၆ကြိမ်မြောက် MYANMORE Awards အား ၂၀၁၉ခုနှစ်၊ မတ်လ(၆)ရက်နေ့ တွင် Novotel Yangon Max ၌ကျင်းပသွားခဲ့ပါသည်။ နှစ်စဉ်ကျင်းပသည့်ဒီပွဲကြီးသည်မြန်မာနိုင်ငံ၏အစားအသောက်လုပ်ငန်းတွင်အကောင်း ဆုံးအရည်အသွေးများရရှိအောင်ကြိုးစားနိုင်ခဲ့သူများအားဂုဏ်ပြုချီးမြှင့်သည့်တစ်ခုတည်းသောဆုပေးပွဲကြီးဖြစ်ပါသည်။ ယခုနှစ်တွင်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် တစ်နှစ်တာအကောင်းဆုံးဟိုတယ်ဆု (Hotel of the Year)၊ အကောင်းဆုံးအတွေ့အကြုံဆု (Experience of the Year)၊ လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်ထင်ရှား သောလူပုဂ္ဂိုလ်ဆု (Industry Figure of the Year)၊ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစီမံကိန်းဆု (Development Project of the Year)၊ အခမ်းအနားဆု (Event Venue of the Year) တို့ကိုပါပေးအပ်သွားခဲ့ပါသည်။
ဂုဏ်ပြုညစာစားပွဲအားလူဦးရေ ၃၅၀တက်ရောက်ခဲ့ပြီး ၃နာရီကြာမြင့်ခဲ့ပါသည်။ ညစာစားပွဲမတိုင်မီ တွင်ဧည့်သည်များမုန့်များစားရင်း မိတ်ဖွဲ့စကားပြောခဲ့ကြပါသည်။ စားဖိုမှူး ၄ဦးပြင်ဆင်ချက်ပြုတ်သော ဟင်းပွဲ ၄မျိုးဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။
ဆု ၁၇ဆုပေးအပ်သွားခဲ့ပြီး ဆုရရှိသူများစာရင်းအားထုတ်ပြန်ကြေညာလိုက်ပါသည်။
Tourism Experience of the year (အကောင်းဆုံးအတွေ့အကြုံ)

Winner: Balloons over Bagan with Sharky’s
Balloons over Bagan with Sharky’s ဟာလူ ၈ယောက်စီးနင်းနိုင်တဲ့မိုးပျံပူဖောင်းတွေနဲ့ စုံတွဲတွေသီးသန့်စီးနိုင်တဲ့မိုးပျံပူဖောင်းတွေကိုစီးရင်း ပုဂံကိုကောင်းကင်ပေါ်ကနေလေ့လာကြည့်ရှုဖို့စီမံထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ၀န်ဆောင်မှုတွေထဲမှာ လေပေါ်မတက်ခင်အချိန်မှာ pilot ရဲ့ရှင်းလင်းပြောကြားမှု၊ စီးနင်းပြီးတဲ့အချိန်မှာ sparkling wine ပါတဲ့မနက်စာနဲ့ဧည့်ခံမှု၊ စီးနင်းနေတဲ့အချိန်မှာလည်း access code နဲ့တကွဓာတ်ပုံအခမဲ့ရိုက်ကူးပေးခြင်းတွေပါဝင်ပါတယ်။
Tourism Industry Figure of the Year (လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်ထင်ရှားသောလူပုဂ္ဂိုလ်)

Winner: May Myat Mon Win
May Myat Mon Win ဟာခရီးသွားလာရေးလုပ်ငန်းမှာနှစ် ၂၀ကျော်ဖြတ်သန်းမှုရှိပြီး အရည်အချင်းရှိသလောက် မာန်မာနထောင်လွှားခြင်းမရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၄အစောပိုင်းမှာ ရန်ကုန်က Chatrium Hotel Royal မှာ အထွေထွေမန်နေဂျာဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံမှာကြယ် ၅ပွင့်ဟိုတယ်ကိုဦးဆောင်နိုင်တဲ့ ပထမဆုံးအမျိုးသမီးအထွေထွေမန်နေဂျာဖြစ်လာခဲ့ပါတယ်။
Event Venue of the Year (အခမ်းအနားဆု)

