Advertisement

ွBy Gam Seng Maw

ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ ဘရစ်နီစပိးယားစ်ဟာဆိုရင် ၁၉၉၈ကနေ ၂၀၁၀ထိ ပေါ့ပ်ဂီတလောကကို ခြယ်လှယ်ခဲ့သူလေးပါ။ ဗိုက်သားလှလှလေးတွေကို လှုပ်ပြီး ကပြတတ်တဲ့ သူမဟာ အောင်မြင်ခဲ့တုန်းက သူမကို ယှဉ်ပြိုင်နိုင်ခဲ့တဲ့ နာမည်ကျော်တစ်ယောက်မှ မပေါ်ခဲ့ပါဘူး။ အဲဒီလို ဒိတ်ဒိတ်ကြဲပေါ့ပ်မင်းသမီးလေးအကြောင်းကို အနည်းနဲ့အများတော့ လူတွေသိကြပေမယ့် လူတိုင်းမသိခဲ့တဲ့ သူ့အကြောင်းတွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

သူမဟာ ကျွမ်းဘားသမားဖြစ်ပါတယ်။

ဘရစ်နီစပီးယားစ် ငယ်ငယ်တုန်းက ကျွမ်းဘားအားကစားကို ကျွမ်းကျွမ်းကျင်ကျင်ကစားခဲ့သူပါ..သူမဟာ ကျောင်းက ကျွမ်းဘားပြိုင်ပွဲတွေကို ၀င်ရောက်ပြိုင်ခဲ့ဖူးပါတယ်။ ဒါကတော့ သံသယရှိစရာမလိုပါဘူး။ သူရဲ့ instagram ..fb တွေမှာ တင်ထားတဲ့ လေ့ကျင့်ခန်း ဗီဒီယိုတွေမှာ သူမရဲ့ ကျွမ်းဘားစကေးတွေ ပြသလေ့ရှိပါတယ်။

Pop Groupတစ်ခုထဲ ၀င်ခဲ့ဖူးပါတယ်။

သိကြတဲ့အတိုင်းပဲ ဘရစ်နီစပီးယားစ်က solo artistတစ်ယောက်ပါ။ ဒါပေမဲ့ သူမရဲ့ဂီတလမ်းကြောင်းအစမှာ”Innocence”ဆိုတဲ့ပေါ့ပ်ဂီတအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါခဲ့ဖူးပါတယ်။ ဒါပေမဲ့ soloအနေနဲ့အနုပညာလှုပ်ရှားတာက သူမအတွက်အကောင်းဆုံးဆိုတာ သိခဲ့တဲ့အတွက် အဲဒီအဖွဲ့က ထွက်ခဲ့ပါတယ်။ 

အိမ်ထောင်နဲ့ အခြေတကျနေချင်ရှာသူလေး

အခြားအနုပညာရှင်တွေလို မဟုတ်ပဲ ဘရစ်က ငယ်ငယ်လေးကတည်းကနေ မိသားစုဘ၀ကို တည်ဆောက်ခဲ့ချင်တာပါ။ သူမ ဒိတ်ဒိတ်ကြဲ အောင်မြင်နေချိန် ၁၇နှစ်အရွယ်ကတည်းက အင်တာဗျူးတစ်ခုမှာ “နောက်လေးနှစ်လောက်ဆိုရင် ကျွန်မက ကလေးနဲ့ကိုယ်ပိုင်မိသားစုဘ၀နဲ့ဖြစ်ချင်တယ်” လို့ပြောခဲ့တာပါ။ သူမအိမ်ထောင်ကျပြီး ကလေးယူတော့ ၂၃နှစ်ပဲ ရှိပါသေးတယ်။

သရုပ်ဆောင် ဇမခေသူ 

သူမက နာမည်ကျော် “Notebook” အချစ်ဇာတ်ကားမှာ သရုပ်ဆောင်ဝင်အရွေးခံလိုက်သေးပါတယ်။ ၂၀၀၄တုန်းကထွက်ရှိခဲ့တဲ့ ဒီနာမည်ကျော်အချစ်ဇာတ်လမ်းရဲ့ မင်းသမီးနေရာမှာ ပျိုမြစ်နုနယ်နေတဲ့ ဘရစ်နီကို မြင်ယောင်ကြည့်မိတော့ အရမ်းလိုက်နေသလိုပါပဲ။ ပြီးတော့ ၂၀၀၂တုန်းက “Crossroads”ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မင်းသား William နဲ့ ဘာညာဇာတ်လမ်းဖြစ်ခဲ့ပါတယ်

