Photo by Anthony Tuil on Unsplash
Advertisement

By Dr Htun Win Lin

လာမယ့်​အပတ်​မှာဆိုရင်​ ကျ​နော်​တို့ မြန်​မာလူမျိုးများရဲ့ အတာသင်္ကြန်​ပွဲ​တော်​ကို ​ရောက်​ရှိလာ​တော့မှာဖြစ်​ပါတယ်​။ ကျ​နော်​တို့ မိဘပြည်​သူများဟာလည်း ခုလို အတာသင်္ကြန်​ အားလပ်​ရက်​များကို ဘယ်​လိုကုန်​ဆုံးကြမလဲဆိုတာ အစီအစဉ်​ဆွဲထားကြပြီးဖြစ်​​နေကြမှာပါ။
တရားစခန်းမှာ တရားအားထုတ်​ကြသူများ၊ ခရီးထွက်​ကြသူများနဲ့ သင်္ကြန်​ပွဲကိုပါဝင်​ဆင်​နွှဲကြသူများ စသည်​ဖြင့်​​ပေါ့။

ခုလို စီစဉ်​ထားကြတဲ့ မိဘပြည်​သူများ အ​နေနဲ့သတိပြုရမှာက​တော့ ပူပြင်းတဲ့ ရာသီဥတုအ​ခြေ​အ​နေဖြစ်​ပါတယ်​။ အားလုံးသိကြတဲ့အတိုင်း အပူပိုင်းရာသီဥတုနဲ့ အသားကျ​နေတဲ့ ကျ​နော်​တို့ နိုင်​ငံရဲ့ ​နွေရာသီဟာ တစ်​နှစ်​ထက်​တစ်​နှစ်​ ပိုပြီးပူပြင်းလာပါတယ်​။ ခုလို ပူပြင်းတဲ့နွေရာသီမှာ အပူဒဏ်​ခံစားရခြင်း ​လျော့ပါး​စေရန်​ ​သတိပြုလိုက်​နာစရာ ကျန်းမာ​ရေးဗဟုသုတ​​လေး​တွေကို မျှ​ဝေ​ပေးလိုပါတယ်​ဗျ။

၁။ ​ရေများများ​သောက်​ပါ

လူတိုင်းသိပြီးသား​ဖြစ်​​နေ​ပေမယ့်​ ပိုပြီးသတိပြုမိ​အောင်​ အ​ရေးကြီးတဲ့အချက်​အဖြစ်​ ​သတိ​ပေးပါတယ်​။ခန္ဓာကိုယ်​မှာ ​ရေဓာတ်​ အလိုအပ်​ဆုံးပါ။ ပူပြင်းတဲ့ ခုလို အချိန်​မှာ​ချွေးထွက်​များပြီး ​ရေဓာတ်​ဆုံးရှုံးတဲ့အပြင်​ ခန္ဓာကိုယ်တွင်းမှဓာတ်​ဆားဓာတ်​များပါ ဆုံးရှုံးတတ်​ပါတယ်​။ အလွယ်​တကူ ပင်​ပန်းနွမ်းနယ်​ခြင်း၊ မူး​ဝေခြင်းတို့ အပြင်​ရောဂါအခံရှိ​​သောလူနာများဆိုလျှင်​ ​ရေဓာတ်​ဆုံးရှုံးမှုကို ပို၍ ခံစားရနိုင်​ပါတယ်​။ဒါ​ကြောင့်​ ​ရေများများ​သောက်​ပါ။ ဒါ့အပြင်​ ဓာတ်​ဆားပါ ​သောက်​ပါ။ အမိုးအကာနဲ့ ​တရားစခန်းမှာ ရှိ​နေသည်​ဖြစ်​​စေ​၊ ခရီးထွက်​​နေသည်​ဖြစ်​​စေ၊​ရေကစား​နေသည်​ဖြစ်​​စေ၊ ​ရေပက်​ခံထွက်​သည်​ဖြစ်​​စေ၊ လမ်း​လျှောက်​သင်္ကြန်​တွင်​ ရှိ​နေသည်​ဖြစ်​​စေ ရေများများ​သောက်​ပါ၊​ ဓာတ်​ဆား​သောက်​ပါ။
(​နောက်​ပိုင်းမှာ ဓာတ်​ဆားရည်​ company များမှ promotion အ​နေနဲ့ အခမဲ့​ဝေတာ​လေး​တွေ ​တွေ့လာရပါတယ်​၊ ​ရေများများ​သောက်​ဖို့ အဆင်​​ပြေလာပါတယ်​)

