Kirin Ichiban က “Explore. Drink Responsibly” အစီအစဉ်ကို မေလ ၃၁ရက်နေ့တွင် Myanmar Brewery Myanmar Ltd ၌ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့အတွက်
- နီးစပ်ရာ Krirn အရောင်းဆိုင်များ နှင့် convenience စတိုးဆိုင်များမှာ Grab ပရိုမိုးရှင်းစတစ်ကာပါ Kirin ပုလင်း (သို့ ) သံဗူးကိုဝယ်ယူလိုက်ပါ။
- ပြီးရင် Sticker ကိုခွာပြီး အထဲမှာရှိတဲ့ နံပါတ် ၁၂လုံးကိုရှာပါ။
- အဲ့ဒီနောက် Kirin Ichiban Myanmar Facebook page ကိုဝင်ရောက်ပြီး Get Started ကိုနှိပ်ပါ။
- Promotion ကိုရွေးပါ။
- Enter Promo Code ကိုနှိပ်ပါ။
- Sticker ထဲမှရရှိတဲ့နံပါတ် ၁၂လုံးပါ Promo Code ကိုရိုက်ထည့်ပြီး Grab Promo Code ကို ရယူလိုက်ပါ။
ရရှိလာတဲ့ Grab Promo Code ကို Grab Application ထဲမှာ ရိုက်ထည့်လိုက်ရင် ရန်ကုန်နဲ့မန္တလေးက ဘယ်နေရာမဆိုခရီးစဉ်တစ်ကြောင်းကို ၅၀၀ကျပ်လျော့ဈေးနဲ့စီးနင်းနိုင်ပါပြီ။ ဒီပရိုမိုးရှင်းက မေလ ၁ရက်နေ့ ကနေ သြဂုတ်လ ၃၁ရက်နေ့အထိပဲဖြစ်ပါတယ်။

Kirin Ichiban ဟာမြန်မာနိုင်ငံဈေးကွက်မှာ ၂၀၁၆ခုနှစ်ကစတင်ဖြန့်ဖြူးခဲ့ပါတယ်။ ဘီယာချက်လုပ်ရာမှာ ရရှိလာတဲ့ပထမဦးရည်ဟာသန့်စင်ပြီးကြည်လင်ပါတယ်။ ဒုတိယဦးရည်ကတော့ခါးသက်ပြီးအရသာပေါ့ပါတယ်။ Kirin Ichiban ဟာသန့်စင်တဲ့ပထမဦးရည်ကိုသာသီးသန့်အသုံးပြုပြီးချက်လုပ်ထားတဲ့ကမ္ဘာ့တစ်ခုတည်းသော ဘီယာဖြစ်ပါတယ်။
Kirin Ichiban ဟာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှာထုတ်ပိုးမှုပုံစံအသစ်၊ အရသာအသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ထုတ်ပိုးမှုပုံစံအသစ်၊ အရသာအသစ်နဲ့ Kirin Ichiban ဟာသောက်သုံးသူများရဲ့ ပိုမိုနှစ်သက်မှုကိုရရှိခဲ့ပြီး ၂၀၁၉ ဇန်န၀ါရီလ မှ ဧပြီလအတွင်း ရောင်းအား ၁၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။