Winner: Novotel Yangon Max
Novotel Yangon Max ဟာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မိနစ် ၂၀လောက်ပဲကားမောင်းရတဲ့ အကွာအဝေးမှာတည်ရှိတဲ့ ကြယ် ၅ပွင့်ဟိုတယ်ဖြစ်ပါတယ်။ အခန်းတွေကိုမျက်မှောက်ခေတ်ဒီဇိုင်းနဲ့ မြန်မာ့အငွေ့အသက်တွေရောထားတဲ့ပုံစံနဲ့ပြင်ဆင်ထားတယ်။ Pool Bar ကကော့တေးကိုသောက်ရင်း ရေကူးကန်ဘောင်ကနေရွှေတိဂုံဘုရားကြီးကိုဖူးမျှော်နိုင်တယ်။ အခန်းပေါင်း ၃၅၄ခန်းရှိတဲ့ဟိုတယ်ကြီးဟာ ခရီးသွားဧည့်သည်တိုင်းအတွက်အပန်းဖြေအနားယူဖို့အသင့်တော်ဆုံးပါ။
Special Award for Contribution to Excellence (အထူးဂုဏ်ပြုဆု)

Winner: Nikki Barltrop
Nikki Baltrop ဟာ 57 Below ရဲ့ Chief Operating Officer အဖြစ်တာဝန်ယူထားသလို Gekko, Union Bar နဲ့ Parami Pizzas တို့ကိုစီမံခန့်ခွဲနေသူပါ။ သူဟာအစားအသောက်လုပ်ငန်း တစ်ခုလုံးကိုလည်းကိုယ်စားပြုနိုင်သူဖြစ်ပါတယ်။ European Food Festival ရဲ့ကော်မတီအဖွဲ့ဝင်တစ်ယောက် စီစဉ်သူတစ်ယောက်လည်းဖြစ်သလို အအေးသောက်ပိုက်တွေကိုဆန့်ကျင်တဲ့ Straws Suck လှုပ်ရှားမှုကိုဦးဆောင်သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့အရှိန်အ၀ါဟာအစားအသောက်လုပ်ငန်းတစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီးလုပ်ငန်းခွင်တွင်းကလူတိုင်းလေးစားချစ်ခင်မှုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ နိုင်ငံတကာကစားဖိုမှူးတွေနဲ့ bartender တွေကိုဖိတ်ခေါ်ပြီး သူမရဲ့အဖွဲ့ကိုသာမက အစားအသောက်လုပ်ငန်းတစ်ခုလုံးတိုးတက်စေဖို့ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဗြိတိန်က Harpenden မြို့မှာရှိတဲ့ Billy’s Bar and Restaurant မှာစားပွဲထိုးတဲ့ဘ၀ကနေ အခုလိုမြန်မာနိုင်ငံရဲ့အစားအသောက်လုပ်ငန်းအတွက်ထူးကဲတဲ့ပြောင်းလဲမှုတွေဖန်တီးပေးနိုင်တဲ့ Nikki ဟာ Special Contribution to Excellence ဆုနဲ့ထိုက်တန်လှပါတယ်။
Wine and Spirit Ambassador (တစ်နှစ်တာအကောင်းဆုံးဝိုင်နှင့်ယမကာကိုယ်စားပြုသံတမန်)

Winner: Puia (Gekko)
Gekko စားသောက်ဆိုင်ရဲ့အဖျော်ယမကာစပ်သူနဲ့ဘားမန်နေဂျာ Lal Mon Puia ဟာ Abu Dhabi က Hakkasan စားသောက်ဆိုင်မှာ bartender အတတ်ပညာကို ၄နှစ်သင်ကြားခဲ့ဖူးပါတယ်။ သူဟာ Gekko မှာအလုပ်လုပ်နေတာ ၃နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး သူဖျော်စပ်တဲ့ကော့တေးတွေဟာ ပြည်တွင်းမှာရရှိတဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့တီထွင်ဖျော်စပ်ထားတာဖြစ်ပြီး ထန်းလျက်၊ သံပုရာရည်၊ နာနတ်၊ Bourbon ယမကာတို့နဲ့ဖျော်စပ်ထားတဲ့ကော့တေးကတော့နာမည်ကြီးပါတယ်။ Puia ဟာသူ့ရဲ့ပညာကိုလက်ဆင့်ကမ်းဖို့လည်းဝန်လေးတဲ့သူမဟုတ်ပါဘူး။ Myanmar Bartender School မှာအချိန်ပိုင်းဆရာအနေနဲ့ ပြည်တွင်းကရာသီအလိုက်ရရှိတတ်တဲ့ကုန်ကြမ်းပစ္စည်းတွေသုံးပြီး ကော့တေးဖျော်စပ်နည်းတွေကိုလည်းသင်ပြပေးလျက်ရှိပါတယ်။ Gekko မှာဆိုရင်သူ့ရဲ့ ကော့တေးတီထွင်ဆန်းသစ်မှုတွေဟာ စားသုံးသူတွေကိုအဓိကဆွဲဆောင်တဲ့အရာတစ်ခုပါ။
Green Award (တစ်နှစ်တာသဘာဝပတ်ဝန်းကျင်အထိန်းသိမ်းနိုင်ဆုံးဆု)