၂။ အရိပ်​​​အောက်​မှာ တတ်​နိုင်​သမျှ​နေပါ

အပူပြင်းဆုံး ​နေ့ခင်း​နေ့လည်​​များမှာ မဖြစ်​မ​နေ အပြင်​ထွက်​လျှင်​တတ်​နိုင်​သမျှ အရိပ်​​အောက်​မှာ ​နေပါ။ ရေကစားချိန်​၊​ရေပက်​ခံထွက်​ချိန်​တွင်​ ​နေပူမိ​သော်​လည်းးချိန်​တွင်​ အရိပ်​​အောက်​တွင်​ တတ်​နိုင်​သမျှ နားပါ။ ဖြစ်​နိုင်​လျှင်​ မျက်​စိနာခြင်း ကာကွယ်​ရန်​ နေကာမျက်​မှန်​ တပ်​ဆင်​ပါ။ သင်္ကြန်​တွင်း ရေကစားသူများအရိပ်​​အောက်​တွင်​ကစားပါ။


Photo by Boudewijn Huysmans on Unsplash

၃။ အ​ရေပြား ပျက်​စီးမှုကို ကာကွယ်​ပါ

ပို၍ ပူပြင်းလာ​သော ​နေ​ရောင်​ခြည်​​မှာ ပါဝင်​တဲ့ ခရမ်းလွန်​​ရောငြ်​ခည်​ဟာ ပါဝင်​သင့်​တဲ့ပမာဏထက်​ ပိုများလာပါတယ်​။ ဒါ​ကြောင့်​ ​ခရမ်းလွန်​​ရောင်​ခြည်​ ပါဝင်​မှု အများဆုံး အချိန်​​တွေမှာ ပြင်​ပကို သွားလာမှု တတ်​နိုင်​မှုသမျှ ​ရှောင်​ကြဉ်​ပါ။ မဖြစ်​လို့ သွားလာမယ်​ဆိုရင်​ အ​ရောင်​​ဖျော့​သော
ချည်​သား အင်္ကျီ ဝတ်​ဆင်​ပါ၊ UV Protection ပါ​သော ထီး​ဆောင်းပါ၊ တတ်​နိုင်​လျှင်​ sun cream လိမ်းပါ။ဈေးသင့်​ပြီး SPF ပါဝင်​မှုများ​သော Brand ​တွေအများကြီးရှိတဲ့အတွက်​ တတ်​နိုင်​တာ​လေး​တွေနဲ့ကာကွယ်​လို့ရပါတယ်​။ ​ရေခပ်​ခံထွက်​ကြသူများ၊ လမ်း​လျှောက်​သင်္ကြန်​တွင်​ ပါဝင်​ဆင်​နွှဲကြသူများ အဓိကသတိထားအသုံးပြုသင့်​ပါတယ်​။

၎။ အပူအ​အေး မမျှတမှုကို သတိပြုပါ

သင်္ကြန်​တွင်းမဟုတ်​​သော်​လည်း သတိပြုစရာပါ။ ကိုယ်​ပိုင်​ကားစီးသူများ၊ အဲကွန်းဖွင့်​​သော အငှားယာဉ်​များ၊ YBS air-con bus များစီးနင်း​သော ခရီးသည်​များအတွက်​သတိပြုသင့်​ပါတယ်​။ ကား​ပေါ်မတက်​ခင်​ ​ရေများမား​သောက်​ပါ။ ကား​ပေါ်မှ ​နေပူထဲ ပြန်​မထွက်​ခင်​ ​ရေ​သောက်​ထားပါ။ ခန္ဓာကိုယ်​ အပူချိန်​တတ်​နိုင်​သမျှ ရုတ်​တရက်​​ပြောင်းလဲချိန်​တွင်​ ​သွေးလည်​ပတ်​မှု ပုံမမှန်​ဖြစ်​တတ်​ပါတယ်​။ နှလုံးနှင့်​ ဦး​နှောက်​လုပ်​​ဆောင်​မှုများထိခိုက်​တတ်​ပါတယ်​။ ရေကစားသူများ၊​ ရေပက်​ခံထွက်​ကြသူများ အ​နေနှင့်​ ​ရေခဲ​ရေနှင့်​​ရေကစားတာကို သတိပြု​စေလိုပါတယ်​။

မကြာခင်​ ​ရောက်​ရှိလာမည့်​ အတာသင်္ကြန်​ပွဲတွင်​ ကျန်းမာ​ပျော်​ရွှင်​စွာ ဆင်​နွှဲနိုင်​ပြီး နှစ်သစ်​ကို ကြိုဆိုနိုင်​ပါ​စေ။

(ဒေါက်တာထွန်းဝင်းလင်းသည် CBL Chemo Centre ၌အလုပ်လုပ်နေသောဆရာဝန်တဦးဖြစ်ပြီး ဤဆောင်းပါးအားမေတ္တာဖြင့်ကူညီရေးသားပေးသူဖြစ်ပါသည်။)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here