Advertisement

အသစ်ထွက်ရှိထားပြီးအသုံးဝင်မယ့် Android apps နဲ့ ဆော့လို့ကောင်းတဲ့ games တွေကိုစုစည်းဖော်ပြပေးထားပါတယ်။

Apps (Android)

Language Navi

အင်္ဂလိပ်​စာဟာ သင်​အသုံးပြု​နေကျဘာသာစကားမဟုတ်​ဘူး လား ဒါမှမဟုတ်​ သင့်​ရဲ့ဖုန်းထဲက apps ​တွေ က အင်္ဂလိပ်​လို ​ရေးထားတာမျိုးမဟုတ်​ဘူးလား ဒါဆိုရင်​​တော့ Language Navi ဆိုတဲ့ app ​လေးကိုသုံးကြည့်​လိုက်​ပါ။ ဒီ app ​လေးဟာဆိုရင်​ တခြား app တစ်​ခုမှာပါတဲ့ စာ​တွေ အပြင်​ အခြား​သော text ​တွေကို လဲ ဘာသာပြန်​​ပေးတဲ့အတွက်​ ကိုယ့်​မိခင်​ဘာသာစကားနဲ့ အသုံးပြုလို့ရသွားပြီ​ပေါ့။

Sound Amplifier

ဒီ apps ​လေး ဟာ ဆိုရင်​​တော့ ဒီ list ထဲမှာပါမယ့်​ Google ရဲ့ apps အသစ်​နှစ်​ခုထဲက ပထမဆုံး မိတ်​ဆက်​​ပေးမယ့်​ဟာဖြစ်​ပါတယ်​။ဒီ ​app​လေးကိုသုံးခြင်းအားဖြင့်​​သင့်​ရဲ့ ပတ်​၀န်းကျင်​မှာ ကြား​နေရတဲ့ အသံ​တွေကို ပိုပြီးရှင်းလင်းပြတ်​သားစွာ ကြားရ ပြီး နားကြပ်​နဲ့ နား​ထောင်​ လိုက်​မယ်​ဆိုရင်​ ပိုမိုပြတ်​သားစွာကြားနိုင်​မှာဖြစ်​ပါတယ်​။App မှာပါတဲ့ sliders ​လေး​တွေနဲ့ ကိုယ်​နှစ်​သက်​သလို အသံအတိုးအချဲ့ လုပ်​နိုင်​မှာဖြစ်​ပါတယ်​။သင့်​ရဲ့ Android ဖုန်းမှာပါတဲ့ accessibility menu က​နေတစ်​ဆင့်​ ဒီ feature ကိုလွယ်​ကူစွာ အသုံးပြုနိုင်​မှာ ဖြစ်​ပါတယ်​။

Live Transcribe

မတ်​လအတွင်းအသစ်​ထွက်​ရှိထားတဲ့ အသံပိုင်းဆိုင်​ရာအားနည်းမှု​တွေကို ​ဖြေရှင်း​ပေးမယ့်​ အသုံးဝင်​တဲ့ app ​လေးပါ .Google ရဲ့ high -tech speech recognition နည်းပညာကိုအသုံးပြုထားတာ​ကြောင့်​ ကြားရတဲ့အသံတိုင်း စာလုံးချ​ရေး​ပေးတဲ့ app ​လေးဖြစ်​ပါတယ်​။တော်​​တော်​​လေးကို တိတိကျကျ​ရေးနိုင်​တဲ့app ​လေးပါ။

Lookout by Google

အမြင်​အာရုံမ​ကောင်းတဲ့သူ​တွေ၊အားနည်းတဲ့သူ​တွေအတွက်​ app အသစ်​​လေးပါ။Camera sensor ကို အသုံးပြုထားပြီး ကိုယ်​မြင်​​နေရတဲ့အရာ​တွေအားလုံးကို​ပြော​ပြ​ပေး​မှာဖြစ်​ပါတယ်​။Google က​တော့ အိတ်​ကပ်​ထဲမှာဖြစ်​ဖြစ်​ လည်​ပင်းမှာဆွဲထားတာပဲဖြစ်​ဖြစ်​ ထားပြီး အသုံးပြုဖို့recommend ​ပေးထားပါတယ်​။ဒါမှသာ သင့်​အ​ရှေ့မှာရှိ​နေတဲ့ အရာ​တွေကို direct မြင်​နိုင်​မှာဖြစ်​လို့ပါ။ဒီ app က စာအုပ်​​တွေ menu​တွေ magazine ​တွေ ဖတ်​တဲ့ အခါမှာ​တော့ read mode အဖြစ်​​လဲ ​ရှိပါတယ်​။ဒါ​ပေမဲ့လဲ basic ​app ​လေးဖြစ်​လို့ အရမ်း မ​မျှော်​လင့်​ပါနဲ့ လို့လဲ​ပြောချင်​ပါတယ်​။အနည်းအကျဉ်းအ​ထောက်​အကူက​တော့ဖြစ်​မှာပါ။အခုက​တော့ Android 8.0 နဲ့ အထက်​ Pixel devices ​တွေမှာပဲ အသုံးပြုလို့ရပါ​သေးတယ်​။မကြာခင်​ အခြား devices ​တွေမှာလဲ အသုံးပြုလို့ရနိုင်​မယ်​လို့​မျှော်​လင့်​ပါတယ်​။