Winner: Savoy Hotel Yangon
အင်းလျားလမ်းနဲ့ဓမ္မစေတီလမ်းထောင့်က Savoy Hotel Yangon ဟာ ၁၉၉၅ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။ လွန်ခဲ့တဲ့ ၁၂လအတွင်းသူတို့ရဲ့သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ စီမံချက်တွေကလေးစားလောက်စရာပါ။ သူတို့ဟာရန်ကုန်ရဲ့ အစိမ်းရောင်လှုပ်ရှားမှု (Green Movement) ကိုလည်းများစွာထောက်ပံ့ပေးခဲ့ပါတယ်။
အအေးသောက်တဲ့ပိုက်တွေကိုဆန့်ကျင်တဲ့ Straws Suck လှုပ်ရှားမှု၊ ပလတ်စတစ်ဘူးခွံတွေလျှော့ချတဲ့လှုပ်ရှားမှု၊ လိုင်နင်စအဟောင်းတွေကိုကျောင်းဝတ်စုံအဖြစ်ပြန်လည် ချုပ်လုပ်ဖို့စာသင်ကျောင်းတွေကိုလှူဒါန်းမှုတွေအပြင် ပိုးသတ်ဆေးမသုံးထားဘဲ
အော်ဂဲနစ်နည်းနဲ့အညီစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေကိုသာအသုံးပြုထားတာတွေကြောင့် သူတို့ဟာ MYANMORE ရဲ့ Green Award ကိုထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခြင်းဖြစ်ပါတယ်။
KBZ Entrepreneur of the Year (KBZ စွန့်ဦးတီထွင်လုပ်ငန်းရှင်)

Winner: Myat Phoo Wai (NooDi Sticky Noodles)
Myanmar Food Restaurant of the Year (တစ်နှစ်တာအကောင်းဆုံးမြန်မာစားသောက်ဆိုင်)

Winner: Mu Ai Kachin
Mu Ai ဟာလှည်းတန်းကနောက်ဖေးလမ်းကြားလေးတစ်ခုထဲဖွင့်ထားတာဖြစ်ပြီး စားပွဲ ၆ခုလောက်သာရှိပါတယ်။လွန်ခဲ့တဲ့နှစ်လောက်ကမှစားဖိုမှူးလည်းဖြစ်ပိုင်ရှင်လည်းဖြစ်တဲ့Pandang La Roiရဲ့အနံ့အရသာနဲ့ပြည့်စုံပြီး လှပစွာပြင်ဆင်ချက်ပြုတ်ထားတဲ့ကချင်အစားအစာတွေဟာ ပရိသတ်အခိုင်အမာရရှိလာတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း The Rangoon Tea House, Burma Bistro, The Envoy, The Goethe Institute, the Secretariat တို့လိုအဖွဲ့အစည်းတွေ ဆိုင်တွေမှာကျင်းပတဲ့ပွဲတွေ အလှူတွေမှာလည်း Mu Ai ဟာပါဝင်တည်ခင်းပေးခဲ့ပါတယ်။ Mu Ai ဆိုတာကချင်လို “အရသာရှိတယ်” လို့အမည်ရပါတယ်။ ကချင်အစားအစာတွေဟာချဉ်စပ်အရသာရှိပြီး ဆီမပါသလာက်နည်းပါတယ်။ အရသာရှိ အပြင်အဆင်လှပြီး အသေးစိတ်ကအစဂရုစိုက်ထားတဲ့အတွက် Mu Ai ဟာဒီနှစ်အတွက်ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခြင်းပဲ ဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံးမြန်မာပရီမီယံဘီယာဆိုင် (Myanmar Premium Beer Station of the Year)

