Advertisement

ဝါကျွတ်တဲ့အခါမင်္ဂလာဆောင်မယ်လို့စိတ်ကူးနေကြတဲ့မောင်နှံတွေအတွက် Hotel Wedding တွေကိုစုစည်းဖော်ပြဖေပးလိုက်ပါတယ်။ တသက်မှာတခါကြုံရမယ့်မင်္ဂလာအချိန်အခါအတွက် ရွေးချယ်မှုမှန်ကန်ဖို့တော့လိုမယ်နော်။

Celebrations Wedding Fair 2019

Sedona Hotel Yangon က Celebrations လို့အမည်ပေးထားတဲ့ (၅) ခုမြောက် Wedding Fair ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆန်းသစ်လှပတဲ့သတို့သမီးဝတ်စုံပြပွဲအပါအ၀င်၊ ပရိုမိုးရှင်း၊ လက်ဆောင်တွေနဲ့ မင်္ဂလာမောင်မယ်တွေအတွက်ကံစမ်းမဲတွေအကြောင်းကိုကြေညာပေးသွားမှာပါ။ Sedona မှာလူ ၅၀၀ကျော်ဧည့်ခံနိုင်တဲ့ Grand Ballroom အပြင် လူ ၂၀၀လက်ခံနိုင်တဲ့ Yankin Ballroom စသဖြင့်ကိုယ်ဖိတ်ကြားမယ့်ဧည့်သည်အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်စရာတွေစုံလင်ပါတယ်။ ခန်းမတွေအားလုံးဟာ မြန်မာ့ရိုးရာလက်မှုပညာတွေနဲ့အလှဆင်ထားတာမို့ သင့်ဘ၀ရဲ့အရေးကြီးဆုံးအချိန်ကို အမှတ်တရတခုအဖြစ်ဖန်တီးဖို့အသင့်လျော်ဆုံးဖြစ်မှာပါ။

Wedding Planner: +95 9 420 271 417
Email: [email protected]

JUL27 (Sat 10:00 AM)
JUL28 (Sun 10:00 AM)

Sedona Hotel Yangon
No. 1 Kaba Aye Pagoda Road, Yankin Township, Yangon

Meliá Yangon

Meliá Yangon မှာ မင်္ဂလာပွဲတွေအတွက်လူဦးရေ ၃၀၀ မှ စတင်ပြီး လူဦးရေ ၆၀၀ ကျော်အထိ တပြိုင်တည်း ဧည့်ခံနိုင်တဲ့ Grand Ballroom ကြီးနဲ့ လူဦးရေ အနည်းဆုံး ၁၀၀ မှ ၂၀၀ ကျော်ထိ တည်ခင်း ဧည့်ခံနိုင်တဲ့ Inya Ballroom တို့ရှိပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ခန်းမအတွင်း စင်မြင့်၊ မင်္ဂလာ လျှောက်လမ်း၊ ခန်းမအဝင် ပန်း အပြင်အဆင်များလည်း ပါဝင်မှာဖြစ်ပြီး ပရောဂျက်တာ အခမဲ့အသုံးပြုခွင့်၊ မင်္ဂလာကိတ်နှင့် မိတ်ကပ်ခန်းအသုံးပြုခွင့်တွေလဲပါဝင်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များ အတွက်လည်း Tea Reception အနေနဲ့ Package ၃ မျိုး ကို ရွေးချယ်နိုင်မှာဖြစ်ပြီး Dinner Package အနေနဲ့လည်း Package ၂ မျိုးကို မင်္ဂလာမောင်နှံ မှ စိတ်တိုင်းကျ ရွေးချယ်နိုင်ဦးမှာပဲဖြစ်ပါတယ်။ မင်္ဂလာ မိတ်ကပ်နှင့် ဝတ်စုံ၊ အခမ်းအနားမှူး၊ ဓာတ်ပုံနှင့် ဗီဒီယို၊ တီးဝိုင်းအဖွဲ့များကိုလည်း လိုအပ်သလို အကြံပြု ကူညီဆောင်ရွက်ပေးသွားဦးမှာပါ။

