Advertisement

HEINEKEN Myanmar မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သော လာဂါအမျိုးအစား ဘီယာအသစ်ဖြစ်သည့် BAWDAR “ဘော်ဒါ” ဘီယာမိတ်ဆက်ပွဲကြီးကို BAWDAR ၏ တရားဝင်  သံတမန် (Brand Ambassador) ဖြစ်သော လေးဖြူမှ ပါဝင်တက်ရောက်ပြီး အခြားအနုပညာရှင်များစွာလည်းတက်ရောက်ခဲ့သည့် BAWDAR ပါတီပွဲကြီး အဖြစ် ဧပြီ ၁၁ရက်နေ့ကခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ BAWDAR ပါတီပွဲကို ရန်ကုန်မြို့၏ အချက်အချာ ကျသော အလံပြဘုရားလမ်းမပေါ်တွင် တည်ရှိသည့် Soho ဘားတွင် ကျင်းပပြုလုပ်ခဲ့ပြီး Heineken မိသားစု၊ အနုပညာ ရှင်များ၊ လူမှုကွန်ယက်တွင် နာမည် ကျော်ကြားသူများ၊ BAWDAR ဘီယာ   ၏ သောက်သုံးကြသူများ၊ ဖြန့်ဖြူးရောင်းချသူ များနှင့် ဖိတ်ကြားထားသော မီဒီယာ ဧည့်သည်တော်များမှ တက်ရောက်ခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုများကို နားဆင်ခံစားရင်း၊ သူငယ်ချင်းများ နှင့်အတူ BAWDAR ဘီယာကို သောက်သုံးရင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။

BAWDAR ဘီယာသည် မြန်မာဘာသာစကားလုံးကို ဂုဏ်ယူစွာ အသုံးပြုထားသည့် HEINEKEN Myanmar ၏ ပထမဆုံး ဘီယာအမှတ်တံဆိပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခဲ့ပါသည်။ ‘မိတ်ဆွေ’ ၊‘အပေါင်းအသင်း’ ဟု အဓိပ္ပာယ်ရသော BAWDAR ‘ဘော်ဒါ’ ဘီယာသည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် သာ အထူးသီးသန့်ဖန်တီးထုတ်လုပ်ထားသည့် အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်ပါသည်။ အရည်အသွေး အမြင့်မားဆုံး ဖြစ်သော ပါဝင်ပစ္စည်းများနှင့် ချက်လုပ်ထားသည့် BAWDAR ဘီယာတွင် အယ်ကိုဟော ပမာဏ ၅ ရာခိုင်နှုန်းပါဝင်ပြီး ညီညွတ်မျှတသော လာဂါအမျိုးအစား ဘီယာဖြစ်ကာ နှစ်လိုဖွယ်ကောင်းပြီး လတ်ဆတ်မွှေးပျံ့သော အရသာကို ပေးစွမ်း နိုင်ပါသည်။ ယနေ့ ကျင်းပပြုလုပ်ခဲ့သော BAWDAR ပါတီပွဲတွင် တစ်နိုင်ငံလုံးမှ အားပေးသူ ပရိတ်သတ်အခိုင်အမာ ရရှိ ထားပြီးဖြစ်သော နိုင်ငံကျော် ရော့ခ်အဆိုတော် လေးဖြူကို တရားဝင်  သံတမန် Brand Ambassador အဖြစ် မိတ်ဆက် ကြေညာခဲ့ပြီး လေးဖြူမှလည်း ၎င်း၏တီးဝိုင်းအဖွဲ့နှင့်အတူ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ပါတီပွဲကြီးကို လေးဖြူနှင့် အဖွဲ့သားများမှ အထူးဒီဇိုင်းပြုလုပ်ထားသော ထရပ်ကားကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ထူးခြား ပြောင်မြောက်သော တင်ဆက်မှုတစ်ခုဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။

BAWDAR ပါတီပွဲတွင် လေးဖြူက “ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံက စားသုံးသူတွေနဲ့ တကယ်ဆက်စပ်မှုရှိပြီး စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုတွေကို အားပေးဂုဏ်ပြုတဲ့ BAWDAR ဘီယာလိုမျိုး အမှတ်တံဆိပ် တစ်ခုကို ကိုယ်စားပြုပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဘော်ဒါ အဖွဲ့သားတွေလိုပဲ တခြားသူတွေကလည်း ပျော်စရာကောင်းတဲ့ အချိန် တွေမှာပဲဖြစ်ဖြစ်၊ ခက်ခဲပင်ပန်းတဲ့အချိန်မှာပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အားပေးကူညီဖို့ မှီခိုကြတယ်၊ မျှော်လင့်ကြတယ်ဆိုတာ ကျွန်တော်သိတယ်။ BAWDAR ဘီယာကလည်း ဒီလိုမျိုး ရင်းနှီးမှု တွေကို ကိုယ်စားပြု ရပ်တည်ပေးတဲ့ဘီယာပါပဲ။ ဒီနေ့ပါတီပွဲမှာ ကျွန်တော့် ဘော်ဒါတွေနဲ့အတူ ပါဝင်ဆင်နွှဲရတာ အရမ်း ပျော်ဖို့ကောင်းတယ်၊ ကျွန်တော်တို့ ဖျော်ဖြေသွားတာကိုလည်း အားရတယ်။ ပါတီပွဲ အနေအထားလေးကိုလည်း နှစ်သက် တယ်။ ဘီယာကလည်းကောင်းတယ်လေ။ ကျွန်တော်တို့ တကယ်ကို ပျော်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here