မြန်မာနိုင်ငံအတွက်တော့ မေ လ မှ စက်တင်ဘာလ အထိဟာမိုးရာသီကာလ ဖြစ်တဲ့အလျောက် စိမ်းစိုနေတဲ့ ပတ်ဝန်းကျင် တစ်ခွင်ကို လှည့်ပတ်လေ့လာရင်း ခ ရီးသွား အတွေ့အကြုံကောင်းများစွာကို ဖန်တီးနိုင်တဲ့ ကာလ ဖြစ်ပါတယ်။တစ်နိုင်ငံလုံးမှာ ရှိတဲ့ စိမ်းစိမ်းစိုစိုရှုခင်းတွေ၊မိုးရာသီ ဖြစ်သော်လည်း နေရောင်ခြည်ရဲ့ အနွေးဓာတ် ရရှိနေတဲ့အတွက်မပူမအေးရာသီဥတု ဟာ ခရီးသွားရန်အကောင်းဆုံးကာလဖြစ်လို့နေပါတယ်။
မြန်မာနိုင်ငံအတွင်း မိုးရာသီမှာ ဘာကြောင့်လည်ပတ်သင့်တယ် ဆိုတာကို မိုးရာသီ တွင်း ခရီးသွားရတာကိုနှစ်သက်တဲ့ ခရီးသွား Mr. Edwin Briels က အချက် ၁၀ ချက်နဲ့တကွပြောပြထားပါတယ်။
•စပါးခင်းက အစ သစ်တော အဆုံး စိမ်းစိုနေသောမြင်ကွင်းများကို တွေ့မြင်နိုင်ခြင်း
•မပူမအေး ရာသီဥတု ရှိနေခြင်း
•ဒေသခံတွေကိုဝင်ငွေထောက်ပံ့နိုင်ခြင်း
•နေ့တာရှည်တဲ့အတွက် ရူခင်းတွေကို ပိုမိုထင်သာမြင်သာ တွေ့နိုင်ခြင်း
•ဖုန်မထ ခြင်း
•ရင်သပ်ရှုမောဖွယ်မြင်ကွင်းများ
•အရသာစုံလင်သစ်သီးဝလံများပေါကြွယ်ဝခြင်း
•လာရောက်လည်ပတ်တဲ့ tourist အရေအတွက်နည်းတဲ့အတွက် ဓာတ်ပုံရိုက်ရန်တန်းစီစရာမလိုခြင်း။
•မိမိနှစ်သက်ရာ hotel အခန်းများစိတ်တိုင်းကျ ရွေးချယ်နိုင်ခြင်း
•မိုးရာသီ အထူးလျော့ဈေးနှုန်းများရှိသောကြောင့် ဈေးနှုန်း သက်သာစွာဖြင့် ကောင်းမွန်ဝန်ဆောင်မှု များရ ရှိနိုင်ခြင်း။
မိုးရာသီအတွင်း ခရီးသွားခြင်းက မုန်တိုင်းအန္တရာယ် နဲ့ကြုံတွေ့နိုင်တယ်လို့ ထင်နေကြခြင်းဟာ မှားယွင်းတဲ့ ယူဆချက် တစ်ခုပါပဲ။ လေ့လာတွေ့ရှိချက်အရ အဓိက tourist sites တွေဖြစ်တဲ့ ပုဂံ၊မန္တလေး၊အင်းလေး တို့မှာဆို ရင် မိုးရာသီ တစ်နှစ်ပတ်လုံး ကိုမှ မိုးရွာတဲ့ ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းသာရှိတယ်။ ညနေပိုင်း မိုးတစ်ဖြောက် နှစ်ဖြောက် ရွာတာလောက်ကတော့ အားလပ်ရက်ခရီးစဉ် အတွက်တော့ အနှောင့်အယှက် မဖြစ်စေပါဘူး။
မြန်မာနိုင်ငံတစ်ဝန်းလည်ပတ်မယ့်ခရီးစဉ်ကို စီစဉ်ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နေရာတွေဖြစ်တဲ့ သီပေါ၊ပြင်ဦးလွင်၊ကလော၊လွိုင်ကော်၊ကျိုင်းတုံ စတဲ့နေရာတွေကို လည်ပတ်သင့်ပါတယ်။
မွန် ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှုဟာ အနည်းငယ်များပြားလေ့ရှိတယ် ဒါပေမဲ့ သင့်ရဲ့ ခရီးစဉ်ကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။ရေမျက်နှာပြင် မြင့်တက်ပြီး စပါးခင်းတွေ စိမ်းစိုနေတဲ့ ဇွန်လ လိုအချိန်မျိုးမှာ လယ်ကွင်းတွေကြားထဲဖြတ်ပြီးလှေလှော်ရတာ ဟာ မိုးရာသီ မှာပဲ ပြုလုပ်နိုင်တဲ့ activity တစ်ခုပါ။ငပလီ ကမ်းခြေ သွားခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ အကြောင်းကတော့ နေမပွင့် တဲ့ ကာလ မှာ ကမ်းခြေကို သွား ရတာ ဟာ ကမ်းခြေ အငွေ့အသက်ကို အပြည့်အ၀ ရနိုင်မှာမဟုတ်ပါဘူး။ခြောက်ခြောက်သွေ့သွေ့ နဲ့ နေပွင့် ချိန် ဖြစ်တဲ့ အောက်တိုဘာလ လိုကာလမျိုးမှာသာ ငပလီ ကိုသွားရောက်သင့်ပါတယ်။
