Advertisement

လတ်တလော Facebook sweetheart ဖြစ်နေတဲ့ Keanu Reeves ကိုကျနော်ကတော့ Matrix ရုပ်ရှင်တွေမှာ စကြည့်ဖူးတာပါ။ သရုပ်ဆောင်ကောင်းရုံသာမကဘဲ အနေအထိုင်တတ်ပြီးယဉ်ကျေးတဲ့အတွက် ပရိသတ်တွေကသူ့ကိုသဘောကျကြပါတယ်။ သူ့ကိုလူတိုင်းလိုလိုသိကြပေမယ့် သူ့ဘ၀ရဲ့လူသိနည်းတဲ့အကြောင်းလေးတွေကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

သွေး ၅မျိုးလောက်နှောတဲ့ Reeves

Reeves ရဲ့အမေ Patricia Taylor ဟာအင်္ဂလိပ်လူမျိုးဖြစ်ပြီး Essex နယ်ကဖြစ်ပါတယ်။ သူ့အဖေ Samuel Nowlin Reeves Jr. ကတော့ဟာဝိုင်ယီမှာမွေးသူဖြစ်ပြီး တရုတ်၊ အိုင်းရစ်ရှ်၊ ဒေသခံဟာဝေယံနဲ့ ပေါ်တူဂီသွေးနှောဖြစ်တယ်။ Reeves ကတော့ Lebanon နိုင်ငံ Beirut မှာမွေးဖွားသူဖြစ်ပါတယ်။

https://www.unbelievable-facts.com/2017/12/facts-about-keanu-reeves.html

အဓိပ္ပာယ်ကောင်းနဲ့လူ

သူ့နာမည် Keanu (ကီအာနူ) ဆိုတာဟာဝေယံဘာသာစကားနဲ့ဆိုရင် “တောင်တန်းတွေကိုဖြတ်တိုက်လာတဲ့လေပြည်အေး” လို့အဓိပ္ပာယ်ရတယ်။ ဒီနာမည်ဟာ သူ့ great-great-uncle ဖြစ်သူ Keaweaheulu ရဲ့နာမည်ကနေဆင်းသက်လာတာပါ။ ဟောလိဝုဒ်ရောက်ခါစကဆိုရင် သူ့နာမည်ကအရမ်းနိုင်ငံခြားဆန်နေတာကြောင့် သူ့အစောပိုင်းရုပ်ရှင်တွေရဲ့ credit scene မှာ K.C. Reeves (Keanu Charles Reeves ရဲ့အတိုကောက်), Norman Kreeves၊ Chuck Spadina စသဖြင့်ဖော်ပြပါတယ်။ နောက်ပိုင်းသူ့ agent တွေနဲ့စကားတော်တော်ပြောပြီးမှသာ အခုသူ့နာမည်ကိုသုံးခွင့်ရတာပါ။

တမူထူးတဲ့ကလေးဘဝ

သူ့အမေဟာတချိန်က showgirl အဖြစ်အသက်မွေးခဲ့ဖူးပြီး အဖေကတော့ မူးယစ်ဆေးရောင်းသူဖြစ်ပါတယ်။ သူတို့နှစ်ယောက် Beirut မှာအိမ်ထောင်ကျပြီး Reeves ကိုမွေးခဲ့တယ်။ အဲ့ဒီနောက် Toronto ဆီပြောင်းလာပြီး အမေဖြစ်သူဟာ costume designer အဖြစ်အသက်မွေးခဲ့ပါတယ်။ သူ့အဖေဟာ Reeves ၃နှစ်သားကတည်းက မိသားစုကိုပစ်သွားခဲ့ပါတယ်။ သူတို့သားအဖနောက်ဆုံးတွေ့ခဲ့ချိန်က Reeves ၁၃နှစ်သားလောက်မှာဖြစ်တယ်။ အဖေဖြစ်သူဟာ ၁၉၉၂မှာမူးယစ်ဆေးဝါးရောင်းမှုနဲ့အဖမ်းခံခဲ့ရပါတယ်။

https://www.unbelievable-facts.com/2017/12/facts-about-keanu-reeves.html

Ice hockey ကစားတာထူးချွန်သူ

Reeves ဟာငယ်ငယ်ကကျောင်းစာမှာမတော်ပေမယ့် ice hockey ကစားတာထူးချွန်တဲ့သူပါ။ ကနေဒါအတွက်နိုင်ငံတော်အဆင့်ယှဉ်ပြိုင်ဖို့စိတ်ကူးခဲ့ဖူးပေမယ့် ဒဏ်ရာရသွားခဲ့တဲ့အတွက် ice hockey ကိုစွန့်လွှတ်လိုက်ရပါတယ်။ သူ့ပထွေး Paul Aaron ဟာ Broadway နဲ့ Hollywood မှာဒါရိုက်တာအဖြစ်အသက်မွေးနေသူဖြစ်တဲ့အတွက် ရုပ်ရှင်အသိုင်းအ၀ိုင်းထဲဝင်ရောက်ဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