ဘရစ်နီကို ပေါ့ပ်မင်းသမီးလို့ခေါ်ကြပေမဲ့ တကယ်ကို တော်ဝင်မင်းသမီးဖြစ်သွားတော့မလို ဖြစ်ခဲ့သေးပါတယ်။ ဗြိတိန်ရဲ့တော်ဝင်မင်းသား William နဲ့ ဘရစ်နီဟာ အီးမေးလ်ကနေအပြန်အလှန် အဆက်အသွယ်ရှိခဲ့ကြတယ်လို့ သတင်းရင်းမြစ်တော်တော်များများ ဖော်ပြခဲ့ကြပါတယ်။ ဒီအကြောင်းကို နှစ်ဖက်လုံးက ငြင်းလည်းမငြင်း၊ ၀န်လည်းမခံကြပေမဲ့ Britney က “Email my heart” ဆိုတဲ့သီချင်းကိုတော့ သီဆိုခဲ့ပါတယ်။ 

ရေမွှေးဈေးကွက်မှာလည်း ကြီးစိုးတဲ့ သူမ

ဒီမမကြီးက အဆိုနဲ့ ဖျော်ဖြေရေးဘက်မှာပဲ အောင်မြင်တယ်လို့ မထင်စေလိုပါပေါ့။ ၂၀၀၄ခုနှစ်ကနေ စထုတ်လုပ်ခဲ့တဲ့ သူမရဲ့ နာမည်နဲ့ ရေမွှေးတွေဟာ အခုဆိုရင် ပုလင်းပေါင်း သန်းငါးရာကျော်ရောင်းချခဲ့ရပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ၀င်ငွေရခဲ့ပါတယ်။

သူမရဲ့ နာမည်ကြီးသီချင်းအချို့ ဟာ အခြားသူတွေဆိုဖို့ရေးခဲ့တာပါ

ဘရစ်နီလို့ရယ် ဖြစ်စေလာတဲ့ ” Baby One More Time” သီချင်းဟာ အမှန်တကယ်တော့ သူမအတွက် ရေးပေးခဲ့တာ မဟုတ်ပါဘူး။ နာမည်ကြီးတေးရေးဆရာ Max Martin က ဒီသီချင်းကို ယောက်ျားလေးအဆိုတော်တစ်ယောက်အတွက်ရေးပေးခဲ့ပေမယ့် အဲဒီတစ်ယောက်က ဒီသီချင်းကို မကြိုက်ခဲ့လို့ပယ်ခဲ့ပါတယ်။ ဘရစ်နီကတော့ demo ကို နားထောင်မိလိုက်ကတည်းက ဒီသီချင်းကို ဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တော့လည်း ဒီသီချင်းနဲ့ ကမ္ဘာကျော်သွားခဲ့ပါတယ်။ ပြီးတော့ သူရဲ့နာမည်ကျော် Toxic သီချင်းဆိုရင်လည်း အဲဒီသီချင်းကို မဆိုဖြစ်ခဲ့တဲ့ အဆိုတော် Kylie Minogue က နောင်တရမိတယ်လို့ ပြောခဲ့ပါတယ်။ အလားတူပဲ “I’m a slave for you” ဆိုတဲ့သီချင်းဆိုရင်လည်း Jacknet Jackson က ငြင်းခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ 

အခုဆိုရင်ဘရစ်နီရဲ့လူသိနည်းတဲ့အချက်တော်တော်များများသိလောက်ပြီလို့မျှော်လင့်ပါတယ်။ ဒီထဲမှာမပါတဲ့အချက်အလက်တွေရှိသေးရင်လည်း comment မှာပြောသွားကြပါဦးနော်။

By Gam Seng Maw

Ref: insider.com

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here