတွက် အလားအလာကောင်းတွေ အများကြီး ရှိနေတာကြောင့် ကုန်သွယ်စီးဆင်းမှုနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနယ်ပယ်တွေ အပါအဝင် ပြည်တွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အရှိန်အဟုန် မြှင့်တင်ပေးနိုင်ပြီး ဒေသခံ လူ့အဖွဲ့အစည်းအတွက် စားသောက်ကုန် လက်ကားရောင်းဝယ်ရေး အခြေခံအုတ်မြစ်ကို ရေရှည် တိုးတက်ပြောင်းလဲလာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ရန်ကုန်မြို့တွင် မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ METRO စတင်မိတ်ဆက်ပွဲ အခမ်းအနား၌ METRO AG ၏ Chief Operating Officer နှင့် Board Member ဖြစ်သူ Philippe Palazzi ကပြောပါတယ်။

အခြားနိုင်ငံများရှိ လုပ်ငန်းလည်ပတ်ပုံနှင့်မတူဘဲ သာလွန်ထူးခြားသည့်အချက်မှာ METRO ဟာ မြန်မာနိုင်ငံတွင် လက်ကားရောင်းဝယ်ရေးစတိုးဆိုင်များစွာ တည်ဆောက်၍ ဖြန့်ဖြူးရောင်းချသွားမှာ မဟုတ်ဘဲ e-commerce နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုထားပြီး စားသုံးသူများ လွယ်ကူအဆင်ပြေ  ချောမွေ့စွာဖြင့် တစ်နေရာတည်းတွင် လိုအပ်သည်များ အားလုံးဝယ်ယူရရှိနိုင်သော ဒစ်ဂျစ်တယ် နည်းပညာသုံး အရောင်းစနစ် ထားရှိလျက်ရှိခြင်းဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့ပြင်ရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသော (၅,၈၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိ ခေတ်မီ ပင်မသိုလှောင်ရုံကြီးမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးသွားမည့် အဓိက လက်ကားရောင်းဝယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမှာပါ။ အဆိုပါ ပင်မသိုလှောင်ရုံတွင် တင်သွင်းလာသောကုန်ပစ္စည်းများကို ခေတ်မီ စက်ကိရိယာ များဖြင့် အရည်အသွေး ကြပ်မတ်စွာစစ်ဆေးပြီး သတ်မှတ်ထားသော စားသောက်ကုန်  ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ လက်ခံ၊ သိုလှောင်၊ ပြုပြင်၊ ထုတ်ပိုးပြီး B2B စားသုံးသူများထံ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here