Winner: The Bar Bur Dubai – Inya Rd
တစ်နှစ်တာအကောင်းဆုံးမြန်မာဘီယာဆိုင် (Myanmar Beer Station of the Year)

Winner: Win Star
Chef of the Year (တစ်နှစ်တာအကောင်းဆုံးစားဖိုမှူး)

Winner: Jean Marc Lemmery (Le Planteur)
Le Planteur ရဲ့ executive chef ဖြစ်သူ Jean-Marc Lemmery ဟာမီးဖိုချောင်ထဲ ပန်းကန်ဆေးတဲ့ဘ၀ကနေ စားဖိုမှူးဖြစ်လာခဲ့သူပါ။ အသက် ၃၉နှစ်ရောက်မှအောင်မြင်နေတဲ့ အကြောအချင်ကုသတဲ့ဆရာအဖြစ်ကိုစွန့်လွှတ်ပြီး စားဖိုဆောင်ထဲဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ သူ့ကိုယ်ပိုင် Le Bistrot de l’Alycastre စားသောက်ဆိုင်ဟာ Michelin ကြယ်ပွင့်တစ်ခုရခဲ့ပါတယ်။
လောလောဆယ်တော့ရန်ကုန်မှာ Michelin ကြယ်ပွင့်ရစားဖိုမှူးများများစားစားမရှိသလို Michelin ခရီးသွားလမ်းညွှန်စာအုပ်လည်းမြန်မာနိုင်ငံအကြောင်းမရေးသားရသေးပါဘူး။
လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကတည်းက ရန်ကုန်မှာပြင်သစ် fine dining အတွေ့အကြုံကို မိတ်ဆက်ပေးခဲ့တဲ့ Le Planteur ဟာဒီဆယ်စုနှစ် ၂ခုအတွင်းမှာအတက်အကျအမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ခုနှစ်မှာ Jean-Marc Lemmery ရောက်လာတဲ့အချိန်ကစပြီး Le Planteur ဟာအကောင်းဆုံးအခြေအနေကိုရောက်သွားခဲ့ပါတယ်။ Menu ဟာပြင်သစ်စာကိုအခြေခံထားပေမယ့် အာရှနဲ့မြန်မာအစားအစာတွေရဲ့ အရိပ်အငွေ့တွေကိုလည်း တွေ့ရပါတယ်။ Lemmery ဟာသူ့ဟင်းလျာတွေကို တီထွင်ဆန်းသစ်ဖို့ဝန်လေးတတ်သူမဟုတ်ပါဘူး။ ဒီလိုအရည်အသွေးတွေနဲ့ Le Planteur ရဲ့စားဖိုဆောင်ကိုဦးဆောင်နိုင်ခဲ့တဲ့အတွက် Lemmery ကို Chef of the Year ဆုထိုက်ထိုက်တန်တန်ပေးအပ်ခဲ့ရခြင်းဖြစ်ပါတယ်။
Newcomer of the Year (တစ်နှစ်တာအကောင်းဆုံးဆိုင်သစ်)

Winner: Burma Bistro
စဖွင့်ဖွင့်ချင်းမှာအဆင်မပြေမှုတွေနဲ့ စားသုံးသူတချို့ရဲ့ဝေဖန်မှုတွေခံခဲ့ရပေမယ့် Burma Bistro ဟာအချိန်တိုအတွင်းအကောင်းဆုံးပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့သူတို့ရဲ့စားသောက်ဆိုင်လေးဟာ နေ့တိုင်းညတိုင်းလူတွေစည်ကားနေတတ်တယ်။ Menu ဟာရိုးစင်းပြီးမြန်မာဟင်းလျာအငွေ့အသက်တွေလွှမ်းခြုံထားတယ်။ အစားအသောက်တွေကအရသာရှိပြီး ၀န်ထမ်းတွေကအလွန်ဖော်ရွေပျူငှာပါတယ်။ အရင်နှစ်ကလန်ဒန်မှာရှိတဲ့ Lahpet Restaurant ကစားဖိုမှူး Zaw Manesh ကိုဖိတ်ခေါ်ပြီး ဧည့်ခံပွဲလေးကျင်းပခြင်းဖြင့်နိုင်ငံတကာမှာပါ နာမည်တစ်လုံးတည်ဆောက်လျက်ရှိပါတယ်။
Tourism Development Project of the Year (ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစီမံကိန်းဆု)