ဇွန်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက် အတွင်း မင်္ဂလာပွဲအတွက် ကြိုတင် စာရင်းပေးသူများ အနေနဲ့ အထူးဆု ဒေါ်လာ ၁၀၀၀ အပါအဝင် ဒေါ်လာ ၇၀၀၊ ဒေါ်လာ ၅၀၀ စတဲ့ Gift Voucher များကို ကံစမ်းနိုင်မယ့် အခွင့်အရေးကိုလည်းရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားသော လူဦးရေ အတိုင်း ကြိုတင် စာရင်းပေးသွင်းပါက မုန့် ၁ မျိုး အပိုထပ်ဆောင်းပေးခြင်း၊ Premium Lake View (သို့) Junior Suite မှာ တစ်ညတာ တည်းခိုခွင့်၊ ယခင် အမြင့်ဆုံး Package မှာသာ ရရှိတဲ့ အခွင့်အရေးဖြစ်တဲ့ Pre Wedding ရိုက်ကူးခွင့်ပြုခြင်းနှင့် အခြား အခွင့်အရေးပေါင်းများစွာကိုလည်း ခံစားခွင့်ရမှာပဲဖြစ်ပါတယ်။ ကံထူးရှင်များကို ၂၀၁၉ အောက်တိုဘာလ ပထမအပတ်ထဲတွင် မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး Meliá Yangon ရဲ့ Facebook စာမျက်နှာတွင် ဖော်ပြ ကြေငြာပေးသွားမှာပါ။

ဒီလို ထူးခြားတဲ့မင်္ဂလာလက်ဆောင် အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့ Meliá Yangon ရဲ့ Banquet Showroom သို့မင်္ဂလာမောင်နှံတို့ရဲ့ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးအတွက် ကြိုတင် စာရင်းပေးသွင်းလိုက်ပါ။ အသေးစိတ်အချက်အလက်များအတွက် Meliá Yangon Banquet Showroom သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ ၀၁ ၉၃၄ ၅၀၀၀ (သို့) [email protected] သို့ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

Contact         : David @ Saw Eh Htoo Wah – Marketing & Communications Officer
Phone           : (+95 9) 776 115 157
E-mail            : [email protected]

Lotte Wedding Show 2019

Lotte Hotel Yangon မှာ ဇူလိုင် ၆-၇အတွင်းကျင်းပမယ့် Wedding Show မှာတော့ သတို့သမီးဝတ်စုံဖက်ရှင်တွေကိုတေးဂီတဖျော်ဖြေမှုတွေနဲ့ပြသသွားမှာဖြစ်ပါတယ်။ မင်္ဂလာလက်ဝတ်လက်စားတွေကနေ ဓာတ်ပုံဗီဒီယိုရိုက်ကူးရေး၊ banking နဲ့ အလှအပရေးရာတွေကိုပါ ခင်းကျင်းပြသသွားမှာပါ။ အထူးဈေးနှုန်းတွေနဲ့ wedding package တွေကိုလည်းကြေညာပေးမှာဖြစ်ပြီး lucky draw အစီအစဉ်တွေလည်းရှိပါတယ်။

JUL6 (Sat 10:00 AM – 7:00 PM)
JUL7 (Sun 10:00 AM – 7:00 PM)

LOTTE HOTEL YANGON
No. 82, Sin Phyu Shin Avenue, Pyay Road, 6½ Mile, Ward 11, Hlaing Township, Yangon

Your Wedding at Mercure Yangon Kaba Aye

Mercure Yangon Kaba Aye က Federation Ballroom မှာမင်္ဂလာမောင်နှံတွေအတွက် package မျိုးနဲ့ဝန်ဆောင်မှုပေးနေပြီနော်။ ကိုယ့် budget နဲ့ဧည့်သည်အရေအတွက်အလိုက် Hinthar Maungnan Package၊ Kinnari-Kinnara Package၊ Swel Taw Rwat Package နဲ့ Mercure Dinner Package ဆိုပြီးရွေးချယ်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ 01650933 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Mercure Yangon Kaba Aye
17, Kaba Aye Pagoda Road, Yankin Tsp, Yangon