Lens Distortions
Price: Free/ $0.99 per month/Up to 4.99

Photo filter လုပ်​နိုင်​တဲ့app ​လေးပါ။ Filters brunch တစ်​ခု ရှိပြီးသာမန်​​တွေ့​နေကြမဟုတ်​တဲ့ ပုံစံ​တွေ filter အမျိုးအစား​တွေ အများကြီးပါ ၀င်​ ပါတယ်​ တခြား slight ဖြစ်​တဲ့ filter ​တွေ ran ,fog, snow နဲ့ natural sunlight လိုမျိုး​တွေ ထပ်​ထည့်​လို့ရတယ်​။Available pack တစ်​ခုစီက filters 5 ခုက​တော့ free ဖြစ်​ပြီး ကျန်​တာ​တွေက​တော့ purchase ရှိပါတယ်​။ Subscription service အ​နေနဲ့ တစ်​လကို 0.99$​ပေးသွင်းရပါမယ်​။ဒါ​ကြောင့်​မို့ တကယ်​စိတ်​၀င်​စားတဲ့သူပဲ အသုံးပြုဖို့ recommend ​ပေးချင်​ပါတယ်​။မဟုတ်​ရင်​ မသုံးပဲ လတိုင်း ​ငွေသွင်း​နေရမှာ စိုးလို့ပါ။ အဲ့ဒါကလွဲလို့ tests ​တွေ မှာ​တော့ ​တော်​​တော်​​လေးအဆင်​​ပြေပါတယ်​။

Games (Android)

AxE: Alliance vs Empire
Price: Freemium

AxE: Alliance vs Empie ဟာ graphics ​တွေနဲ့ ​MMORPG တစ်​ခုဖြစ်​ပြီး​ပျော်​ ဖို့​ကောင်းတဲ့game ​လေးပါ။Factions နှစ်​ခုရှိတယ်​။အဲ့အုပ်​စု နှစ်​ခု က domination အတွက်​ battle လိုမျိုးကစားရမှာဖြစ်​ပါတယ်​။Online PvP ရဲ့ ပုံစံအမျိုးမျိုး၊missions နဲ့ quests ​တွေ၊ exploring a large world ​တို့၊စုစု​ပေါင်း character 6 ခု ပါဝင်​ပါတယ်​။ပုံမှန်​ MMORPG လိုပါပဲ ။ Skilled ဖြစ်​မှ ​နောက်​ထပ်​ quests ​တွေကို သွားရမယ့်​ပုံစံမျိုးဖြစ်​ပါတယ်​။Competitive nature နဲ့ freemium price tag ​တွေ​ကြောင့်​ အချို့ mismatches ဖြစ်​သွားတာ​တွေလဲရှိတယ်​ ။ဒါ​ပေမယ့်​ MMORPG ကို ကြိုက်​တဲ့သူ​တွေအတွက်​က​တော့ ခဏတဖြုတ်​ကစား​လို့​ကောင်းမယ့်​game​လေးပါ။လုပ်​စရာ stuff ​တွေလဲအများကြီးရှိတယ်​။

Era of Legends

ေ​နာက်ထပ်​​​ MMORPG အသစ်တစ်​ခုဖြစ်​ပါတယ်​။ Dragons ​တွေ နဲ့ setting လုပ်​ထားတဲ့ fantasy တစ်​ခုဖြစ်​တယ်​။missions ​တွေပါမယ်​ quests ​တွေနဲ့ online PvP လိုမျိုးလုပ်​ရမယ်​ ​ငွေ​တွေလိုက်​စု ရမယ်​ clans လိုမျိုး social elements ​တွေပါမယ်​ ​မြေ​အောက်​ခန်း​တွေ ရှာရမယ်​ အခြား​ players ​တွေနဲ့ raid bosses ​တွေမှာ ပူး​ပေါင်းရမယ်​ ။Auto battle ​တွေ auto movement ​system ​တွေ​ကြောင့်​game အစ ပိုင်းက နည်းနည်း ပျင်းဖို့​ကောင်းလိမ့်​မယ်​။Players ​တွေက​တော့ game ရဲ့ story line ကို သ​ဘောကျ ကြတယ်​ MMORPG တစ်​​ယောက်​အတွက်​​တော့ နှစ်​သက်​စရာပါ ။ Freemium elements ​တွေရှိတယ်ဆိုတာခန့်​မှန်းပြီးသားဖြစ်​မှာပါ။