Winner: Community-Based Tourism project in Kayah State
လူမှုအသိုင်းအ၀ိုင်းအခြေပြုခရီးသွားလာရေး (Community-Based Tourism) ဟာအရမ်းလူကြိုက်များ ထင်ရှားလာတဲ့အတွက် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကဂရုတစိုက်ထောက်ပံ့ကူညီလျက်ရှိပါတယ်။ ဒီစီမံကိန်းဟာသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့နည်းနဲ့ခရီးသွားလာခြင်း၊ ဒေသခံလူမှုအဖွဲ့အစည်းတွေအတွက် အသိပညာသစ်တွေတိုးပွားစေခြင်း၊ ဧည့်သည်နဲ့အိမ်ရှင်တွေကြားမျိုးဆက်အဆက်ဆက်ဗဟုသုတများဖလှယ်ရင်း ရင်းနှီးမှုခိုင်မာစေခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးပေးအပ်နိုင်ပါတယ်။
Cafe of the Year (တစ်နှစ်တာအကောင်းဆုံးကော်ဖီဆိုင်)

Winner: Bodhi Nava
ရွှေတိဂုံဘုရားခြေရင်းမှာရှိတဲ့ ဒီဆိုင်လေးရဲ့ menu ဟာ ထိုင်း၊ မြန်မာ၊ အနောက်တိုင်း၊ အရှေ့အလယ်ပိုင်းအရသာတွေကိုပေါင်းစပ်ထားတာဖြစ်ပြီးနာနတ်သီးဟင်းလျာလိုဆန်းဆန်းပြားပြားဟင်းတွေလည်းရနိုင်ပါတယ်။ ဈေးနှုန်းသက်သာသလိုဟင်းပွဲတွေလည်းအရွယ်အစားကြီးမားပါတယ်။ အစားအသောက်နှစ်သက်တဲ့ foodie တွေကလည်း Bodhi Nava ကိုနှစ်သက်သလို အေးအေးဆေးဆေးကော်ဖီဆိုင်ထိုင်ချင်သူတွေကလည်းဆိုင်ခန်းအပြင်အဆင်ကိုသဘောကျကြပါတယ်။ ဗောဓိ (Bodhi) ဆိုတဲ့နာမည်လေးဟာ ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ ဗောဓိညောင်ပင်ကိုအစွဲပြုမှည့်ခေါ်ထားတာဖြစ်ပြီး န၀ (Nava) ကတော့ပါဠိလို ၉ဂဏန်းလို့ အဓိပ္ပာယ်ရပြီး ဗုဒ္ဓဂုဏ်တော် ၉ပါးကိုဆိုလိုပါတယ်။
Bar of the Year (တစ်နှစ်တာအကောင်းဆုံးဘား)

Winner: The Penthouse
The Penthouse ဟာရွှေတိဂုံဘုရားရဲ့ရှုခင်းအပါအ၀င်မြို့ရှုခင်းကိုကြည့်ရှုခံစားလို့ရတဲ့တိုက်ခေါင်မိုး ပေါ်ကဘားတစ်ခုဖြစ်ပါတယ်။ ၂၀၁၈မှာပြင်ဆင်မှုတချို့လုပ်ခဲ့ပြီး အီတလီလူမျိုးအရက်ဖျော်စပ်သူ Francesco Moretti ကိုခန့်ထားခဲ့ခြင်းကအဓိကပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ သူဟာ 2018Myanmore Dining and Nightlife Awards မှာWines and Spirits Ambassador Award runner-up ရခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ပြောင်းလဲမှုတွေကြောင့် The Penthouse ရဲ့ cocktail menu ဟာရန်ကုန်မှာတီထွင်ဆန်းသစ်မှုအရှိဆုံးတွေထဲကတစ်ခုဖြစ်လာခဲ့တယ်။
ဒါတွေကြောင့်လည်း The Penthouse ဟာ Myanmore Bar of the Year ဆုကိုထိုက်ထိုက်တန်တန်ရခဲ့တာဖြစ်ပါတယ်။
Restaurant of the Year (တစ်နှစ်တာအကောင်းဆုံးစားသောက်ဆိုင်)

