Advertisement

ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေ အထူးသဖြင့်နိုင်ငံခြားကမိတ်ဆွေတွေကို မြန်မာနိုင်ငံအနှံ့လှည့်လည်ပြသချင်တယ်။ ဒါပေမယ့် ရောက်ဖူးပြီးသားသွားဖူးပြီးသားနေရာတွေမဟုတ်ဘဲ လူသိပ်မသိသေးတဲ့နေရာတွေနဲ့ လည်လို့ကောင်းမယ့်နေရာတွေကိုလည်းပြချင်တယ်ဆိုပါတော့။ အဲ့ဒီအခါမှာသင့်အနေနဲ့ခရီးသွားအေဂျင်စီတခုခုနဲ့ချိတ်ဆက်ပြီးသွားရင်တော့ အစစအရာရာသူတို့ကိုပြောပြပြီး အေးအေးဆေးဆေးလိုက်ပါသွားရုံပါပဲ။ ဒါမဟုတ်ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်သွားချင်ရင်တော့ ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကြိုစီစဉ်ထားမှ တကယ်သွားတဲ့အခါအခက်အခဲမတွေ့မှာပါ။ Khiri Travel Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာ Edwin Briels ကလာမယ့်မုတ်သုန်ရာသီမှာခရီးထွက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အခုလိုလမ်းညွှန်ပေးထားပါတယ်။

မွန်နှင့်ကရင်ပြည်နယ်

ဘားအံ – ဇွဲကပင်တောင် (Khiri Travel)

  • မကြာသေးခင်ကမှရှာဖွေတွေ့ရှိခဲ့တဲ့ ရေဂူကိုလေ့လာပါ၊ နေ၀င်ချိန်ဆိုထောင်နဲ့ချီတဲ့ လင်းနို့တွေပျံသန်းနေတာကိုတွေ့ရမယ်။
  • ဇွဲကပင်တောင်တက်ပါ။
  • စပါးခင်းတွေထဲမှာလှေလှော်ပါ၊ သန်လွင်မြစ်ပေါ်မှာလှေစီးပါ၊ ဦးနာအောက်ရွာကလည်းလည်လို့ကောင်းပါတယ်။
  • ဒေသခံအိမ်ချက်ဟင်းလျာတွေကိုမြည်းစမ်းကြည့်ဖို့မမေ့ပါနဲ့။
  • ရန်ကုန်ကိုရထားစီးပြန်ရင်း လမ်းတလျှောက်ကရှုခင်းတွေကိုခံစားပါ။

ကယားပြည်နယ်နှင့် ဆမ်ကာကန်

  • ကယားလူမျိုးစုတွေနဲ့ဆက်ဆံစကားပြောကြည့်ပါ၊ မျိုးနွယ်စုအထိမ်းအမှတ်ကျောက်တိုင် တွေအကြောင်းလေ့လာပါ။
  • ကယားအရက်ကိုဝက်အူချောင်းနဲ့မြည်းပါ။
  • လီဆူးမျိုးနွယ်စုတွေနေတဲ့နေရာကိုသွားလည်ပါ၊ ဖယ်ခုံကန်အလယ်ကကျွန်းလေးပေါ်မှာ နေ့လယ်စာစားပါ။
  • ဘုရားတောင်ဘုန်းကြီးကျောင်းကိုသွားလေ့လာပါ၊ ရှေးဟောင်းစေတီတွေကိုပါ ဖူးတွေ့နိုင်ပါတယ်။

အပူပိုင်းဒေသ

By Khiri Travel
  • ရေနံချောင်းမှာငါးမျှားပါ။
  • စလေကမြစ်ကမ်းဘေးမှာတည်ဆောက်ထားတဲ့ တည်းခိုခန်းမှာမတည်းချင်ရင် ဒေသခံတွေနဲ့အတူနေတဲ့ homestay project ကိုအားပေးလို့ရပါတယ်။
  • ပုဂံခေတ်ကစေတီတွေနဲ့ ကိုလိုနီအဆောက်အအုံတွေကိုသွားလည်ပါ၊ ရုပ်စုံကျောင်းကသစ်ထွင်းရုပ်တွေကိုလေ့လာပါ။
  • မင်းဇွန်တောင်မှာမျိုးသုဉ်းလုနီးဖြစ်လို့ကာကွယ်စောင့်ရှောက်ထားရတဲ့ ကြယ်လိပ်တွေကိုသွားကြည့်ပါ၊ ဘေးမဲ့တောကိုတောခေါင်းတယောက်ယောက်ရဲ့အကူအညီနဲ့လည်ပတ်ပါ။
  • ကျွဲကောင်ရေ ၁၀၀၀ရှိတဲ့ရွာကိုလျှောက်လည်ရင်း ရန္တပိုအိုးလုပ်နည်းသင်ယူလို့လည်းရပါတယ်။

ရှမ်းပြည်နယ်

  • သီပေါမှာခရီးကြမ်းနှင်ပြီးဂုတ်ထိပ်တံတားပေါ်မှာရထားစီးပါ။
  • တောင်ကြီးကနေကျိုင်းတုံကိုသွားပြီးအမျိုးမျိုးသောလူမျိုးစုတွေကိုလေ့လာနိုင်ပါတယ်။
  • ရွာငံနားကဓနုတို့ရဲ့နယ်မြေကိုသွားလည်နိုင်သလို ပင်းတယနားကလူသွားလေ့မရှိတဲ့လမ်းကြောင်းတွေကနေခရီးသွားရင်းပတ်ဝန်းကျင်သစ်ကိုစူးစမ်းကြည့်ပါ။

မြန်မာနိုင်ငံကိုအခုမှလာမယ့်ခရီးသွားတွေဆိုရင်တော့ ဒီနေရာတွေကိုခေါ်သွားတာမမှားပါဘူး။

ပုဂံ

ပုဂံမှာ e-bike စီးပါ (Khiri Travel)

  • ဘုရားစေတီတခုနဲ့တခုကြား e-bike နဲ့ မြင်းလှည်းစီးပြီးသွားပါ။
  • ဘုရားဖူးလို့ဝသွားတဲ့အခါကျေးလတ်လူနေမှုဘ၀ကိုလေ့လာပါ။
  • နေ၀င်ချိန်ကိုကြည့်ဖို့မမေ့ပါနဲ့။

ကလော

  • Green Hill Valley ဆင်စခန်းကိုသွားလည်ပါ။
  • အင်းလေးကန်ကိုစက်ဘီးစီးပါ၊ သွားတဲ့လမ်းတလျှောက်ကရှုခင်းတွေကြည့်ပါ။
By Khiri Travel

အင်းလေးကန်

  • ကန် ၃ကန်ကိုလျှောက်လည်ပါ။
  • အနီးအနားမှာတောင်တက်လို့လည်းရပါတယ်။

Edwin Briels က Khiri Travel ရဲ့ MD တစ်​​ယောက်​ဖြစ်​ပြီး မြန်​မာနိုင်​ငံအတွင်း ခရီးသွား ကုမ္ပဏီ လုပ်​ငန်းအ​တွေ့အ​ကြုံ ၁၅ နှစ်​​ကျော်​​လောက်​ရှိသူတစ်​ဦးဖြစ်​ပါတယ်​။ သူ့ရဲ့မြန်​မာနိုင်​ငံတွင်း ခရီးသွား အ​တွေ့အကြုံ​တွေကို Myanmore ပရိသတ်တွေကိုမျှဝေပေးလျက်ရှိပါတယ်။

Khiri Travel
01 375 577
[email protected]
khiri.com

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here