ဂီတလောကထဲမှာလည်းကျင်လည်ခဲ့ဖူးသူ

၁၉၉၀အစောပိုင်းမှာ Dogstar လို့ခေါ်တဲ့ punk, metal တီးဝိုင်းတခုမှာဘေ့စ်တီးတဲ့သူအဖြစ်ပါဝင်ခဲ့သလို backup vocal လည်းဆိုဖူးခဲ့တယ်။ သူတို့တီးဝိုင်းဟာ Our Little Visionary နဲ့ Happy Ending ဆိုတဲ့အယ်လ်ဘမ် ၂ခုထုတ်ဖူးပါတယ်။ ၂၀၀၂ခုနှစ်နောက်ပိုင်းမှသာ ရုပ်ရှင်အပေါ်အာရုံစိုက်ဖို့ Reeves ကတီးဝိုင်းကိုစွန့်ခွာခဲ့တာပါ။ သူတို့ live show ကိုအောက်က link မှာကြည့်ရှုနိုင်ပါတယ်။

Wolverine နေရာကသရုပ်ဆောင်ချင်ပါသတဲ့

Buzzfeed နဲ့အင်တာဗျူးတခုမှာ Wolverine ရဲ့နေရာကသရုပ်ဆောင်ချင်တယ်လို့ပြောခဲ့ဖူးပါတယ်။

၈၀ခုနှစ်ကကိုကာကိုလာကြော်ငြာမှာပါခဲ့ဖူးသူ

၁၉၈၃ခုနှစ်ကကိုကာကိုလာကြော်ငြာမှာ စက်ဘီးစီးတဲ့ကောင်လေးအဖြစ်ကြော်ငြာရိုက်ခဲ့ဖူးကြောင်း Reeves က James Corden talk show မှာပြောပြဖူးပါတယ်။ အဲ့ဒီကြော်ငြာက ၃ရက်လောက်ရိုက်ရပြီး ခြေသလုံးမွေးတွေရိတ်ခဲ့ရကြောင်းလည်းပြောသွားပါသေးတယ်။

အချစ်ရေးကံခေခဲ့သူ

Reeves ဟာသူ့ချစ်သူ Jennifer Syme နဲ့ ၂၀၀၀ခုနှစ် ဇန်န၀ါရီလက ကလေးရခဲ့ဖူးပါတယ်။ စိတ်မကောင်းစရာက ၈လနဲ့မွေးတဲ့သူ့သမီးလေးဟာအသေလေးမွေးလာခဲ့တယ်။ ဒီကိစ္စကြောင့်ပဲ သူတို့ချစ်သူနှစ်ယောက်ကြားဆက်ဆံရေးအဆင်မပြေတော့ဘူး။

ပိုဆိုးတာက ၂၀၀၁ခုနှစ် ဧပြီ ၂ရက်နေ့မှာ Syme တယောက် Marilyn Manson ရဲ့ပါတီပွဲကအပြန် ယာဉ်တိုက်မှုဖြစ်ပြီးပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်။ ရဲတွေရဲ့ပြောကြားချက်အရ Syme ဟာထိုင်ခုံခါးပတ်ပတ်မထားသလိုမူးယစ်ဆေးသုံးထားတယ်လို့သိရတယ်။ ခါးနာပျောက်ဖို့နဲ့ စိတ်ကျရောဂါကိုကုသဖို့ဆရာဝန်ပေးထားတဲ့ဆေးတွေကိုလည်းတွေ့ရတယ်။

Reeves and Jennifer Syme

ငွေရေးကြေးရေးအဓိကမထားသူ

သူ့ရုပ်ရှင်တွေပိုကောင်းဖို့သရုပ်ဆောင်ခလျှော့ယူဖို့လည်းဝန်မလေးပါဘူး။ ၁၉၉၇ခုနှစ်က The Devil’s Advocate မှာထုတ်လုပ်ရေးကုမ္ပဏီက Al Pacino ကိုငှားနိုင်ဖို့အတွက် သူ့သရုပ်ဆောင်ကြေးထဲက ဒေါ်လာတသန်းလျှော့ပေးခဲ့တယ်။ ၂၀၀၁ခုနှစ်က Matrix နောက်ဆက်တွဲရုပ်ရှင်တွေမှာ အထူးပြုလုပ်ချက်တွေအတွက်ရင်းနှီးမြှုပ်နှံဖို့ ရုပ်ရှင်လက်မှတ်ရောင်းရငွေထဲကသူရမယ့်ဝေစု ဒေါ်လာ ၃၈သန်းကိုလျှော်ပေးခဲ့ပါသေးတယ်။

ဟောလိဝုဒ်မှာသရုပ်ဆောင်ကြေးအမြင့်ဆုံးရခဲ့တဲ့သူ

ဒီလိုတွေလျှော့ပေးခဲ့ပေမယ့်လည်း တချိန်တည်းမှာပြိုင်တူရိုက်ခဲ့တဲ့ The Matrix Reloaded နဲ့ The Matrix Revolutions နှစ်ကားအတွက်သရုပ်ဆောင်ကြေး ဒေါ်လာသန်း ၃၀နဲ့ ရုပ်ရှင်လက်မှတ်ရောင်းရငွေတွေပါပေါင်းရင် ဒေါ်လာ ၁၅၆သန်းရခဲ့ပါတယ်။ (ရုပ်ရှင် ၂ကားပေမယ့် တချိန်တည်းရိုက်တဲ့အတွက် တကားတည်းအဖြစ်သတ်မှတ်တွက်ချက်ကြခြင်းပါ) သူ့နောက်မှာ ဒုတိယလိုက်သူကတော့ Bruce Willis ဖြစ်ပြီး သူဟာ Sixth Sense အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၁၄သန်း၊ စုစုပေါင်းဝင်ငွေ ဒေါ်လာသန်း ၁၀၀ရခဲ့ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here