Love To Love Wedding Fair at The Strand Yangon

The Strand Hotel နှင့် BOOM Event Planning Service (Wedding Doctor) တို့မှ စီစဉ်ကျင်းပသော ဒုတိယအကြိမ်မြောက် Wedding Fair ကို Love to Love Wedding Fair (အချစ်များဆီသို့) ခေါင်းစဉ်ဖြင့် သြဂုတ်လ (၃) ရက် စနေနေ့နှင့် (၄)ရက် တနင်္ဂနွေနေ့တို့မှာ ကျင်းပသွားမှာပါ။

အဆိုပါပွဲတွင် Wedding Studio များ ၊ Wedding Planner များ ၊ Designer များ၊ ပန်ပညာရှင်များ၊ ဖိတ်စာများ၊ မင်္ဂလာဆောင်ပြန်ကမ်းပစ္စည်းများအပြင် မင်္ဂလာပွဲနှင့် ဆက်စပ်သော လုပ်ငန်းများ၊ Honeymoon ခရီးစဉ်များ (Travel & Tours) များ ၊ မင်္ဂလာမောင်နှံများနောင်ရေးအတွက် Insurance လုပ်ငန်းများနှင့် Bank လုပ်ငန်းမြောက်များစွာ ပါဝင်ပြကြမှာဖြစ်ပါတယ်။

ဆိုင်ခန်းများနှင့်ပွဲနဲ့ပက်သက်သော အကြောင်းရာများ သိရှိလိုပါက BOOM Wedding Doctor Page Chat Box နှင့် 09-893017082 09-893017048 09-893017302 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Aug 3 at 9 AM – Aug 4 at 7 PM

Strand Hotel, Yangon, Myanmar
92 Strand Road, Yangon

Visit Chatrium at Myanmar Wedding & Beauty Expo 2019

လာမယ့် ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တပ်မတော်ခန်းမမှာကျင်းပမယ့် Myanmar Wedding & Beauty Expo 2019 မှာ Chatrium ဟိုတယ်မှ မကြာခင် ထိမ်းမြားလက်ထပ်ကြတော့မယ့် မင်္ဂလာမောင်နှံများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အထူးလျှော့ဈေး အစီအစဉ်များနှင့် ပါဝင်သွားမှာပါ။

🌟ပွဲရက်အတွင်း ပထမဆုံး booking confirm ဖြစ်သွားသော မင်္ဂလာမောင်နှံများအတွက် ၂၀% လျော့ဈေး

🌟Chatrium Privilege Member အဖြစ် Register ဝင်သွားသူတိုင်း ၁၀ ဒေါ်လာ Cashback ပြန်ရမည့် အခွင့်အရေး

🌟Chatrium Staycation Package ကို USD 90 တည်းနှင့် လာရောက်တည်းခိုနိုင်မည့် အစီအစဉ်

🌟Chatrium ဟိုတယ်ရှိ စားသောက်ဆိုင်များတွင် (၅) ယောက် လာလျှင် (၄) ယောက်စာသာ ကျသင့်မည့်  “Come 5, Pay 4” Gift Vouchers များရောင်းချပေးမည့် အစီအစဉ် တွေပါဝင်မှာဖြစ်ပြီး  (၃) ရက်တည်းသာ အထူးရောင်းချပေးမှာဖြစ်လို့တပ်မတော်ခန်းမက Booth A-11 ကိုသွားရောက်လည်ပတ်ဖို့မမေ့နဲ့နော်။

အသေးစိတ်သိရှိလိုပါက ဖုန်း 01544500 သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

21st – 23rd June 2019 from 9:30 am – 6:00 pm
Tatmadaw Exhibition Hall, Yangon

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here