LifeAfter
Price: Freemium

Netease ရဲ့ ​နောက်​ဆုံးထွက်​ရှိထားတဲ့ game ပါ။Survival , simulation နဲ့ adventures ​တွေပါဝင်​တဲ့ post-apocalyptic style game ​လေးပါ။ဗိုင်းရပ်​စ်​တစ်​​ကောင်​က လူသား​တွေကို ဖျက်​ဆီးဖို့ကြိုးစားလာတဲ့အခါ မှာ သင်​ရှာ​တွေ့တဲ့ အရာမှန်​သမျှ အ​ပေါ်မှီခိုပြီး အသက်​ဆက်​လက်​ရှင်​သန်​နိုင်​တဲ့ gameပုံစံ​လေးပါ။Players ​တွေက တခြား ​သော survivors ​တွေနဲ့ ​တွေ့ဆုံနိုင်​တဲ့ အပြင်​ infected zombies ​တွေရဲ့ ရန်​က​နေလွတ်​​အောင်​ အိမ်​​တွေ​ဆောက်​ရတာမျိုးလဲပါတယ်​။တချို့က​တော့ game က အရမ်းခက်​ခဲတယ်​ ဆိုပြီး ​ဝေဖန်​ကြတယ်​ ဒါ​ပေမယ့်​ survival game ဆိုတာနဲ့အညီ အ​တော်​အသင့်​​တော့ ခက်​ခဲသင့်​တယ်​မဟုတ်​လား။ ကျွန်​​တော်​တို့ စမ်း​ဆော့ကြည့်​တဲ့အခါမှာ အံ့သြဖွယ်​​ကောင်း​လောက်​​အောင်​ ဆွဲ​ဆောင်​​စေတဲ့ game ​လေးပါပဲ။

RuneScape
Price: Free

RuneScape ဆိုတာက ​တော့ actual RuneScape gameရဲ့ က​နေလာတဲ့game တစ်​ခုပါ.PC version နဲ့အတူ actual game က play elements ​တွေနဲ့ cross -platform play ပုံစံ မျိုးဖြစ်​ပါတယ်​။PC version နဲ့ တန်းတူညီတဲ့ graphics ​တွေနဲ့မို့ကြည့်လို့တော်တော်ကောင်းတယ်။ ​Beta version game ဖြစ်​တဲ့အတွက်​ လက်​ရှိ Runescape players ​တွေပဲ ကစားနိုင်​ပါလိမ့်​မယ်​။ဒါ​ကြောင့်​အို့ကျွန်​​တော်​တို့က​တော့စမ်းကစားခွင့်​မရလိုက်​ပါဘူး။ သို့​သော်​ငြားလည်း developers ​တွေ က​တော့ Google Play descriptionမှာ known bugs ​တွေကို list လုပ်​ထားပါတယ်​။ Players ​တွေက​တော့ beta release တစ်​ခုအတွက်​ Port ကဘယ်​​လောက်​​ကောင်း​ကြောင်း post တင်​ထားကြပါတယ်​ ။ချက်​ချင်း​ဆော့လို့ရ​သေးမှာမဟုတ်​​ပေမဲ့ တရားဝင်​ ဖွင့်​လှစ်​လိုက်​တဲ့အထိ​တော့​စောင့်ရဦးမှာပါ။

Skylanders: Ring of Heroes
Price: Freemium

Skylanders Ring of Heroes Com2uS က ​နောက်​ဆုံးထွက်​ရှိထားတဲ့game ဖြစ်​ပါတယ်​။နာမည်​ကြီးတဲ့ Summoners War ရဲ့ developers ​တွေလဲဖြစ်​ပါတယ်​။ဒီ game ကို mention ရတဲ့ အ​ကြောင်းအရင်းက​တော့ နှစ်​ခုက ဆင်​တူလို့ပါပဲ။ Elements ၁၀မျိုး က characters ၈၀ ​ကျော်​ကို collect လုပ်​လို့ရပါတယ်​။Elements ​တွေ အားလုံးမှာ weakness ​တွေ နဲ့ တချို့battle ​တွေမှာ အကူအညီ​ဖြစ်​​စေတဲ့ strength ​တွေရှိတယ်​။Story mode ,PvP areana နဲ့ character development system လဲပါဝင်​ပါတယ်​။ကျွန်​​တော်​တို့က​တော့ energy သုံးရတာသိပ်​မကြိုက်​ပါဘူး။သုံးလိုက်​ရတာ မြန်​​ပေမဲ့ fill up ပြန်ုဖစ်​ဖို့က​တော်​​တော်​ကြာပါတယ်​။အချိန်​အကြာကြီး ​ဆော့ရတာထက်​စာရင်​ Quick plays ​တွေက ​ကောင်းပါတယ်​။ ဒီဂိမ်းရဲ့ session တစ်​ခုကို ခဏ​လေးပဲ ​ဆော့ရတဲ့အတွက်​ ဂိမ်း​ဆော့ပြီး အချိန်​ကုန်​ရတာကြိုက်​တဲ့သူ​တွေကို​တော့ အကြိုက်​​တွေ့​စေမှာမဟုတ်​ဘူး။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here