Edwin က မိုးရာသီတွင်း သူ့အကြိုက်ဆုံးလည်ပတ်တဲ့နေရာ အဖြစ်တိတ်ဆိတ်ပြီး စိမ်းလန်းတဲ့မြင်ကွင်း တွေနဲ့ပြည့်နှက်နေတဲ့ ပုဂံ ကို ရွေးချယ်ခဲ့ပါတယ်။ပုဂံကို သွားရောက်လည်ပတ်ဖို့အတွက် စရိတ်စခ အများကြီး ကုန်ကျစရာမလိုပါဘူး။သောကြာနေ့ညကားဖြစ်ဖြစ် စနေနေ့ မနက်လေယာဉ်နဲ့ဖြစ်ဖြစ် ပုံဂံသို့ သွားရောက်နိုင်ပါတယ်။အဲ့ဒီနောက် ပုဂံက ဒေသခံလမ်းညွှန်တစ်ယောက်နဲ့အတူတူ လျှပ်စစ်စက်ဘီးစီးရင်း ပုဂံရဲ့ ဖုံးကွယ်နေတဲ့ စေတီပုထိုးတွေကို လှည့်ပတ်ကြည့်ရှုရင်း တစ်နေ့တာကို ကုန်ဆုံးနိုင်ပါတယ်။အဲ့ဒီ စေတီပုထိုးတွေရဲ့ အရှေ့မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေမရှိပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ နံရံဆေးရေးပန်းချီတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။တစ်နေ့တာရဲ့ အဆုံးသတ်မှာတော့ ရှေးဟောင်း ဘုရားပုထိုးတွေကိုနောက်ခံထားပြီး နေ၀င်ချိန် အလှတရားနဲ့ အတူတူ ဓာတ်ပုံ ရိုက်ရင်း သင့်ရဲ့ အချိန်တွေကို ကုန်ဆုံးလိုက်ပါ။Villa bagan ဒါမှဟုတ် Zfreeti တို့မှာ boutique options တွေ ပါ တဲ့ hotels တွေဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ရှုခင်းတွေကို လေ့လာနိုင်ရန် ပုဂံမြို့ပြင်သို့ jeep safari နဲ့ နေ့တစ်ဝက်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်နိုင်ပါတယ်။ ရန်ကုန်သို့ပြန်မယ့်လေယာဉ်ချိန်မတိုင်ခင် ကျန်ရှိနေတဲ့အချိန်တွေကို ရေကူးရင်းကုန်ဆုံးလိုက်ပါ။ဒါမှမဟုတ် တနင်္လာ နေ့ နံနက် ရုံးချိန်အမီ ပြန်လာရမယ်ဆိုရင် ညကား စီးပြီးသာ ပြန်လာနိုင်ပါတယ်။

Khiri Travel ဟာ ခရီး သည်များအတွက် မိုးရာသီ အထူး ပရိုမိုးရှင်း အနေနဲ့ နာရီဝက်ထက်အကြာ မိုးရွာ တိုင်း ဘီယာ အလကားတိုက်တဲ့ အစီအစဉ် ရှိပါတယ်။ Khiri Travel နဲ့အတူ Bagan ကို ခရီးသွားမယ့် Yangon နေနိုင်ငံခြားသားတွေအတွက် ဒီ ပရိုမိုးရှင်းကြီးကို စက်တင်ဘာလ ကုန်အထိ တိုးချဲ့ပေးထားပါတယ်။
Edwin Briels က Khiri Travel ရဲ့ MD တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ခရီးသွား ကုမ္ပဏီ လုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော်လောက် ရှိ သူ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့မြန်မာနိုင်ငံတွင်း ခရီးသွား အတွေ့အကြုံတွေကို monthly column မှာ share လုပ်သွားမှာဖြစ်ပါတယ်။
Khiri Travel
01 375 577
[email protected]
khiri.com