Advertisement





Unicode Version…
မြန်မာအမျိုးသမီးခေါင်းဆောင်များနှင့် Audi ၏ တစ်ရက်တာခရီးစဉ်

Myanmar Women Leaders Program 2019 ရဲ့ ဥရောပခရီးစဉ်ကို Audi Myanmar မှလည်း တစ်ရက်တာ ဧည့်ခံကြိုဆိုခဲ့ပါတယ်။ Audi ဟာ မြန်မာနိုင်ငံမှာ မကြာခင် Showroom ဖွင့်လှစ်တော့မယ့် ဂျာမနီထိပ်တန်း ကားကုမ္ပဏီဖြစ်ပါတယ်။

Audi အနေနဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်မယ့် မော်ဒယ်သစ်များဖြစ်တဲ့ A5, A6 နှင့် A8L ကားများကို ပြသခဲ့ပြီး ဂျာမနီနိုင်ငံရဲ့ လှပတဲ့လမ်းမတွေပေါ်မှာ တစ်ရက်တာ စမ်းသပ်မောင်းနှင်ခဲ့ကြပါတယ်။

စမ်းသပ်မောင်းနှင်ခြင်းခရီးစဉ်မှာ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များကို မြူးနစ်ကနေ Audi ပြတိုက်တည်ရှိရာ အင်ဂိုစတက်ထိ ပို့ဆောင်ခဲ့ပြီး နေ့လည်စာကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ပြီးနောက် ဗယ်ဟာလာမြို့နှင့် ရီဂျန်စဘတ်မြို့များကို လည်ပတ်ခဲ့ကြပြီး Audi ရဲ့ သက်တောင့်သက်သာရှိတဲ့ နည်းပညာမြင့်ကားတွေနဲ့ (၁၄) နာရီ ပျော်ရွင်စွာလည်ပတ်ခဲ့ကြပါတယ်။

စမ်းသပ်မောင်းနှင်ခဲ့တဲ့ ကားများမှာ ဇိမ်ကျစွာစီးနင်းနိုင်တဲ့ နည်းပညာမြင့်ကားများဖြစ်ပြီး A8L မော်ဒယ်ကတော့ နောက်ဆုံးပေါ်နည်းပညာနဲ့ အလွန်သက်တောင့်သက်သာရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Audi ရဲ့ L Version ဟာ Extra Long ကို ရည်ညွှန်းပြီး ကားနောက်ခန်းမှာ ကျယ်ဝန်းတဲ့ဧရိယာနဲ့ စီးနင်းသူတွေအတွက် TV Screen နှစ်ခုပါဝင်ပါတယ်။

Thanks to Sixt Car Rental for pulling of the arrangement of all the cars! The best car rental in the world!

#mwlp2019 #myanmarwomenleaders #audimyanmar
#DriveMagazineMyanmar #sixt

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here