Winner: ORGN Kitchen
လွန်ခဲ့တဲ့နှစ်ကတော့ Orng Kitchen ရဲ့ ပိုင်ရှင်နဲ့စားဖိုမှူးဖြစ်သူ Orng Joitamoi အတွက်အလွန်ထူးခြားတဲ့နှစ်ပါပဲ။ မြို့ထဲကသူ့စားသောက်ဆိုင်လေးကိုပိတ်လိုက်ပြီး ၇မိုင်ကသူ့ရဲ့စားသောက်ဆိုင်ကြီးကိုဖွင့်လှစ်လိုက်ပါတယ်။ Menu ကိုပိုကောင်းအောင်အဆင့်မြှင့်တင်လိုက်ပြီး စားဖိုဆောင်အဖွဲ့ကိုလည်းပါရမီရှိတဲ့သူတွေနဲ့ဖွဲ့စည်းထား တယ်။ သူ့ရဲ့ပြင်သစ် fine dining ဟင်းလျာတွေကိုလည်းပရိသတ်အသစ်တွေအကြိုက်တွေ့အောင်ချက်ပြုတ်နိုင်ခဲ့ပြီးထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေရဲ့အားပေးခြင်းကိုလည်းခံခဲ့ရပါတယ်။ သူ့ကိုယ်ပိုင်ဥယျာဉ်လေးမှာသူ့ဆိုင်အတွက်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကိုကိုယ်တိုင်စိုက်ပျိုးပါတယ်။ သူဟာ ၂၀၁၈ခုနှစ်မှာ MYANMORE ကချီးမြှင့်တဲ့ အကောင်းဆုံးစားဖိုမှူးဆုရထားသူလည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်ကုန်ကြမ်းပစ္စည်းတချို့ကို ပြည်ပကမှာယူလေ့ရှိပေမယ့်သူအသုံးပြုတဲ့ကုန်ကြမ်းအများစုဟာပြည်တွင်းကပဲဖြစ်ပြီး မွန်ပြည်နယ်ကသူ့ရဲ့မိသားစုစိုက်ခင်းမှာလည်းဟင်းသီးဟင်းရွက်တွေစိုက်ထားပါတယ်။ အော်ဂဲနစ်စိုက်ပျိုးတဲ့လယ်သမားတွေရဲ့ကုန်စည်တွေကိုလည်းအသုံးပြုလေ့ရှိပါတယ်။
Hotel of the Year (တစ်နှစ်တာအကောင်းဆုံးဟိုတယ်ဆု)

Winner: Sofitel Inle Lake Myat Min
Suite ၁၀၁ ခန်းရှိတဲ့ Sofitel Inle Lake Myat Min ဟာလှပတဲ့အင်းလေးကန်စောင်းမှာတည်ရှိတဲ့ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပါတယ်။ အနားမှာ ဧက ၂၀လောက်ရှိတဲ့စပါးခင်းတွေနဲ့ ရေပေါ်ဥယျာဉ်တွေရှိပြီး မြန်မာ့ယဉ်ကျေးမှုဟန်နဲ့နောက်ဆုံးပေါ်နည်းပညာတွေရောစပ်ပြီးပြင်ဆင်ထားတယ်။ စားသောက်ဆိုင် ၂ခု၊ ဘား ၂ခု၊ ကျန်းမာရေးအားကစားစင်တာတို့ပါရှိပြီး ရေကူးကန် ၂ကန်လည်းရှိပါတယ်။ ချစ်သူစုံတွဲတွေ၊ ခရီးသွားဧည့်သည်တွေတည်းခိုဖို့အသင့်တော်ဆုံးပါ။ ၂၄နာရီ room service ရှိပြီး၊ အစည်းအဝေးခန်း၊ အ၀တ်လျှော်ပေးတဲ့ဝန်ဆောင်မှု၊ လေဆိပ်အကြိုအပို့၊ spa တို့လည်းရှိပြီး စက်ဘီးအခမဲ့ငှားရမ်းပေးပါတယ်။